တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)၊ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)တို့ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှဒေသခံပြည်သူများ၊ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်၊

Tuesday, November 18, 2025 - 07:15

တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)၊ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)တို့ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှဒေသခံပြည်သူများ၊ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်၊ ဟိုင်းကြီးကျွန်းအနီးပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန် ရန်ကုန်မြို့မှထွက်ခွာ

နေပြည်တော်၊ ၂၀၂၅ နိုဝင်ဘာ ၁၇

          ဧရာဝတီတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နေ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးရန် အတွက် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှပါရဂူများ၊ဆေးမှူးများနှင့်သူနာပြုများပါဝင်သည့် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့်မြစ်ရေယာဉ်(စကု)တို့သည် ယနေ့နံနက်ပိုင်း တွင် ရန်ကုန်မြို့၊အမှတ်(၄)ရေတပ်ဗောတံတားမှလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်း မြို့နယ်၊ဧရာဝတီတိုင်းဒေသကြီး၊ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန်အတွက် တပ်မတော်နယ် လှည့်အထူးကု ဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော် ပင်လယ် သွားဆေးရုံရေယာဉ်(သံလွင်)သည် ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၂) ရေတပ်ဆိပ်ခံတံ တားမှလည်းကောင်းအသီးသီးထွက်ခွာကြရာ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့်အရာရှိ၊စစ်သည်၊ မိသားစုများက ပို့ဆောင်နှုတ်ဆက်ကြသည်။

          အဆိုပါ တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)၊ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)တို့တွင် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုအရာရှိများ၊ သူနာပြုစစ်သည်များနှင့် သူနာပြုရဲမေများလိုက်ပါသွားကာ ဒေသခံပြည်သူများ အား ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ကျန်း မာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး X-Ray ရိုက်ခြင်း၊ Ultrasound ရိုက်ခြင်း၊ ရောဂါဗေဒပါရဂူများဖြင့် ရောဂါရှာဖွေစမ်းသပ်ကုသခြင်း၊ECG စက်၊ ဓာတ်မှန်ရိုက်စက်များ ဖြင့်ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းနှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေးခြင်းများကိုလည်းဆောင်ရွက် ပေးသွားမည်ဖြစ်သည်။

          ထို့ပြင် အရေးပေါ်အခြေအနေပေါ်ပေါက်ပါက ဆေးရုံတင်ကုသမှုများ ဆောင်ရွက်ပေးရန် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့ပေါ်တွင် လူနာ(၃၀)ဦး အထိလည်းကောင်း၊ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ပေါ်တွင် လူနာ(၂၅)ဦး အထိ လည်းကောင်းတင်ဆောင်ကုသနိုင်သည့် ခွဲစိတ်ခန်း၊ သားဖွားမီးယပ်ခန်း၊ စမ်းသပ်ခန်းနှင့် အထူးကြပ်မတ်ကုသဆောင်များလည်း ပါရှိကြောင်းသိရှိရသည်။

          တပ်မတော်အထူးကုဆေးအဖွဲ့များပါဝင်သည့် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့်မြစ်ရေယာဉ်(စကု)တို့အနေဖြင့် ၂၀၁၃ ခုနှစ်မှစတင်၍ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ နှင့် မြစ်ကြောင်းများတစ်လျှောက် ဆေးကုသရန် ခက်ခဲသောကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယခုခရီးစဉ်သည် (၂၀) ကြိမ် မြောက်ဖြစ်ပြီး (၁၉) ကြိမ်မြောက်အထိ ဒေသခံပြည်သူစုစုပေါင်း ၁၈၅,၅၆၈ ဦးတို့ကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံရေယာဉ်ပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန် ဆောင်မိခင်(၃၁)ဦးတို့အား အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့သည်။

          အလားတူ တပ်မတော်အထူးကုဆေးအဖွဲ့ဝင်များပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)အနေဖြင့် ၂၀၁၆ ခုနှစ်မှစ၍ မြန်မာ့ပင်လယ်ကမ်းရိုးတန်းဒေသများနှင့် ပတ်ဝန်း ကျင် ကျေးရွာများရှိဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိရာ ယခုခရီးစဉ်သည်(၁၉)ကြိမ်မြောက်ဖြစ်ပြီး (၁၈)ကြိမ်မြောက်အထိ ဒေသခံပြည်သူ ၁၆၃,၆၄၆ ဦး တို့ကိုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံရေယာဉ် ပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင် ၂၂ ဦးတို့အား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။