ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူ  ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ် “Chaldony” State Song and Dance Ensemble အဖွဲ့မှ

Tuesday, November 4, 2025 - 18:00

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူ  ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ် “Chaldony” State Song and Dance Ensemble အဖွဲ့မှဂုဏ်ပြုဖျော်ဖြေသည့် ပဒေသာကပွဲသို့ တက်ရောက်ကြည့်ရှုအားပေး နေပြည်တော်၊ နိုဝင်ဘာ - ၄

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသမှ နိုဗိုစီဗစ် “Chaldony” State Song and Dance Ensemble အဖွဲ့မှ “မဟာရုရှားနှင့် ဆိုက်ဘေးရီးယား” အမည်ရသည့် ပဒေသာကပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိမြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)(MICC-1)၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ကြည့်ရှုအားပေးသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော နှင့် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့်ဇနီး၊   ကော်မရှင်အဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ် ဒေသအုပ်ချုပ်ရေးမှူး H.E.Mr. Andrey Aleksandrovich Travnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဦးစွာ “မဟာရုရှားနှင့် ဆိုက်ဘေးရီးယား” အမည်ရသည့် ဂုဏ်ပြုဖျော်ဖြေပွဲ အခမ်းအနားကို နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများ ဖွင့်လှစ်ကာ အလေးပြု၍ ဖွင့်လှစ် သည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌ က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ နိုဗိုစီဗစ်‌ဒေသမှ ထင်ရှားသည့် “Chaldony” State Song and Dance Ensemble အဖွဲ့မှတင်ဆက်မည့်ဖျော်ဖြေပွဲတွင် အားလုံးကို ရင်းနှီးနွေးထွေးစွာ ကြိုဆို နှုတ်ဆက်ပါကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးအတွက် ယနေ့ နေ့လယ်ခင်းသည် အဓိပ္ပာယ်ပြည့်ဝပြီး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် အချိန်အခါလည်း ဖြစ်ပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံသည် ယဉ်ကျေးမှု၊ ပညာရေးနှင့် အနု ပညာအပါအဝင် ကဏ္ဍပေါင်းစုံ၌ အပြန်အလှန်လေးစားမှု၊ နားလည်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုတို့အပေါ် အခြေခံပြီး ခိုင်မြဲသည့် သံတမန်ဆက်ဆံမှုကို တည်ထောင်ခဲ့ သည်မှာ နှစ်ပေါင်း(၇၇)နှစ် ပြည့်မြောက် ကျော်လွန်လာခဲ့ပြီဖြစ်ကြောင်း။

ကာကွယ်ရေး၊ ပညာရေး၊ သိပ္ပံ၊ နည်းပညာ၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှု အပါ အဝင်နယ်ပယ်များစွာ၌ အပြန်အလှန်လေးစားမှု၊ နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု တို့အပေါ်အခြေခံပြီး မိမိတို့နှစ်နိုင်ငံသည် ဆယ်စုနှစ်များစွာကြာရှည်ခိုင်မာသည့် ဆက်ဆံရေးကိုတည်ဆောက်ထားပြီးဖြစ်ကြောင်း၊ ဆက်လက်၍လည်း နိုဗိုစီဗစ်နှင့် မြန်မာအကြား ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည် ဖြစ် ကြောင်း။

၂၀၂၅ ခုနှစ်၊ မတ်လအတွင်း မိမိအနေဖြင့် ရုရှားနိုင်ငံကို သွားရောက်ခဲ့သည့် ခရီးစဉ်၌ အဆွေတော်နှင့်တွေ့ဆုံခဲ့စဉ် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်နိုင်ရေး ဖိတ်ကြားခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ သာယာလှပမှုနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ကိုယ်တိုင်ကိုယ်ကျ ခံစားရှုမြင်ပြီးဖြစ်သည်ဟု ယုံကြည်ကြောင်း။

နိုဗိုစီဗစ်ဒေသ ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်လာသည့် “Chaldony” State Song and Dance Ensemble ၏ ယနေ့ဖျော်ဖြေပွဲမှတစ်ဆင့် နိုဗိုစီဗစ်ဒေသ၏ အနုပညာရသနှင့် ဆိုက်ဘေးရီးယန်းအနုပညာများကို မိမိတို့ မြန်မာများ ကြည့်ရှုခံစား နိုင်ရုံသာမက  နှစ်နိုင်ငံပြည်သူများ အချင်းချင်းအကြား ခိုင်မြဲသည့်ချစ်ကြည်ရင်းနှီးမှု ကိုလည်း ထပ်လောင်း အတည်ပြုနိုင်မည် ဖြစ်ကြောင်း။

