မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် online လိမ်လည်မှုများ၊ online လောင်းကစားမှုများတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထား တိုက်ဖျက်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ Online လိမ်လည်လောင်းကစားမှုများကို တိုက်ဖျက်လျက်ရှိရာတွင် မုလအိ အလင်းကုမ္ပဏီနှင့် Tran-Asia International Holding Group (Thailand) ကုမ္ပဏီတို့ လုပ်ငန်းစတင်ခဲ့သည့် မြဝတီ-မဲ့ထော်သလေး (KK Park)နယ်မြေအတွင်းသို့ အောက်တိုဘာလ အတွင်းမှစ၍လည်းကောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေး ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် အကြောင်းပြ၍ စီမံကိန်းတစ်ရပ်အဖြစ် တည်ဆောက်ခဲ့ပြီး စီမံကိန်း လုပ်ငန်းများရပ်တန့်ထားသည့် ရွှေကုက္ကိုလ်နယ်မြေအတွင်းသို့ နိုဝင်ဘာ ၁၈ ရက် နံနက် ပိုင်းမှစ၍လည်းကောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ အပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့များဖြင့် ဝင်ရောက်ရှင်းလင်းခြင်းများ ဆောင် ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ဖော်ထုတ်ဖမ်းဆီးရမိသည့် Online လိမ်လည် လောင်းကစားမှုများကျူးလွန်ကြသူများကို လိုအပ်သည့်စိစစ်မှုများ ဆောင်ရွက်၍ သက် ဆိုင်ရာနိုင်ငံများသို့ စနစ်တကျပြန်လည်လွှဲပြောင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိသကဲ့ သို့ Online လိမ်လည်လောင်းကစားမှုများ ယင်းဒေသတွင် လုံးဝပြန်လည် အခြေမချ နိုင်စေရေး၊ ဒုစရိုက်လုပ်ငန်းများ ထပ်မံ မလုပ်ဆောင်နိုင်စေရေးအတွက် ယင်းဒေသတွင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည့် အဆောက်အအုံများကိုလည်း အပြီးတိုင် ဖျက် ဆီးဖြိုချမှုများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်ရာတွင် ယာဉ်ယန္တရားများဖြင့် စနစ်တကျ ဖြိုချဖျက်ဆီးခြင်း၊ အဆင့်မြင့်နည်းပညာသုံး ဖောက်ခွဲ ဖျက်ဆီးခြင်းနည်းပညာများအသုံးပြု၍စနစ်တကျဖောက်ခွဲဖျက်ဆီးခြင်းတို့ဖြင့် ဆောင်ရွက် လျက်ရှိသည်။
ယနေ့ ညနေ ၆ နာရီအထိ မြဝတီ-မဲ့ထော်သလေး (KK Park) နယ်မြေအတွင်း Online လိမ်လည်လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုလျက်ရှိသည့် အဆောက် အဦများ ၆၃၅ လုံးရှိသည့်အနက် ၁၇၀ လုံးကို ဖြိုချဖျက်ဆီးပြီးစီးပြီဖြစ်ကြောင်းနှင့် ကျန်ရှိ နေသေးသည့် အဆောက်အအုံ ၄၆၅ လုံးကို ဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိသည်။
အလားတူ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌လည်း ရှင်းလင်းဖော်ထုတ်မှုများကို ယမန် နေ့မှစ၍ စတင်ဆောင်ရွက်လျက်ရှိပြီး ယနေ့ဒုတိယနေ့အဖြစ်ရှင်းလင်းမှုများဆက်လက် ဆောင်ရွက်ခဲ့ရာ ညနေ ၆ နာရီအထိ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည့် အဆောက် အဦ ၁၃ လုံးအတွင်းမှ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသား ၁၈၄ ဦး၊ မလေးရှားနိုင်ငံသား ၃ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၁၄ ဦး၊ နီပေါနိုင်ငံသား ၂ ဦး၊ ထိုင်းနိုင်ငံသား ၆ ဦး၊ ဗီယက်နမ်နိုင်ငံသား ၇ ဦး၊ နိုင်ဂျီးရီးယားနိုင်ငံ သား ၁ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၄၈ ဦး၊ စုစုပေါင်း ၂၆၅ ဦးနှင့် Online လိမ်လည် လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ၂၃၃၉ လုံး၊ မိုဘိုင်းဖုန်း ၂၉၅၀ လုံး နှင့် လုပ်ငန်းသုံးပစ္စည်း အများအပြားကို စိစစ်တွေ့ရှိဖမ်းဆီးရမိခဲ့သည်။ သို့ဖြစ်၍ ရွှေကုက္ကိုလ်နယ်မြေအတွင်း စုစုပေါင်း ဖော်ထုတ်ရှင်းလင်းမှုများအရ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင် လျက်ရှိသည့် စိစစ်ဆဲနိုင်ငံခြားသား ၆၁၁ ဦးနှင့် Online လိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ၂၆၅၃ လုံး၊ မိုဘိုင်းဖုန်း ၁၉၆၅၀ လုံးနှင့် လုပ် ငန်းသုံးပစ္စည်း အများအပြားကို စိစစ်တွေ့ရှိဖမ်းဆီးရရှိခဲ့ပြီး ဖော်ထုတ်ရှင်းလင်းခြင်းများ ကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသားများကို မြဝတီမြို့နယ်၊ ပူလွဲပူ ကျေးရွာအုပ်စု၊ ရွှေကုက္ကိုလ်မြိုင်ကျေးရွာအတွင်း လုံထင်းဝန်းရှိ အဆောက်အဦ၌ ထိန်း သိမ်းထားရှိပြီး တရားမဝင်ပြည်ပနိုင်ငံသား စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးခဲ့ရာ ပြည်ပ နိုင်ငံ သား ၂၀၀ ဦးကို စစ်ဆေးနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည် လွှဲပြောင်း ပေးနိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေးအချက် အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။
နိုင်ငံတော်အစိုးရအနေဖြင့် Online လိမ်လည် လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝ အခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။








