Thursday, November 27, 2025 - 16:00
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်ရှိ ဇီဝိတဒါန သံဃာ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိသော သံဃာတော်များအား ယနေ့နံနက်ပိုင်း တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့် တာဝန်ရှိသူ များက သွားရောက်ကြည့်ရှု၍ ကျန်းမာရေးတိုးတက်ကောင်းမွန်မှုနှင့် ဆေးဝါးကုသမှု အခြေအနေများကို မေးမြန်းလျှောက်ထားပြီး လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေ များ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွက် အာဟာရဖြည့်စား သောက်ဖွယ်ရာများနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

