တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု) မှ နယ်လှည့် ဆေးကုသရေးအဖွဲ့ ဝါးခယ်မမြို့နယ်၊ ကနစိုးကုန်းကျေးရွာ၌အခြေပြု၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် နေပြည်တော်၊ ၂၀၂၅ နိုဝင်ဘာလ ၂၄ ရက်

Monday, November 24, 2025 - 16:45

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံရေ ယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့ဖြင့် ရောက်ရှိနေသည့် တပ်မ‌တော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဝါးခယ်မမြို့နယ်၊ ကနစိုးကုန်းကျေးရွာ ခရစ်ယာန်ဘုရားကျောင်း၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၆၁၅ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၆၂ ဦး၊ ခွဲစိတ်ရောဂါ ၃၄ ဦး၊ သားဖွား/မီးယပ်ရောဂါ ၄၃ ဦး၊ ကလေးရောဂါ ၄၉ ဦး၊ အရိုးရောဂါ ၇၀ ဦး၊  နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ  ၄၆ ဦး၊ မျက်စိရောဂါ ၅၉ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၅၂ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၄င်းတို့အနက်    အထွေထွေခွဲစိတ်လူနာ ၈ ဦး၊ မျက်စိခွဲစိတ်လူနာ ၆ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၃၇ ဦး၊ Ultrasound ဖြင့် စမ်းသပ် စစ်ဆေးလူနာ ၅၀ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၉ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ  ဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲကြားသိခဲ့ရပါတယ်-

၁။      ညီမနာမည်က မိုးအိဇင်ပါ။ ညီမက ဂေါ်သူတောင် တာကြီးကနေလာတာပါ။ ညီမတူလေးက အဆုပ်လေပြွန်ရောင်တာလို့‌ ပြောပါတယ်။ အဲ့ဒီရောဂါနဲ့ ဆရာကိုလာပြတာပါ။ ဆရာဝန်က သေချာဆန်းစစ်ပေးတယ်။ ကလေးကို ဆေးကောင်းတွေလည်း ပေးလိုက်ပါတယ်။ ကလေးက အဆုပ်လေပြွန်ရောင်တာဖြစ်လို့ သေချာစောင့်ကြည့်သင့်တယ်လို့ပြောပါတယ်။ တကယ်လို့ မသက်သာရင်တော့ ဆေးရုံဆေးခန်းသွားဖို့ ညွှန်ကြားပေးတယ်။ ဘယ်ဆေးကို ဘယ်လိုတိုက်ရမယ်ဆိုတာလည်း သေချာညွှန်ကြားပေးတယ်။ အခုလိုမျိုး ညီမတို့ကို တကူးတက လာရောက်ကုသပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ အခုလိုမျိုး သူတို့က ညီမတို့ကို စိတ်ထဲမှာ အသိအမှတ်ရှိပြီး လာပြီးကုသပေးတဲ့အတွက် ညီမတို့က တကယ်ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

၂။       မျက်စိရောဂါနဲ့ လည်ပင်းရောဂါ ဖြစ်တာပါ။ လည်ပင်းက အသက်ရှူလို့မဝဘူး။ ကျပ်ပြီးတော့ ဆို့ထားသလိုဖြစ်တယ်။ ဒီဘက်ဘေးနားမှာ ဆို့ထားသလို၊ မျက်စိကျတော့လည်း အာရုံကြောက မကောင်းဘူး။ ကြည့်လို့မကောင်းဘူး။ မျက်စိဝေတယ် အရမ်းဝေတာပဲ။ အခုကတော့ တော်တော်သက်သာသွားပါတယ်။ ဆရာဝန်က ကျွန်မကိုပြောတာ သူကအခုလောလောဆယ်တော့ ခွဲလို့မရသေးဘူးတဲ့။ ၆ လပိုင်း ကျမှ ခွဲလို့ရမယ်။ နုသေးတယ်လို့ပြောတယ်။ ဆေးပဲတိုက်ပေးတယ်။ ဆေးပဲသောက်ခိုင်းတယ်။ ဒီကို လာရောက်ပြီးတော့ ကုသပေးတဲ့ ဆရာဝန်၊ဆရာမများနဲ့ လာရောက်ဖို့ ညွှန်ကြားပေးတဲ့ နိုင်ငံတော် အကြီးအကဲနှင့် တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ပါတယ်။