ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူလိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ဆေးမှူးများ၊သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာသို့ရောက် ရှိကြရာ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများက သောင်းသောင်းဖြဖြကြိုဆို နှုတ်ဆက်ကြသည်။
အဆိုပါ နယ်လှည့်ဆေးကုသရေးအဖွဲ့သည် မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာ စတုဘုမ္မိက-မဟာသတိပဌာန်ကျောင်းတိုက်၌ အခြေပြု၍ လေးအိမ်စုကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၅၂၄ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၆၄ ဦး၊ ခွဲစိတ်ရောဂါ ၃၆ဦး၊ သားဖွားမီးယပ်ရောဂါ ၅၂ ဦး၊ ကလေးရောဂါ ၄၄ ဦး၊ အရိုးရောဂါ ၃၈ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၇၀ ဦး၊ မျက်စိရောဂါ ၈၂ဦး ၊ သွားနှင့်ခံတွင်းရောဂါ ၃၈ ဦး တို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးပြီး ၎င်းတို့အနက် အထွေထွေခွဲ စိတ်လူနာ ၇ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၈ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၂၄ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၄ ဦး နှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၈ ဦး တို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲကြားသိခဲ့ရပါတယ်-
၁။ အရင်တုန်းကတော့ ရောဂါတော်တော်ရှင်းရှင်းပဲ။ နောက်ကျန်ခဲ့တဲ့နှစ်နှစ်လောက်ကျ တော့တစ်နှစ်လုံးလုံးကမူးနေတာ။ ငုတ်တုတ်ပဲအိပ်ရတယ်။ တုံးလုံးလှဲအိပ်လို့မရဘူး။ နောက် ဒီကဆရာဝန်တွေနဲ့ပြကြည့်ပြီး သူတို့ကုသပေးတော့ ရောဂါသက်သာပြီး အိပ်လို့ရသွားတယ်။ ခေါင်းမူးတဲ့ဝေဒနာကတော့ တစ်ခါတစ်ရံမှာ ပြန်ဖြစ်တဲ့အတွက်လည်းပါတယ်။ နောက်နှလုံး ခုန်မြန်တဲ့ဝေဒနာလည်းခံစားရတဲ့အတွက်ကြောင့် အခုလာပြတာပါ။ ဆရာဝန်တွေပြောတာ ကတော့နှလုံးကြီးတယ်လို့ပြောတယ်။ အဲဒီရောဂါကြောင့် လေလည်းဖြတ်နိုင်တယ်။ ဒါ့အပြင် အခြားရောဂါတွေလည်းဖြစ်တတ်တယ်လို့ပြောတယ်။ ဒါကြောင့် ကျွန်မအနေနဲ့ ဒီဆေးတွေ ကို အပြတ်မခံဘဲဝယ်သောက်နေရပါတယ်။ အခုလိုနယ်လှည့်ဆေးကုအဖွဲ့တွေ လာရောက် ကုသတဲ့အချိန်မှာ လာပြတာက ဆေးကုသစရိတ်လည်းမကုန်ဘူး။ ဆေးတွေလုံ လုံလောက် လောက်လည်းပေးပါတယ်။ အခုလိုဆေးလာရောက်ကုသပေးတဲ့အတွက် ကျေးဇူး အများကြီး တင်ပါတယ်။ အခုလိုလာရောက်လှည့်လည် ဆေးကုပေးတဲ့အတွက် ဝမ်းလည်း ဝမ်းသာပါ တယ်။ ဒေသခံပြည်သူတွေလည်းအခမဲ့ဆေးကုသခွင့်ရတဲ့အတွက်ကြောင့် အခုလို စီစဉ်ပေး တဲ့နိုင်ငံတော်အကြီးအကဲနဲ့တာဝန်ရှိသူများနဲ့ ဆေးကုသပေးတဲ့သူတွေ အားလုံးကို ကျေးဇူး လည်းတင်ပါတယ်။ ဝမ်းလည်းသာပါတယ်။
၂။ အထွေထွေမူးတာပေါ့ ကျီးပေါင်းဖြစ်ဖူးလို့ မူးလို့အဲတာလာပြတာ။ ဆေးကအရင်တုံး က သောက်တယ်ပေါ့ ။အခုကဖြတ်လိုက်တော့ ဆရာကြီးက စွဲသောက်ရမယ့်ဆေးကို ညွှန်ပြ လိုက်တယ်ပေါ့နော်။ သေသေချာချာလည်းမေးတယ်။ တစ်ချို့ဆိုလို့ရှိရင် ကျန်းမာရေးမ ကောင်းဘူး ကိုယ်ကဆေးခန်းပြချင်တာတောင်မှ ငွေရေးကြေးရေးအခက်အခဲ အခုကမလွယ် ဘူးလေ တစ်ခေါက်တစ်ခေါက်ခရီးစရိတ်ကအစ မလွယ်တဲ့ အခါကျတော့ သွားရတာအဆင် မပြေဘူး။ အခုလိုမျိုးလာရောက်တဲ့ အခါကျတော့ ငွေရေကြေးရေအတွက် ဘာမှမပူရဘူး။ အကုန်လုံးအဆင်ပြေတယ်ပေါ့နော်။ အခုလိုမျိုး နယ်လှည့်ဆေးကုသရေးအဖွဲ့ကို စေလွှတ် ပေးတဲ့ တာဝန်ရှိတဲ့ အကြီးအကဲတွေကိုရော လာရောက်ပြီးတော့ ကုသပေးတဲ့ ဆရာတွေအ ကုန်လုံးရော တာဝန်ရှိသူအကုန်လုံး အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြည်သူလူထုတွေရဲ့ ကိုယ်စားရော ဝန်ထမ်းတွေရဲ့ ကိုယ်စားရော အားလုံးကို ကျေးဇူးတင်ပါတယ်။




