AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ရခိုင်ပြည်နယ်နှင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် ငွေကျပ် ၁၉၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ရန်ကုန်မြို့၌ ဖမ်းဆီးရမိ နေပြည်တော်၊ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၇ ရက်

Tuesday, October 7, 2025 - 16:00

နိုင်ငံတော်အစိုးရအနေဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များအပါအဝင် လူသားမျိုးနွယ်စု တစ်ခုလုံးကို အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများအား ထိရောက် စွာ တားဆီးကာကွယ်တိုက်ဖျက်ရေးကို  အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်၍ အရှိန် အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ရခိုင်ပြည်နယ်နှင့် မလေးရှား နိုင်ငံသို့ ပို့ဆောင်မည့် ငွေကျပ် ၁၉၅.၈၅ ဘီလီယံခန့်တန်ဖိုးရှိ အိုက်စ် ၃၄၃၈ ကီလိုဂရမ်၊ ကတ်တမင်း ၂၁၉၈ ကီလိုဂရမ်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် မူးယစ်ဆေးဝါးသယ်ဆောင်လေ့ရှိသည့် လမ်းကြောင်းများ၌ စစ် ဆေးရှာဖွေဖော်ထုတ်ဖမ်းဆီးမှုများ တိုးမြှင့်လုပ်ဆောင်နေသကဲ့သို့ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်း ၍ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ပူးတွဲစစ်ဆင်ရေးများကို ဆောင်ရွက်ခြင်းများကြောင့် မူးယစ် ဆေးဝါးသယ်ဆောင်ရောင်းဝယ်သူများသည် ပင်လယ်ရေကြောင်း၏ အားသာချက်ကို အသုံးချ ကာ ရေလမ်းကြောင်းအား ပြောင်းလဲအသုံးပြုလာသည်ကို တွေ့ရှိရကြောင်း၊ ထို့အတူ AA အကြမ်း ဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့်လည်း မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်မှုများကို ပြုလုပ်ကာ ရရှိသည့်ငွေကြေးများဖြင့် လက်နက်၊ ခဲယမ်းများဝယ်ယူ၍ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ လက်နက်အားကိုးဖြင့် အပြစ်မဲ့ပြည်သူများအပေါ် အနိုင်ကျင့် နှိပ်စက် သတ်ဖြတ်ခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