အနုပညာဆိုသည်မှာ လူသားတို့၏ယဉ်ကျေးမှုနှင့် စိတ်ဝိညာဉ်ကို ဖော်ပြလျက် ရှိကြောင်း၊ အနုပညာသည် အတားအဆီးအားလုံးကို ကျော်ဖြတ်ပြီး အလှတရား၊ သဟဇာတဖြစ်မှုနှင့် ငြိမ်းချမ်းမှုတို့ကို မျှဝေခံစားစေခြင်းဖြင့် လူသားအားလုံးကို ချစ်ကြည်ရင်းနှီးမှုဖြင့် ပေါင်းစည်းပေးပါကြောင်း၊ ထို့ကြောင့် ယနေ့ဖျော်ဖြေပွဲသည် ယဉ်ကျေးမှုဖလှယ်ရေး၊ ဖျော်ဖြေရေး သက်သက်သာမဟုတ်ဘဲ မိမိတို့နှစ်နိုင်ငံအကြား နွေးထွေးရင်းနှီးသည့်ဆက်ဆံရေးကို များစွာအထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါ ကြောင်း။

ထို့ကြောင့် အားလုံးအတွက် တေးဂီတ၊ ခင်မင်မှု၊ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေ သည့် မင်္ဂလာအချိန်အခါ ဖြစ်ပါစေဟု ဆုတောင်းလိုက်ပါကြောင်း၊ ယနေ့ ဖျော်ဖြေပွဲမှ သည် ရှေ့ဆက်၍ မိမိတို့ဒေသများအကြားဆက်လက်ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ် ကြည်ရင်းနှီးမှုအတွက် စိတ်အားထက်သန်မှုများကို ထပ်လောင်းအားဖြည့်နိုင်ပါစေ ကြောင်းနှင့် မြန်မာနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသတို့အကြား ကောင်းမွန် ခိုင်မာပြီး နောင်မျိုးဆက်သစ်များစွာတိုင် ဆက်လက်ရှင်သန်ထွန်းကားပါစေရန် ဆုမွန် ကောင်း တောင်းပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုဗိုစီဗစ် ဒေသအုပ်ချုပ်ရေးမှူး က နှုတ်ခွန်းဆက်စကားပြန်လည် ပြောကြားရာတွင် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာ ရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ဖိတ်ကြားမှုအရ ယခုကဲ့သို့ ထူးခြားလှပသည့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခွင့်ရရှိသည့်အတွက် စိတ်ရင်း မှန်ဖြင့်ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ ဆိုက်ဘေးရီးယားလူမျိုးများကို ဧည့်ဝတ်ကျေ ပွန်စွာ ကြိုဆိုဧည့်ခံမှု၊ မိမိတို့၏ ယဉ်ကျေးမှုနှင့် အနုပညာအပေါ် စိတ်ဝင်စားမှုများ အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ဘာသာရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များသည်  ကြွယ်ဝမှုနှင့်နက်ရှိုင်းမှုတို့၌ ထင်ရှားပေါ်လွင်အံ့သြဖွယ်ရာဖြစ် ပြီး ယခုကဲ့သို့ကြွယ်ဝမှုများသည် မြန်မာနိုင်ငံသားတို့၏ ရိုးသားပွင့်လင်းမှုများကို တွေ့ မြင်စေရပါကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ နယ်မြေပေါ်တွင် လူမျိုးပေါင်း တစ်ရာ ကျော်မျှ နေထိုင်ကြသော်လည်း၊ မိမိတို့အားလုံးသည် တူညီသောသမိုင်းကြောင်းနှင့် တူညီသောကံကြမ္မာတို့ဖြင့် စည်းလုံးညီညွတ်လျက်ရှိပါကြောင်း။

