ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီး ကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ မှဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူ ၃၆၄ ဦးအား နယ်မြေခံတပ်မတော်ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၇၆ ဦး၊ ခွဲစိတ်ရောဂါ ၃၃ ဦး၊ သားဖွားမီးယပ်ရောဂါ ၁၀ ဦး၊ ကလေးရောဂါ ၁၅ ဦး၊ အရိုးရောဂါ ၆၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂၆ ဦး၊ မျက်စိရောဂါ ၁၂၃ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၁၆ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် မျက်စိခွဲစိတ်လူနာ ၁၀ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၂၄ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ် စစ်ဆေးလူနာ ၃၀ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၁ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက် ပေးသည်။
ထိုသို့ ဒေသခံပြည်သူများ၏ ဆေးဝါးကုသမှုခံယူနေမှုများကို နယ်မြေခံတပ်မှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး ဆေးကုသမှုခံယူကြသည့် ဒေသခံ ပြည်သူများအဆင်ပြေစေရန်အတွက် မော်တော်ယာဉ်များဖြင့် အကြို/အပို့ ဆောင်ရွက် ပေးသည့်အပြင် နံနက်စာ ကျွေးမွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