သို့ဖြစ်၍ မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်ခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များကို မလို လားသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်တွင် ရှမ်းပြည်နယ်မှ မူးယစ်ဆေးဝါးများအား ရန်ကုန်မြို့မှတစ်ဆင့် ရခိုင်ပြည်နယ်နှင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့ရာ လှည်းကူးမြို့နယ်၊ လှည်းကူး-ဖောင်ကြီးလမ်းမပေါ်၌ ယာဉ်မောင်း အောင်ခန့်ကျော် နှင့် ယာဉ်နောက် လိုက် ထက်ဝေဖြိုး တို့ကို ၎င်းတို့မောင်းနှင်လာသည့် NISSAN CONDOR ယာဉ်ပေါ်မှ အိုက်စ် ၁၄၃၉ ကီလိုဂရမ်၊ တန်ဖိုးငွေကျပ် ၃၅.၉၇ ဘီလီယံခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ ၂ ဦး၏ ထွက်ဆိုချက်အရ စက်တင်ဘာ ၂၅ ရက်တွင် ရွှေပြည်သာမြို့နယ်၊ ဒညင်းကုန်း လမ်းဆုံအနီးရှိ “ရွှေမောင်း”လက်ဖက်ရည်ဆိုင်၌ မူးယစ်ဆေးဝါး သယ်ဆောင်မည့်ယာဉ်အား ငှားရမ်းချိတ်ဆက် ပေးသည့် ဇော်ဝင်းထွန်း နှင့် ဆန်းထွန်းကျော် တို့ ၂ ဦး အားလည်းကောင်း၊  ထန်းတပင်မြို့နယ်၊ စည်ပင်သာကျေးရွာရှိ နေအိမ်၌ မူးယစ်ဆေးဝါးများ သိုလှောင်သိမ်းဆည်းပေးသူ ဇော်လင်း၊ စောဇင်မင်းဟန် တို့ကို အိုက်စ် ၁၉၉၉ ကီလိုဂရမ်၊ တန်ဖိုးငွေကျပ် ၄၉.၉၇ ဘီလီယံခန့် နှင့်အတူ လည်း ကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသူများ၏ ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများအား သုံးခွမြို့နယ်၊ သမ္မစိတ္တ ကမ်းခြေမှ မလေးရှားနိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရသဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီး ရမိရေး ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၇ ရက်တွင် သမစိတ္တကျေးရွာအနီးရှိ နေအိမ်ဂိုဒေါင်၌ ဂိုဒေါင်ပိုင်ရှင်ဖြစ်သူ‌ ကျော်နိုင် နှင့် မူးယစ်ဆေးဝါးသယ်ဆောင်ပေးခဲ့သည့် ယာဉ်မောင်း/ယာဉ်မောင်း အကူများဖြစ်သော သက်ပိုင်ဦးရဲကိုဟိန်းထက်စိုးထက်နေလင်းဇင်မင်းလှိုင်ဝေဖြိုးအောင် တို့ကို ကတ်တမင်း ၂၁၉၈ ကီလိုဂရမ်၊ တန်ဖိုးငွေကျပ် ၁၀၉.၉ ဘီလီယံခန့်နှင့် မူးယစ်ဆေးဝါး သယ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် MITSUBISHI FUSO အဖြူရောင်ယာဉ် ၁ စီး၊ NISSAN VANETTE အဖြူရောင်ယာဉ် ၁ စီး၊ HYUNDAI PORTER အဖြူရောင်ယာဉ် ၁ စီး တို့နှင့်အတူ လည်းကောင်း၊ လှိုင်သာယာမြို့နယ်၊ ရေဉက္ကံကျေးရွာ၌ မူးယစ်ဆေးဝါးသယ်ဆောင်မည့် ယာဉ်မောင်းများအား ချိတ်ဆက်ပေးသူ စိုးမင်းပိုင် အားလည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး သတင်းဆက်အရ စက်တင်ဘာ ၂၈ ရက်တွင် လှိုင်သာယာမြို့နယ်၊ (၁၅)ရပ်ကွက်၊ Smile World Spa ဆိုင်၌ မူးယစ်ဆေးဝါးများ သိုလှောင်သိမ်းဆည်းပေးသူ ခင်မောင်တွတ် အားလည်းကောင်း၊ စက်တင်ဘာလ၂၉ ရက်တွင် တွံတေး မြို့နယ်၊ ဘုရားငူကျေးရွာ၌ တင့်နိုင်ထွန်း အားလည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဖြစ်စဉ်တွင် ဖမ်းဆီးရမိသူ ၁၆ ဦး၊ မော်တော်ယာဉ် ၄ စီးနှင့် အိုက်စ် ၃၄၃၈ ကီလိုဂရမ်၊ ကတ်တမင်း ၂၁၉၈ ကီလိုဂရမ်၊ စုစုပေါင်း မူးယစ်ဆေးဝါး တန်ဖိုးငွေကျပ် ၁၉၅.၈၅ ဘီလီယံခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသူများ၏ထွက်ဆိုချက်အရ ကာလိမြို့နေ စိုင်းနော်ခမ်း(ခ)ကိုစိုင်း (ဖမ်းဆီးရန် ကျန်)က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းဒေသမှ မူးယစ် ဆေးဝါးများကို ရမည်းသင်းမြို့သို့ ပို့ဆောင်ပေးခဲ့ရာ ရမည်းသင်းမြို့မှ ရန်ကုန်မြို့သို့ အောင်ခန့်ကျော် နှင့် ထက်ဝေဖြိုး တို့က ဆက်လက်သယ်ဆောင်ခဲ့ကြောင်း၊ စိုင်းနော်ခမ်း(ဖမ်းဆီးရန်ကျန်)၏ စေခိုင်း ချက်အရ ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများကို ဇော်လင်း ငှားရမ်းထားသည့် ထန်းတပင်မြို့နယ်၊ စည်ပင်သာကျေးရွာရှိ နေအိမ်၌ သိုလှောင်သိမ်းဆည်းထားစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်းနှင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများကို ခင်မောင်တွတ် က လှိုင်သာယာမြို့နယ်၌ ခေတ္တသိုလှောင်သိမ်းဆည်းပေးခဲ့ပြီး ၎င်းနေရာမှတဆင့် ပင်လယ်ကမ်းစပ်ဖြစ်သည့် သုံးခွမြို့နယ်၊ သမစိတ္တကျေးရွာရှိ ကျော်နိုင် ၏ ဂိုဒေါင်သို့ ပို့ဆောင်သိုလှောင်ခဲ့ကြောင်း၊ ဖမ်းဆီးရမိ သူ ကျော်နိုင် ၏ထွက်ဆိုချက်အရ ဂိုဒေါင်၌ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ စီးပွားရေးတာဝန်ခံများဖြစ်သည့် ရဲဇော်(ဖမ်းဆီးရန်ကျန်)နှင့် ချစ်မင်း(ဖမ်းဆီးရန်ကျန်)တို့က ပင်လယ်ရေလမ်းကြောင်းဖြင့် မလေးရှားနိုင်ငံသို့ ဆက်လက်ပို့ဆောင် ရန် စီစဉ်နေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

သို့ဖြစ်၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား ဥပဒေအရ ထိရောက်စွာအရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး တရားခံပြေးများ အပါအဝင် ကွင်းဆက်ပြစ်မှုကျူး လွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအနေဖြင့်လည်း မူးယစ် ဆေးဝါးသယ်ဆောင်သည့်သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင် ကြောင်းနှင့် သတင်းပေးသူနှင့် ပူးပေါင်းပါဝင်ဖမ်းဆီးပေးသူများအား လျှို့ဝှက်၍ ဆုငွေများ ထိုက်တန်စွာ ချီးမြှင့်ပေးမည်ဖြစ်ကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။