(၉)ကြိမ်မြောက် မော်စကိုနိုင်ငံတကာလုံခြုံရေးညီလာခံ (9th Moscow Conference on International Security)၌ "The Asia-Pacific Region in the Context of Global Politics" ခေါင်းစဉ်ဖြင့်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဆွေးနွေးမှု(ကောက်နုတ်ချက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပသည့် (၉)ကြိမ်မြောက် မော်စကို နိုင်ငံတကာလုံခြုံ ရေးညီလာခံ (9th Moscow Conference on International Security)၌ "The Asia-Pacific Region in the Context of Global Politics" ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည်။ အဆိုပါဆွေးနွေးမှုကောက်နုတ်ချက်မှာ-
• (၉)ကြိမ်မြောက်မော်စကိုနိုင်ငံတကာလုံခြုံရေးညီလာခံသို့ တက်ရောက်လာကြသူများအားလုံး မင်္ဂလာ အပေါင်းနှင့်ပြည့်စုံကြပါစေကြောင်း နှုတ်ခွန်းဆက်သအပ်။
• အာရှ-ပစိဖိတ်ဒေသဟာ ပထဝီနိုင်ငံရေးအနေအထားအရ ကမ္ဘာပေါ်တွင်လွန်စွာအရေးပါသော ဒေသ တစ်ခုဖြစ်၊ အာရှ-ပစိဖိတ်ဒေသဟာ ကမ္ဘာ့စီးပွားရေးဈေးကွက်၏ သုံးပုံတစ်ပုံခန့်ကိုလည်း ပိုင်ဆိုင် ထားပြီး အရေးပါတဲ့ အဓိကပင်လယ်ရေလမ်းကြောင်းများ တည်ရှိရာဒေသတစ်ခုလည်းဖြစ်။
• အိန္ဒိယသမုဒ္ဒရာအတွင်း၌ နှစ်စဉ်ရေယာဉ်အစီးပေါင်း ၁၀၀၀၀၀ ကျော် ဖြတ်သန်းသွားလာလျက်ရှိပြီး မလက္ကာရေလက်ကြားတွင် နှစ်စဉ်ရေယာဉ်ပေါင်း ၇၀၀၀၀ ကျော်ဖြတ်သန်းသွားလာလျက်ရှိကာ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ထရီလီယံတန်ဖိုးကုန်စည်စီးဆင်းမှုရှိနေသောကြောင့် ပို့ဆောင်ဆက်သွယ်ရေးတွင် များစွာအရေးပါလျက်ရှိကြောင်း တွေ့ရှိရ။
• ကမ္ဘာ့ရေနံထွက်ကုန် ၈၀ ရာခိုင်နှုန်းခန့်မှာ အိန္ဒိယသမုဒ္ဒရာမှတစ်ဆင့် သယ်ယူပို့ဆောင်လျက်ရှိပြီး ကမ္ဘာ့ကုန်သွယ်မှု၏ ၄၀ ရာခိုင်နှုန်းခန့်သည်လည်း မလက္ကာရေလက်ကြားကို ဖြတ်သန်းသွားလာလျက်ရှိ။
• သို့ဖြစ်၍ အာရှ-ပစိဖိတ်ဒေသဟာ ပထဝီနိုင်ငံရေးနှင့်ပထဝီစီးပွားရေးအရများစွာ အရေးပါလာပြီး ကမ္ဘာ့ စီးပွားရေးဗဟိုချက်(World's Economic Centre of Gravity)တစ်ခုဖြစ်လာသည့်အပြင် ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းသစ်(New World Political Order)တွင်လည်း မဟာဗျူဟာမြောက်အရေးပါတဲ့ ဒေသ တစ်ခုအဖြစ် သတ်မှတ်လာကြ။
• အာရှ-ပစိဖိတ်ဒေသဟာ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနှင့် အခွင့်အလမ်းများအတွက် အဓိကအချက် အချာဒေသတစ်ခုဖြစ်သော်လည်း မဟာဗျူဟာမြောက်ပြိုင်ဆိုင်မှုများကြောင့် ဒေသတွင်းနိုင်ငံရေးနှင့် လုံခြုံရေးကို များစွာသက်ရောက်မှုရှိလာကြောင်း တွေ့ရှိရ။
• အာရှ-ပစိဖိတ်ဒေသအတွင်း မဟာဗျူဟာမြောက်ဖြစ်ပေါ်ပြောင်းလဲလာသည့် လုံခြုံရေးဆိုင်ရာ အခြေအနေ များဟာလည်း ဒေသတွင်းနိုင်ငံများ၏ နိုင်ငံရေးအခြေအနေများနှင့် များစွာဆက်စပ်မှုရှိနေတာကိုတွေ့ရှိရ။
• COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးနှင့်လူသားကျန်းမာရေး (Human Health) အပေါ် သက်ရောက် မှု၊ဆိုက်ဘာနယ်ပယ်နှင့်အဆင့်မြင့်နည်းပညာဖွံ့ဖြိုးတိုးတက်မှု အန္တရာယ်များဟာလည်း နိုင်ငံတိုင်း ရင်ဆိုင်ကြုံတွေ့နေရတဲ့ကိစ္စရပ်များပဲဖြစ်။
• ဒေသတွင်းအုပ်စုဖွဲ့မှုများနှင့် အဆိုပါအုပ်စုများအကြား ပြိုင်ဆိုင်မှုမြင့်တက်လာခြင်းဟာ သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုများအဖြစ် ဖြစ်ပေါ်လျက်ရှိသည့်အပြင် အဆိုပါ ကိစ္စရပ်များမှာ အာရှ-ပစိဖိတ်ဒေသရဲ့ဖွံ့ဖြိုးတိုးတက်မှုများအတွက် စိန်ခေါ်မှုများအဖြစ်လည်း ဖြစ်ပေါ် လျက်ရှိ။
• ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား မဟာဗျူဟာမြောက်အားပြိုင်မှုများတွင် စီးပွားရေးအရ ပေါင်းစည်းမှု ရှိရေး ကြိုးပမ်းအားထုတ်မှုဟာလည်း အာရှ-ပစိဖိတ်ဒေသ၏ ကောင်းမွန်သည့် အနာဂတ်ကိုပုံဖော်ပေး မည့်အချက်တစ်ချက်ဖြစ်။
• အာရှ-ပစိဖိတ်ဒေသအတွင်း စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ခြင်းအားဖြင့် နိုင်ငံများ အကြား မတူကွဲပြားမှုများကို လျှော့ချပေးနိုင်မှာဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာဖြစ်စဉ် (Globalization Process)အား ပြန်လည်ပုံဖော်နိုင်မှာဖြစ်တဲ့အပြင် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် (UN Sustainable Development Goal)အတွက်လည်း များစွာအထောက်အကူရရှိ နိုင်မှာဖြစ်။
• လက်ရှိကာလ၌ အာဆီယံဒေသကြီးအပါအဝင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအများအပြားဟာ နိုင်ငံ့စီးပွားရေး များကျဆင်း၍ အကျပ်အတည်းများနဲ့ရင်ဆိုင်နေကြရလျက်ရှိ။
• သက်ဆိုင်ရာနိုင်ငံများအလိုက် ပြည်သူလူထုအနေဖြင့် စားဝတ်နေရေးအခက်အခဲများနဲ့ ရင်ဆိုင်ကြုံတွေ့ နေကြရတဲ့အတွက် ပြည်သူများရဲ့စားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သလို ကူညီထောက်ပံ့မှုများကိုဦးစားပေးဆောင်ရွက်ပေးသင့်တဲ့ အချိန်အခါလည်းဖြစ်။
• ပြည်သူများ စားနပ်ရိက္ခာဖူလုံမှုရှိစေရန်နဲ့ ၀၀လင်လင်စားသုံးနိုင်ကြစေရန်အတွက် စိုက်ပျိုးရေး ကဏ္ဍတွင် အများပြည်သူတို့ အဓိကစားသုံးသည့်ဆန်နှင့်ဂျုံများ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေး ဦးစားပေး ဆောင်ရွက် သင့်သည့်အပြင် လူသားများရဲ့အခြားသောဖြည့်စွက်စာများကိုလည်း တစ်ဖက်တစ်လမ်းမှ တိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်ရန် ကြိုးစားဆောင်ရွက်သင့်။
• စွမ်းအင်အရင်းအမြစ်များကိုသုံးစွဲရာတွင် ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်သည့် ရေအားလျှပ်စစ်၊ လေအား လျှပ်စစ်နဲ့ နေရောင်ခြည်စွမ်းအင်များကိုလည်း အစားထိုးမျှဝေသုံးစွဲနိုင်ရန် လိုအပ်လျက်ရှိနေ။
• ဒေသတွင်းအုပ်စုဖွဲ့လာမှုများ၊ စစ်ရေးချဲ့ထွင်မှုများ၊ အင်အားကြီးနိုင်ငံများ၏မဟာဗျူဟာနှင့် စီးပွားရေး ဆိုင်ရာပြိုင်ဆိုင်မှုများအပြင် အမျိုးသားအကျိုးစီးပွားအပြိုင်အဆိုင်ဖော်ဆောင်မှုများ၊ လက်နက်အပြိုင် တပ်ဆင်မှုများသည် အာရှ-ပစိဖိတ်ဒေသအတွင်း ပဋိပက္ခများကြီးထွားလာမည့်အခြေအနေများကို တွေ့မြင်နေရ။
• လွတ်လပ်တဲ့နိုင်ငံတိုင်းဟာ အချုပ်အခြာအာဏာကိုယ်စီရှိကြပါတယ်။ နိုင်ငံငယ်တာ၊ ကြီးတာ၊ အင်အား ကြီးတာ၊ အင်အားနည်းတာနဲ့မဆိုင်ပါဘူး။ တူညီတဲ့အခွင့်အရေးရှိကြ။
• ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးအနေဖြင့် မိမိတို့နိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိန်းသိမ်းစောင့် ရှောက်နိုင်ရေးအတွက် လိုအပ်သလိုကြိုးပမ်းဆောင်ရွက်နိုင်တဲ့ အခွင့်အရေးများ ရရှိပိုင်ဆိုင်ထား ကြသော်လည်း အဆိုပါအခွင့်အရေးများကို တလွဲယူဆပြီး အင်အားပြခြိမ်းခြောက်မှုများနဲ့ အခြားနိုင်ငံ များရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိပါးသည့် အပြုအမူများကိုရှောင်ရှားသင့်။
