မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် အတွင်း လက်နက်ကိုင်အကြမ်းဖက်သူ တချို့အား လက်လုပ်မိုင်း၊ လက်ပစ်ဗုံး၊လက်နက်ငယ်များနှင့်အတူ ဖမ်းဆီးရမိ

Tuesday, June 22, 2021 - 09:30

 

နေပြည်တော်၊ ဇွန် ၂၂

            မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိ သော တပ်ဖွဲ့ဝင်များသည်မန္တလေးမြို့ အတွင်းဖောက်ခွဲဖျက်ဆီးရေးဆောင်ရွက်ရန် လက်နက်ခဲယမ်း များ နှင့်အတူ အကြမ်းဖက်သူတချို့ရောက်ရှိခိုအောင်းနေကြောင်းသတင်းအရ

ယနေ့နံနက်၇နာရီခွဲခန့် တွင် ၅၄ လမ်း နှင့် ၁၁၁ လမ်းထောင့်ရှိ နေအိမ်အတွင်း သွားရောက်ရှာဖွေစစ်ဆေးဆောင်ရွက်စဉ် အကြမ်းဖက်သူများ က လက်ပစ်ဗုံးများ၊ လက်နက်ငယ် များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်လာခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အပြန် အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လုံခြုံ‌ရေး တပ်ဖွဲ့ဝင်တချို့အပြင်းအထန်ထိခိုက် ဒဏ်ရာရရှိ ခဲ့ကာ အကြမ်းဖက်သူများအဖွဲ့မှ သေဆုံးသူ ၄ ဦး၊ ဖမ်းဆီးရမိသူ ၈ ဦးနှင့်အတူ လက်လုပ်မိုင်း၊ လက်ပစ်ဗုံး၊ လက်နက်ငယ်တချို့ သိမ်းဆည်းရမိခဲ့ သည်။ တစ်ချိန်တည်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ၅၃ လမ်းပေါ်မှ စိစစ်ဆဲ ပါကျဲရိုး အဖြူရောင် မော်တော်ယာဉ် တစ်စီးဖြင့် လက်နက်ငယ်များအသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ထွက်ပြေးသွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များကလိုက်လံ ပိတ်ဆို့ဖမ်းဆီးခဲ့သဖြင့် ၅၆ လမ်း နှင့် ၁၁၀ လမ်းထောင့်ရှိ ထရန် စဖော်မာအားအရှိန်ဖြင့် ဝင်တိုက်ခဲ့ပြီး အဆိုပါမော်တော်ယာဉ်အား  သေဆုံးလျက်ရှိသော အကြမ်းဖက် သူ ၄ ဦးနှင့်အတူသိမ်းဆည်းရမိခဲ့သည်။ ဖြစ်စဉ်အသေးစိတ်အား ဆက်လက်ထုတ်ပြန်သွားမည်။