တပ်မတော် ပင်လယ်သွားဆေရုံရေယာဉ်(သံလွင်)မှတပ်မတော်နယ်လှည့်အထူးကု ဆေးအဖွဲ့ ဟိုင်းကြီးကျွန်းမြို့သို့ ရောက်ရှိ၊ ကျောင်းကျန်းမာရေးပညာပေးဟောပြော ခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ စတင်ဆောင်ရွက် နေပြည်တော် ၊  နိုဝင်ဘာ ၁၈

Tuesday, November 18, 2025 - 15:45

ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီး ကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ မှဒေသခံပြည်သူ များအားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန်အတွက် တပ်မတော် နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ် သွားဆေးရုံရေယာဉ်(သံလွင်)သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီ တိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့သို့ရောက်ရှိရာ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများက သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။

အဆိုပါတပ်မတော်နယ်လှည့်အထူးကု ဆေးအဖွဲ့မှ တာဝန်ရှိသူများသည် မွန်းလွဲ ပိုင်းတွင် ဟိုင်းကြီးကျွန်းမြို့ရှိအခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေး ပညာပေးဟောပြောခြင်းနှင့် ကျောင်းသူကျောင်းသားများအား ကျန်းမာရေးစစ်ဆေးခြင်း များစတင်ဆောင်ရွက်ပေးကြသည်။

 ဦးစွာ တပ်မတော်နယ်လှည့်အထူးကု ဆေးအဖွဲ့မှ ကလေးရောဂါ ကုပါရဂူ က တစ်သက်တာကျန်းမာရေး ၊တစ်ကိုယ်ရေး ကျန်းမာရေး နှင့်ပတ်သက်၍ သိသင့်သိထိုက် သည်များကိုဟောပြောဆွေးနွေးပေးသည်။ ထို့နောက် တပ်မတော်နယ်လှည့်ဆေးကုသ ရေးအဖွဲ့က  ကျောင်းသား/ကျောင်းသူ ၁၅၀ ဦးတို့ကို ကျောင်းကျန်းမာရေးစစ်ဆေးပေး ခြင်းများ ဆောင်ရွက်ပေးကြသည်။ ထို့ပြင် တာဝန်ရှိသူများက ဟိုင်းကြီးကျွန်းမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း အတွက်အလှူငွေများ၊ ကျောင်းသား/ကျောင်းသူ များအတွက် သံချဆေးနှင့် အားဆေးများကိုပေးအပ်လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။