• နိုင်ငံများအနေဖြင့် တစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ တစ်ဒေသနဲ့တစ်ဒေသ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက် ကြရန်လိုအပ်။
• တရုတ်နိုင်ငံအနေဖြင့် ရပ်ဝန်းနှင့်လမ်းကြောင်းစီမံကိန်းကိုဖော်ဆောင်ကာ အာရှ-ပစိဖိတ် ဒေသတွင်းနိုင်ငံ များနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်လျက်ရှိ။
• အာဆီယံဒေသဟာ အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာ ၂ ခုကိုပေါင်းကူး ပေးသည့်နေရာ တွင်ရှိပြီး အင်ဒိုပစိဖိတ်ဒေသ၏ ဗဟိုချက်အဖြစ် တည်ရှိလျက်ရှိ။
• ဒေသတွင်းနိုင်ငံများအနေဖြင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် သာယာ၀ပြောရေးတို့ကို အခြေခံ ရန်လိုအပ်။
• ထို့အပြင် နိုင်ငံများအနေဖြင့် အချုပ်အခြာအာဏာကို အပြန်အလှန်လေးစားမှု၊ နားလည် ယုံကြည်မှုနှင့် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်မစွက်ဖက်ရေးတို့အား လေးစားလိုက်နာ ဆောင်ရွက်သွားရန်လိုအပ်။
• အာရှ-ပစိဖိတ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ညီမျှမှုရှိရေး၊ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်း အားထုတ်မှုများအားဆောင်ရွက်ရာတွင် ပဋိပက္ခ သို့မဟုတ်၊ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်နိုင်သည့် အခြေအနေများကိုရှောင်ရှား၍ ယုံကြည်မှု တည်ဆောက်ရေး ဆိုင်ရာလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင် ရွက်ခြင်း၊
• COVID-19 ကပ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ကာကွယ်ဆေး ထိုးပေးခြင်းကိစ္စရပ်များ အပါအဝင် စစ်ရေးမဟုတ်သောပူးပေါင်းဆောင်ရွက်မှုများကို အခိုင်အမာမြှင့်တင် ဆောင်ရွက်သွား ရမှာဖြစ်။
• နိုင်ငံအချို့အနေဖြင့် တစ်ဖက်သတ်ဝါဒစွဲဖြင့် မတူညီသောနိုင်ငံရေး စနစ်နှင့်အတွေးအခေါ်များအပေါ် လွှမ်းမိုးရန်နည်းလမ်းမျိုးစုံဖြင့် အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိ။
• ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကိုအကြောင်းပြပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံများ၏ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြယ်လှယ်လိုမှုများကိုလည်း တွင်ကျယ်စွာတွေ့ရှိရမှာဖြစ်။
• နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် တရားမျှတခြင်း၊ တန်းတူတန်ဖိုးထားခြင်းနှင့် ညီညွတ်မျှတသော နိုင်ငံတကာဥပဒေများကိုအခြေခံ၍ကမ္ဘာကြီး၏ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့်စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုး တက်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်။
• လက်ရှိကာလမှာ မိမိတို့မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုရရှိစေရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိ။
• လက်ရှိ မိမိတို့အစိုးရအနေဖြင့် ဒီမိုကရေစီစနစ်အပေါ် ရိုးသားမှုများပြန်လည်ဖြစ်ပေါ်စေရန် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းသာဖြစ်။
• မိမိတို့မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ အာဆီယံ၏ သဘောထား ရပ်တည်ချက်များအတိုင်း ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် အပြည့် အဝပါဝင်ဆောင်ရွက်လျက်ရှိ။