နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးကို အစဉ်တစိုက် အလေးထား ဆောင်ရွက်လျက်ရှိသည်နှင့်အညီ တပ်မတော် မှလည်း နယ်မြေတည်ငြိမ်အေးချမ်းသာယာရေးနှင့် နယ်မြေလုံခြုံရေး အတွက်လိုအပ် သည့် လုံခြုံရေးလုပ်ငန်းများကို ပြည်သူနှင့်အတူ လက်တွဲပူးပေါင်း၍ ကြိုးပမ်းဆောင် ရွက်လျက်ရှိသည်။
အေးချမ်းစွာနေထိုင်လျက်ရှိသည့် ပြည်သူများအား အကြောက်တရားလွှမ်းမိုး၍ အတိဒုက္ခရောက်စေခဲ့ပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုကို ပျက်စီးစေရန် ရည်ရွယ်ကာ အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်ခဲ့သော လက်နက်ကိုင်အကြမ်းဖက် အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအား အပြီးတိုင် တိုက်ထုတ်နိုင်ခဲ့ပြီး မြို့ရွာများကို ဒေသခံပြည်သူများ၏လက်ဝယ်သို့ ပြန်လည်အပ်နှင်းနိုင်ခဲ့သည့် အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ယနေ့ ညနေပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦး နှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများက ရပ်စောက်မြို့နယ်၊ နယ်မြေခံတပ်၌ ဝမ်းပန်းတသာ လှိုက်လှိုက်လှဲလှဲကြိုဆိုဂုဏ်ပြုကြသည်။
အကြမ်းဖက်သမားများအား အပြီးတိုင် တိုက်ထုတ်နိုင်ခဲ့ပြီး မြို့ရွာဒေသများကို တည်ငြိမ်အေးချမ်းစေရန်၊ အစိုးရအုပ်ချုပ်ရေးယန္တရားများ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်စေရန်နှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝတိုးတက်ဖွံ့ဖြိုးစေရန် ၊ နိုင်ငံတော် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး တာဝန်များကို အချိန်ကာလကြာမြင့်စွာ တာဝန် ထမ်းဆောင်၍ ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင်ခဲ့ကြသော အောင်ပွဲရရှေ့တန်းပြန် တပ်မတော် သားများအား တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများက အောင်သပြေခက်များ၊ ဂုဏ်ပြုပန်းကုံးများ၊ ဂုဏ်ပြုပန်းများဖြင့် ကြိုဆိုဂုဏ်ပြုကြပြီး ရိုးရာအကအဖွဲ့များနှင့် အိုးစည် ဒိုးပတ်အဖွဲ့များကလည်း အတီး၊ အမှုတ်၊ အက၊ အလှများဖြင့် ဝမ်းမြောက်စွာ သောင်းသောင်းဖျဖျကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သတင်းရရှိသည်။


