နိုင်ငံတော်အစိုးရအနေဖြင့် Online လိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်း များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင် ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ် ညှိနှိုင်း၍ အဆိုပါဒုစရိုက်မှုနှိမ်နင်းရေးလုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၄ ရက်၊ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများလုပ်ကိုင်နေသည့် ပြည်ပ နိုင်ငံသား ၂၆ ဦးနှင့် မြန်မာနိုင်ငံသား ၈ ဦးကို အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ပြုလုပ် ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ကျေးသီးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ သည် နိုဝင်ဘာ ၂၄ ရက်တွင် ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့၏ အရှေ့တောင်ဘက် နောင်တောက်ကျေးရွာ၏ အနောက်မြောက်ဘက်နေရာတစ်ဝိုက်သို့ ရောက်ရှိစဉ် မသင်္ကာဖွယ် ရာ အဆောက်အအုံများကို တွေ့ရှိရသဖြင့် ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ အွန်လိုင်းငွေကြေး လိမ်လည်မှုနှင့် လောင်းကစားမှုများ လုပ်ဆောင်နေသည့်နေရာဖြစ်ကြောင်း တွေ့ရှိရပြီး လုပ်ငန်းလုပ်ကိုင်နေကြသူများအား မတွေ့ ရှိရဘဲ အလျား ၄၀ ပေ၊ အနံ ၂၀ ပေ ရှိ ယာယီ လူနေမိုးကာတဲ ၅ လုံး၊ အလျား ၂၀ ပေ၊ အနံ ၁၀ ပေ ရှိ ယာယီလူနေမိုးကာတဲ ၆ လုံး၊ အလျား ၁၀ ပေ၊ အနံ ၁၀ ပေရှိ ယာယီလူနေမိုးကာတဲ ၇ လုံး၊ အလျား ၁၀ ပေ၊ အနံ ၁၀ ပေ ရှိ ရေကန် ၃ လုံး၊ ဝက်ခြံ ၅ ခြံ၊ ကင်းတဲ ၈ လုံး၊ စားဖိုဆောင် ၂ လုံး၊ ပလပ်စတစ်ထိုင်ခုံ ၁၅၀ လုံး၊ မှန်တင်ခုံကြီး ၁ လုံး၊ သစ်သားခုံ ၅ ခုံ၊ မော်နီတာ ၂ လုံးနှင့် Starlink ၁ လုံး တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးလုပ်ငန်းများဆက်လက် ဆောင်ရွက်စဉ် နိုဝင်ဘာ ၂၅ ရက်တွင် မိုင်းနောင်မြို့၏ အရှေ့တောင်ဘက် ကောင်းဟိုင်း ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် ယာယီ အဆောက်အအုံများနှင့် လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများဖြစ်သော အလျား ၇၀ ပေ၊ အနံ ၃၀ ပေရှိ ယာယီလူနေမိုးကာတဲ ၃ လုံး၊ အလျား ၄၀ ပေ ၊ အနံ ၄၀ ပေရှိ ယာယီလူနေမိုးကာတဲ ၂ လုံး၊ အလျား ၂၅ ပေ ၊ အနံ ၁၅ ပေရှိ ယာယီလူနေမိုးကာတဲ ၁ လုံး၊ အလျား ၂၀ ပေ ၊ အနံ ၁၅ ပေရှိ ယာယီလူနေမိုးကာတဲ ၂၈ လုံး၊ မီးစက် ၃ လုံး၊ ရေခဲသေတ္တာအသေး ၁ လုံး၊ Freezer ၁ လုံး၊ Air cooler ၅ လုံးနှင့် လန်ခရူဇာမော်တော်ယာဉ် ၁ စီး တို့ကို ထပ်မံ တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက် ခဲ့ရာ နိုဝင်ဘာ ၂၆ ရက်တွင် မိုင်းနောင်မြို့၏ အရှေ့တောင်ဘက် ဝမ်ကျောင်းကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းဆောင်ရွက်ရန် ဆောက်လုပ်လျက်ရှိသည့် အလျား ၁၅၀ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၁၅ ပေရှိ သွပ်မိုးတဲ(လူမနေ) ၁ လုံး၊ အလျား ၁၂၀၊ အနံ ၃၀ ပေ၊ အမြင့် ၁၅ ပေရှိ သွပ်မိုးအလုပ်ရုံ ၁ လုံး၊ အလျား ၁၅၀ ပေ၊ အနံ ၆ ပေ၊ အမြင့် ၈ ပေရှိ သွပ်မိုးအထပ်သားကာ ၁ လုံး၊ အလျား ၁၅ ပေ၊ အနံ ၆ ပေ၊ အမြင့် ၈ ပေရှိ သွပ်မိုးအထပ်သားကာ ၁ လုံး၊ အလျား ၁၅၀ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၁၅ ပေရှိ သွပ်မိုးတဲ(လူမနေ) ၁ လုံး၊ အလျား ၈၀ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၁၅ ပေရှိ အမိုးအကာမရှိတဲ ၁ လုံး၊ အလျား ၁၀၀ ပေ၊ အနံ ၂၅ ပေ၊ အမြင့် ၁၅ ပေရှိ သွပ်မိုးအထပ်သားကာတဲ ၁ လုံး၊ အလျား ၁၀၀ ပေ၊ အနံ ၂၅ ပေ၊ အမြင့် ၁၅ ပေရှိ အမိုးအကာမရှိပြိုကျတဲ ၁ လုံး၊ အလျား ၁၀၀ ပေ၊ အနံ ၂၅ ပေ၊ အမြင့် ၁၅ ပေရှိ မိုးကာမိုးတဲ ၁ လုံး၊ အလျား ၁၀၀ ပေ၊ အနံ ၂၅ ပေ၊ အမြင့် ၁၅ ပေရှိ မိုးကာမိုးပြိုကျတဲ ၁ လုံး၊ အလျား ၂၀ ပေ၊ အနံ ၁၂၀ ပေ၊ အမြင့် ၁၅ ပေရှိ မိုးကာမိုးအထပ်သားဂိုထောင် ၁ လုံး၊ အလျား ၂၀ ပေ ပတ်လည်သွပ်မိုးအထပ်သားကာ လူနေအိမ် ၁ လုံး၊ အလျား ၁၅၀ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၁၅ ပေရှိ အမိုးမရှိတဲ ၂ လုံး၊ ဂါလံ ၈၀၀ ဆံ့ တိုင်ကီအပြာ ၄ လုံးတို့ကို လည်းကောင်း၊ မိုင်းနောင်မြို့ ၏ အရှေ့တောင်ဘက် နောင်တောက်ကျေးရွာ၏ တောင်ဘက်နေရာတစ်ဝိုက်အား ထပ်မံ၍ရှင်းလင်းရာ အွန်လိုင်း လိမ်လည် လောင်းကစားမှုများ လုပ်ကိုင်နေသူများဖြစ်သည့် တရုတ်နိုင်ငံသား ၂၆ ဦးနှင့် မြန်မာနိုင်ငံသား ၈ ဦး တို့ကို လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ ဖော်ထုတ်ချက်များအရ အဆိုပါကျေးရွာအနီး၌ သိုဝှက်သိမ်းဆည်းထားသည့် MA-1 သေနတ် ၁ လက်၊ MA-13 သေနတ် ၁ လက်၊ AK-12 သေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ wichester 12 v သေနတ် ၁ လက်၊ ၉ မမကျည် ၁၀ တောင့်၊ 12 v ကျည် ၂ တောင့်၊ ၉ မမကျည်အိမ် ၁ ခု၊ AK ကျည်အိမ် ၁ ခု နှင့် ကာဘိုင် ကျည်အိမ် ၁ ခု တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သိမ်းဆည်းရမိပစ္စည်းများ၊ ယာယီလူနေအဆောက်အအုံများ၊ နေရာထိုင်ခင်း များအား မီးရှို့ဖျက်စီးခဲ့ပြီး ဖမ်းဆီးရမိသူများနှင့် ပါဝင်ပတ်သက်သူများအား စနစ်တကျစိစစ် ဖော်ထုတ်ကာ တရားဉပဒေနှင့်အညီ တရားစွဲဆိုအရေးယူဆောင်ရွက်နိုင်ရေးနှင့် ပြည်ပနိုင်ငံ သားများအား လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး ဆောက်ရွက်သွားမည်ဖြစ် ကြောင်းနှင့် လက်နက်ခဲယမ်းများအားလုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

