"Chaldony" ဟူသောအမည်သည် မိမိတို့နိုင်ငံ၏သမိုင်းနှင့် နက်ရှိုင်းစွာ ဆက် စပ်နေပြီး ရှေးဟောင်းဆိုက်ဘေးရီးယားလူမျိုးများ၊ ရုရှား လူမျိုးများ၊ ဆိုက်ဘေးရီး ယား၏ ပထမဆုံးအောင်နိုင်သူများကို ကိုယ်စားပြုပါကြောင်း၊ အဆိုပါအဖွဲ့ဟာ ရိုးရာ ဓလေ့များကို ဂရုတစိုက်ထိန်းသိမ်းပြီး ဆိုက်ဘေးရီးယား၏ သီချင်းနှင့် ဂီတအမွေ အနှစ်ကို ကိုယ်စားပြုပါကြောင်း၊ ယနေ့တွင် မိမိတို့အနေဖြင့် မြန်မာနိုင်ငံ၌ ဂုဏ်ယူစွာ ဖျော်ဖြေတင်ဆက်ပေးမည်ဖြစ်ပြီး ဆိုက်ဘေးရီးယား ယဉ်ကျေးမှု၊ အနုပညာနှင့် အပျော်ရွှင်ဆုံး ရင်းနှီးမှု ရရှိပါစေရန် ဆုတောင်းအပ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေး ကော်မရှင် ဥက္ကဋ္ဌ နှင့် ဇနီး၊ တက်ရောက်လာကြသူများသည် နိုဗိုစီဗစ် Chaldony State Song and Dance Ensemble အဖွဲ့မှ အနုပညာရှင်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှု အားပေးကြသည်။

ထို့သို့ ဖျော်ဖြေတင်ဆက်ကြရာတွင် နိုဗိုစီဗစ် Chaldony State Song and Dance Ensemble အဖွဲ့မှ အနုပညာရှင်များက အဆိုအကနှင့် ဂီတအနုပညာများကို သဟဇာတဖြစ်စွာဖြင့် ကြွယ်ဝများပြားလှသည့် ဂန္ထဝင်ပုံစံများ၊ ရိုးရာဓလေ့ပုံစံများကို အခြေခံ၍ ရုရှားရိုးရာတေးသီချင်းများ၊ ဆိုက်ဘေးရီးယားဒေသ ဂီတနှင့် တေးသီချင်း များကို ရင်သပ်ရှုမောဖွယ်လှုပ်ရှားမှုများဖြင့် တင်ဆက်ခဲ့ကြသည်။ ထို့ပြင် “ပေါင်မုန့် သည် အရာရာ” ဟုအမည်ရသည့်တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှုအပြီး၌ နိုဗိုစီဗစ် Chaldony State Song and Dance Ensemble အဖွဲ့မှ အနုပညာရှင်များက နိုင်ငံ တော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး တို့ထံသို့ ဧည့်ဝတ်ကျေပွန်မှုနှင့် ခင်မင်ရင်းနှီးမှုတို့ကို ကျေးဇူးတင်ရှိပြီး နွေးထွေးမှု နှင့် ပျော်ရွှင်မှုတို့ကို မျှဝေလိုသည့်အနေဖြင့် ရုရှားရိုးရာဓလေ့ထုံးတမ်းစဉ်လာဖြစ်သည့် ပေါင်မုန့်နှင့် ဆားတို့ကိုယူဆောင်၍ တည်ခင်းဧည့်ခံဂါရဝပြုကြသည်။

ဖျော်ဖြေပွဲအပြီးတွင် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီးတို့က နိုဗိုစီဗစ် Chaldony State Song and Dance Ensemble အဖွဲ့မှ အနုပညာရှင်များအားလည်းကောင်း၊ နိုဗိုစီဗစ် ဒေသအုပ်ချုပ်ရေးမှူးက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာ ဦးစီး ဌာနမှ အနုပညာရှင်များအားလည်းကောင်း  ဂုဏ်ပြုပန်းခြင်းများကိုပေးအပ်ကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာ ရေးကော်မရှင်ဥက္ကဋ္ဌ နှင့် နိုဗိုစီဗစ် ဒေသအုပ်ချုပ်ရေးမှူး တို့သည် ယဉ်ကျေးမှုအထိမ်း အမှတ်လက်ဆောင်များကို အပြန်အလှန်ပေးအပ်ကြသည်။

ထို့နောက် နိုဗိုစီဗစ် Chaldony State Song and Dance Ensemble အဖွဲ့မှ အနုပညာရှင်များက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွက် အထူးဖန်တီးထား သည့် “လတ်တီး” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ဖျော်ဖြေပွဲအခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။