ကျောက်မဲမြို့အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်၊ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
နေပြည်တော်၊ ၂၀၂၅ အောက်တိုဘာ - ၆
တပ်မတော်က ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက် ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation)ကို တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) ရှိ ကျောက်မဲမြို့အား အလုံးစုံပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး အစိုးရအုပ်ချုပ်မှုယန္တရားများ ပြန်လည်လည်ပတ်နိုင်ရေးနှင့် မြို့ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင် ရန်အတွက် လိုအပ်သည့် ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူလူထုနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ပူးပေါင်း၍ ကျောက်မဲမြို့တွင် ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာ ကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရန်၊ ဒေသခံပြည်သူများ အန္တရာယ်ကင်းရှင်း စွာနှင့် စိတ်အေးချမ်းသာစွာ သွားလာနေထိုင်နိုင်ရန်အတွက် TNLA အကြမ်းဖက် သောင်းကျန်းသူပူးပေါင်းအဖွဲ့များက အများပြည်သူ သွားလာအသုံးပြုလျက်ရှိ သည့် နေရာများတွင် ယုတ်မာရိုင်းစိုင်းစွာ ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်း၊ နင်းမိုင်း၊ တိုက်မိုင်း များအား ယခုလ ၄ ရက်နေ့မှ စတင်၍ မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။
ထို့အပြင် ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်မှ ဆရာဝန်များ၊ သူနာပြုများ ပူးပေါင်း၍ ယခုလ ၅ ရက်နေ့မှစတင်၍ ကျောက်မဲမြို့ လာဘမုနိတရုတ်ဘုံကျောင်း၌ ယာယီဆေးရုံဖွင့်လှစ်ပြီး ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
၎င်းအပြင် ကျောက်မဲမြို့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်ရန်နှင့် မြို့သန့်ရှင်းသာယာလှပရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများစုပေါင်း၍ ကျောက်မဲမြို့အတွင်းရှိ အခြေခံ ပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးဝန်းအတွင်း/အပြင်နေရာများအား ချုံနွယ်ပေါင်းမြက် များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရန်အတွက် ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းစသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်း များနှင့် အခြားလိုအပ်သည်များကို အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်ပေးကြ သည်။
ထို့အပြင် စေတနာရှင်၊ အလှူရှင်များမှ ကျောက်မဲမြို့ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အမှတ်(၁) ရပ်ကွက်ရှိ ဒေသခံတိုင်းရင်းသား ပြည်သူများ အတွက် ဒံပေါက်၊ အအေးနှင့် ရေသန့်ဗူးများ ပေးအပ်လှူဒါန်းကြသည်။
၎င်းအပြင် ကျောက်မဲမြို့နယ် တည်ငြိမ်အေးချမ်းသာယာရေး၊ ရေရှည်ဖွံ့ဖြိုးတိုး တက်ရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အေးချမ်းစွာ လူမှုစီးပွားဘဝ လုပ်ကိုင်စား သောက်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုး ရေးတာဝန်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။