Wednesday, November 5, 2025 - 18:00
ရှေ့တန်းစစ်မျက်နှာများတွင် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ပြီး အောင်ပွဲအလီလီရယူ နိုင်ခဲ့သော အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယမန်နေ့ ညနေပိုင်းတွင် မိုင်းပွန်မြို့ရှိ နယ်မြေခံတပ်၌ ပြုလုပ်ရာ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ ဆရာ/ဆရာမများ တက်ရောက်ကြသည်။
ထိုသို့ အောင်ပွဲရ ရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုရာတွင် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အောင်ပွဲရရှေ့တန်း ပြန် တပ်မတော်သား များအား အောင်သပြေခတ်ကမ်း၍ ဂုဏ်ပြုပန်းကုံးများစွပ်ပြီး အိုးစည် ဒိုးပတ်၊ အတီး အမှုတ်အက အခုန်များဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သတင်း ရရှိသည်။

