ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်ဘူတာကြီးနှင့် သုမင်္ဂလာဈေး(ညံတောဈေး) ၆ ထပ် အဆင့်မြင့် ဈေးသစ်တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှု

Thursday, October 2, 2025 - 18:15

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်ဘူတာကြီးနှင့် သုမင်္ဂလာဈေး(ညံတောဈေး) ၆ ထပ် အဆင့်မြင့် ဈေးသစ်တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ - ၂

ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ ညနေပိုင်းတွင် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ တာဝန်ရှိသူများလိုက်ပါ၍ ပြင်ဦးလွင်ဘူတာကြီး သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့ ဘူတာကြီးသို့ရောက်ရှိကြရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက မန္တလေး-လားရှိုး ရထားလမ်းပိုင်းရှိ ပြင်ဦးလွင်- နောင်ချို-ဂုတ်ထိပ်-ကျောက်မဲ ရထားလမ်းပိုင်းအား ပြန်လည်ပြေးဆွဲနိုင်ရေးအတွက်  အကြမ်းဖက် သောင်း ကျန်းသူများ၏ မိုင်းထောင်ဖောက်ခွဲခဲ့မှုကြောင့် ပျက်စီးခဲ့သည့် ဂုတ်ထိပ်-နောင်ပိန် ကြား ဂုတ်ထိပ်တံတားတိုင်အမှတ်(၁၆)နှင့် ကမ်းကပ်ခုံအမှတ်(၂) အကြား ထိခိုက်ပျက်စီးမှုအား ရှေးမူလပုံစံပါအတိုင်း သံဘောင်အသစ် အစားထိုးပြင်ဆင် ဆောင်ရွက်လျက်ရှိမှု၊ ပျက်စီး ခဲ့သည့် သံဘောင်အဟောင်းအား ဖယ်ရှားရှင်းလင်း၍ ယာယီအဖြစ် Way Beam သံဘောင်များထည့်သွင်းပြီး သံလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် ပျက်စီးခဲ့သည့်သံဘောင်နှင့် ပုံစံတူသံဘောင်သစ်အား ပြန်လည် ထုတ်လုပ်လျက်ရှိမှု၊ လမ်းပိုင်းတစ်လျှောက် တောချုံခုတ်ခြင်းနှင့် လမ်းပိုင်းများ ပြုပြင် ခြင်း၊ ထုံးဖို-ပြင်ဦးလွင်-နောင်ချို-ဂုတ်ထိပ်-ကျောက်မဲရထားလမ်းပိုင်း ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ခြင်းနှင့် ရထားလမ်းတစ်လျှောက် အကြမ်းဖက်သောင်းကျန်းသူများ ထောင် ထားသည့် မိုင်းများ ရှင်းလင်းခဲ့မှု အခြေအနေများ၊ ရထားသံလမ်း အစိတ်အပိုင်း များနှင့် ဆက်စပ် ပစ္စည်းများအား သောင်းကျန်းသူများက ဖျက်ဆီးခဲ့မှုများ၊ သံလမ်းဆက်ပြား ၃၈၃၂ ပြား၊ မူလီ ၁၇၁၈၈ လုံး၊ သံလမ်းထိန်းကလစ် ၁၆၃၁၁၅ ချောင်းတို့အား အကြမ်း ဖက်သောင်း ကျန်းသူများက ခိုးယူသွားမှုနှင့် အချိန်မီအစားထိုးတပ်ဆင်နိုင်ရေးဆောင် ရွက်လျက်ရှိမှု အခြေအနေများနှင့် ရထားလမ်းပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက် ရှိမှုအခြေ အနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အကြမ်းဖက်သောင်းကျန်းသူများ၏ မိုင်းခွဲ ဖျက်ဆီးမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဂုတ်ထိပ်တံတားပြုပြင်ခြင်း လုပ်ငန်းများနှင့် တံတား လုံခြုံရေးအတွက် လိုအပ်သည်များကိုလည်း စနစ်တကျဖြင့် ဆောင်ရွက်သွား ရန်လိုကြောင်း၊ အလားတူ ရထားလမ်းပိုင်းများအလိုက် ပြန်လည်ပြုပြင် ဆောင်ရွက်ခြင်း များဆောင်ရွက်ရာတွင်လည်း မီးရထားများ လုံခြုံချောမွေ့စွာဖြင့် ပြေးဆွဲနိုင်ရေး စနစ် တကျတွက်ချက်ဆောင်ရွက်ရန်လိုကြောင်း၊ ရထားလမ်းအတွက်လိုအပ်သည့်ကျောက်များ ကိုလည်း သတ်မှတ်ချက်နှင့်အညီ ထည့်သွင်းဆောင်ရွက်ရန်လိုကြောင်း၊ ရထားလမ်းပိုင်း