KK Park အပိုင်း(၃) နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၁၀ လုံး ထပ်မံဖြိုချဖျက်ဆီး၊ ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံများအား စတင်ချိတ်ပိတ်သိမ်းဆည်း နေပြည်တော်၊ ၂၀၂၅ နိုဝင်ဘာ ၂၇

Thursday, November 27, 2025 - 15:30

မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှု များ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်း တာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့များဖြင့် တရားမဝင် အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းစဉ်များတွင်အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင် အဆောက် အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

 ထိုသို့ အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် မြဝတီ-မဲထော်သလေး (KK Park) နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက် အအုံများကို အပိုင်း()ပိုင်းခွဲ၍ စနစ်တကျ ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်အပိုင်း () နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ ၁၀ လုံးကို ထပ်မံဖြို ချဖျက်ဆီးခဲ့သဖြင့် အပိုင်း()နယ်မြေအတွင်းရှိ အဆောက်အအုံ ၄၂၅ လုံးအနက် ယနေ့အထိ ၁၀၈ လုံး ဖြိုချဖျက်ဆီးခဲ့ကြောင်းနှင့် KK Park နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံး အနက် ၂၅၆ လုံးကို ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရသည်။

အလားတူ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌လည်း ရှင်းလင်းဖော်ထုတ်မှုများကို နိုဝင်ဘာ ၁၈ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင်လည်း ရွှေကုက္ကိုလ်နယ်မြေအတွင်း ရှိ လူနေအဆောက်အအုံများ၊ ဂိုထောင်များ၊ ဈေးဆိုင်ခန်းများ၊ ဟိုတယ်များနှင့် ကေတီဗွီများဖြစ်သော ၁ ထပ် အဆောက်အအုံ ၂ လုံး၊ ၂ ထပ် အဆောက်အအုံ ၁၁ လုံး၊ ၃ ထပ်အဆောက်အအုံ ၄၂ လုံး၊ ၇ ထပ်အဆောက်အအုံ ၁ လုံး၊ ၉ ထပ်အဆောက်အအုံ ၂ လုံးနှင့် ၁၇ ထပ်အဆောက်အအုံ ၁ လုံး၊ စုစုပေါင်း တရားမဝင်အဆောက်အအုံ ၅၉ လုံး တို့ကို ထပ်မံစစ်ဆေးခဲ့ရာ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင် နေသူများကို တွေ့ရှိရခြင်းမရှိဘဲ ဖုန်းမျိုးစုံ ၁၂၀ လုံး၊ ကွန်ပျူတာမျိုးစုံ ၂၁၂ လုံးနှင့် အသုံးအဆောင်ပစ္စည်းများကို စိစစ်တွေ့ရှိခဲ့ပြီး ဖော်ထုတ်ရှင်းလင်းခြင်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည်မှုများ ဆောင်ရွက်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံများအား နိုဝင်ဘာ ၁၈ ရက်မှ စတင်စစ်ဆေးခဲ့ရာ ယနေ့ အထိ တရားမဝင် အဆောက်အအုံ ၁၀၉ လုံးကို တွေ့ရှိရပြီး အဆိုပါအဆောက်အအုံများ အား  ပြန်လည်အသုံးပြုမှုမရှိစေရေးအတွက် သိမ်းဆည်းချိတ်ပိတ်ခြင်းများကို ယနေ့တွင် စတင်ဆောင်ရွက်ကြရာ အဆောက်အအုံ ၂၁ လုံး ချိတ်ပိတ်သိမ်းဆည်းပြီးဖြစ်ကြောင်း သိရှိရသည်။

ရွှေကုက္ကိုလ် နယ်မြေအတွင်း စုစုပေါင်းဖော်ထုတ်ရှင်းလင်းမှုများအရ ယနေ့အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၂၀၄၂ ဦးနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် ကွန်ပျူ တာ ၃၃၁၀ လုံး၊ မိုဘိုင်းဖုန်း ၂၁၈၇၀ လုံး၊ star Link ဘန်း ၁၀၂ လုံး၊ Router ၂၂ လုံးနှင့် လုပ်ငန်းသုံး ပစ္စည်းအများအပြားကို စိစစ်တွေ့ရှိ ဖမ်းဆီးရမိခဲ့ပြီး သိမ်းဆည်းရမိပစ္စည်း များ အား စနစ်တကျဖျက်ဆီးရှင်းလင်းခဲ့ကြောင်းနှင့် ဖော်ထုတ်ရှင်းလင်းခြင်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အဆိုပါနယ်မြေများ၌ ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသားများ ကို မြဝတီမြို့နယ်၊ ပူလွဲပူ ကျေးရွာအုပ်စု၊ ရွှေကုက္ကိုလ်မြိုင်ကျေးရွာအတွင်း လုံထင်းဝန်းရှိ အဆောက်အအုံ၌ ထိန်းသိမ်းထားရှိပြီး တရားမဝင်ပြည်ပနိုင်ငံသား စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးခဲ့ရာ ပြည်ပနိုင်ငံသား ၁၉၅ ဦးကို စစ်ဆေးနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက လိုအပ် သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်းလုပ်ငန်းများ ကို ဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ နိုဝင်ဘာ ၂၇ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၂၈၈၂ ဦး ထိန်းသိမ်း နိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၀၀၂၉ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၈၅၃ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက် ထားရှိကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝ အခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။