တစ်လျှောက်ရှိ တံတားများ၏ ကြံ့ခိုင်ရေးကိုလည်း ပြန်လည်စစ်ဆေးပြီး လိုအပ်သည့် ပြုပြင်ထိန်းသိမ်းခြင်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားလမ်း ပိုင်းပြန်လည် ဖွင့်လှစ်ချိန်တွင် ရထားများ အဆင်ပြေချောမွေ့စွာဖြင့် ပြေးဆွဲဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြင်ဦးလွင်-ဂုတ်ထိပ်-နောင်ပိန် ရထားလမ်းပိုင်း၌ ပြည်တွင်း/ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင် သည့် ကျောက်မီးသွေးသုံးမီးရထားစက်ခေါင်းများ အသုံးပြု၍ပြေးဆွဲနိုင်ရေး ဆောင်ရွက် သွားရန်လိုကြောင်း၊ ယခုကျရောက်မည့် သီတင်းကျွတ်ကာလ အများပြည်သူရုံးပိတ်ရက် များတွင် ရန်ကုန်- နေပြည်တော်-မန္တလေး လူစီးရထားများ ထပ်မံတိုးချဲ့ပြေးဆွဲသွားရန် လိုအပ်ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် ဘူတာရုံအတွင်း လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူ များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့၊ သုမင်္ဂလာဈေး(ညံတောဈေး) ၆ ထပ် အဆင့်မြင့် ဈေးသစ်တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများ၊ နိုင်ငံတော်အကြီးအကဲ စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအား အကောင် အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ အထပ်အလိုက်ဆိုင်ခန်းများဖွင့်လှစ် နိုင် ရေး လျာထားဆောင်ရွက်လျက်ရှိမှု၊ ယာဉ်ရပ်နားသည့်နေရာများဆောင်ရွက်ထားရှိမှု၊ ရေဝင်ရေထွက်ကောင်းမွန်စေရေးနှင့် ရေဆိုးစွန့်ထုတ်မှုတို့အတွက် တွက်ချက်ဆောင်ရွက် ထားရှိမှုနှင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်ရေး ဆိုလာပြား များတပ်ဆင်ဆောင်ရွက်၍ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ပံ့ပိုးဆောင်ရွက်သွားမည့် အခြေအနေများ၊ စီမံကိန်းအား သတ်မှတ်ကာလ အတွင်းပြီးစီးနိုင်ရေးနှင့် ဆောက်လုပ်မှု စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိစေရေး ကြပ်မတ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ယခုအဆင့်မြင့်ဈေးသစ်တည်ဆောက်စေခြင်းသည် ပြင်ဦးလွင်မြို့၏ လူနေမှုထူထပ်လာမှုများ၊ ခရီးသွားလာမှု များပြားလာမှုများနှင့် ကိုက် ညီသည့် အဆင့်မီဈေးတစ်ခုဖြစ်ပေါ်လာစေရန်နှင့် ဒေသထွက်နှင့် အခြေခံသုံးကုန် ပစ္စည်းများကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်းရရှိနိုင်စေရန် ရည်ရွယ်ဆောင် ရွက်စေခဲ့ခြင်းဖြစ်ကြောင်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့်ကိုက်ညီသည့် အဆင့်မြင့်ဈေးဖြစ် ပေါ်လာစေရေး ကြပ်မတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်း များအားလုံးပြီးစီးပါက ဈေးဆိုင်ခန်းများ စနစ်တကျဖြစ်စေရေးအတွက်လည်း ကြပ်မတ် ဆောင်ရွက်သွားရန်လိုပြီး သန့်ရှင်းမှုရှိစေရေးကို အလေးထားဆောင်ရွက်သွားရန်နှင့် ရေ/ မီးစနစ်များ စနစ်တကျရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည် များကိုလမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ သည် သုမင်္ဂလာဈေး(ညံတောဈေး) ၆ ထပ် အဆင့်မြင့်ဈေးသစ် တည် ဆောက်ရေး စီမံကိန်းအတွင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။