တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ကျောက်မဲမြို့အား ပြန်လည်ထိန်းချုပ်၊ ကျောက်မဲ- နောင်ချို-ပြင်ဦးလွင် ပြည်ထောင်စုကားလမ်းပိုင်းတွင် ခရီးသွား ပြည်သူများနှင့် မော်တော်ယာဉ်များ ပုံမှန်အတိုင်း ပြည်လည်သွားလာနိုင်ရေး နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
နေပြည်တော်၊ ၂၀၂၅ အောက်တိုဘာလ ၁ ရက်
TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် ၂၀၂၁ ခုနှစ်၊ နိုင်ငံရေးဖြစ်စဉ် နှင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်ခဲ့သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသတိုက်ပွဲစဉ်များ၏ နောက်ဆက်တွဲအခြေအနေများကို အခွင့်ကောင်းယူ၍ အစိုးရအုပ်ချုပ်မှုယန္တရား ပျက်ပြားစေရေးနှင့် ၎င်းတို့၏ ပလောင်ပြည်နယ်ရရှိရေး စိတ်ကူးယဉ်အိမ်မက်ကို အကောင်အထည်ဖော်ရန်အတွက် နိုင်ငံရေးနည်းလမ်းဖြင့် ရယူခြင်းမရှိဘဲ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ဖြင့် ရယူရန်အတွက် EAO အဖွဲ့ အချို့၏ အကူအညီများရယူပြီး PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများကို ရှေ့ကာတပ်အဖြစ် အသုံးချကာ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း၌ ကျောက်မဲမြို့နှင့် နောင်ချိုမြို့အပါအဝင် မြို့/ရွာအချို့အား ခေတ္တစိုးမိုးထိန်းချုပ်ခဲ့သည်။
ထို့ကြောင့် တပ်မတော်အနေဖြင့် TNLA အဖွဲ့နှင့် DPLA ၊ PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများ ခေတ္တစိုးမိုးထားသည့် မြို့/ရွာများအား ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter– Terrorism Operation)များကို ဆောင်ရွက်ခဲ့ရာ နောင်ချိုမြို့အား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက် နေ့တွင် ပြန်လည်သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး အဆိုပါဒေသတွင် ကုန်စည်စီးဆင်းမှု အတွက် အဓိကအရေးပါသည့် ပြည်ထောင်စုလမ်းမကြီးဖြစ်သော မန္တလေး-လားရှိုး-မူဆယ် လမ်းမကြီးပေါ်ရှိ အဓိကလမ်းပိုင်းဖြစ်သည့် နောင်ချို-ကျောက်မဲလမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်နိုင်ရေး လိုအပ်သည့် နယ်မြေရှင်းလင်းရေး လုပ်ငန်းများကိုဆောင်ရွက်ခဲ့ရာ အဆိုပါလမ်းကြောင်းတွင် စစ်ဗျူဟာအရ အဓိက အရေးပါသည့် ဂုတ်တွင်းတံတား၊ နောင်ပစ်ကျေးရွာ၊ ကညင်ကုန်းကျေးရွာ၊ ဇီးပင်ကြီး ကျေးရွာနှင့် နောင်ပိန်ကျေးရွာတို့အား ပထမအဆင့်ထိန်းချုပ်နိုင်ရေး မြေပြင်အနေ အထားအရ အခက်အခဲ အတားအဆီးများစွာရှိသည့် ဂုတ်တွင်းတံတား၊ ဂုတ်ထိပ် မီးရထားလမ်းတံတားနှင့် ရှုခင်းသာ အပါအဝင် ပထမအဆင့် ထိန်းချုပ်ရမည့် အရေးကြီးနေရာများအား TNLA နှင့် မဟာမိတ်များ မမျှော်လင့်သောလမ်းကြောင်းမှ ချဉ်းကပ်ထိုးဖောက်လျက် ဩဂုတ်လ ၂၉ ရက်တွင် ပြန်လည်သိမ်းပိုက်ထိန်းချုပ် နိုင်ခဲ့သည်။
ဆက်လက်၍ တပ်မတော်စစ်ကြောင်းများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) ခရိုင်မြို့တော်ကြီးတစ်ခုဖြစ်သည့် ကျောက်မဲမြို့အား အမြန်ဆုံးသိမ်းပိုက်နိုင်ရေးနှင့် နောင်ချို-ကျောက်မဲ လမ်းပိုင်း အမြန်ဆုံးဖွင့်လှစ်နိုင်ရေး၊ TNLA နှင့် DPLA ၊ PDF အမည်ခံ ပူးပေါင်း အကြမ်းဖက်သောင်းကျန်းသူများအား တိုက်ခိုင်ချေမှုန်းနိုင်ရေး အတွက် လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများဆောင်ရွက်ခဲ့ပြီး စက်တင်ဘာ ၉ ရက်မှစ၍ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးဖြင့် မြေပြင်/ဝေဟင် ပေါင်းစပ်ညှိနှိုင်းကာ စစ်ကြောင်းများခွဲ၍ တန်ပြန်တိုက်စစ်များဖြင့် အဆင့်ဆင့် ထိုးဖောက်တိုက်ခိုက် ချေမှုန်းမှုဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်တွင် မန်ကွတ်ကျေးရွာ၊ စက်တင်ဘာ ၁၂ ရက်တွင် ပပုတ်ကျေးရွာ၊ စက်တင်ဘာ ၁၃ ရက်တွင် ခေးလောင်းကျေးရွာ၊ စက်တင်ဘာ ၁၅ ရက်တွင် ပန်းမလွတ်ကျေးရွာ၊ စက်တင်ဘာ ၁၇ ရက်တွင် ပိတက်ကျေးရွာနှင့် ပံတီးကျေးရွာ၊ စက်တင်ဘာ ၁၈ ရက်တွင် ကောင်းမှုလိန်ကျေးရွာ၊ စက်တင်ဘာ ၁၉ ရက်တွင် မန်ပန်ကျေးရွာ၊ စက်တင်ဘာ ၂၀ ရက်တွင် ပွိုင့်-၁၂၁၂ တောင်ကုန်း၊ ခိုက်တုန်ဟုန်းကျေးရွာနှင့် ကုန်းကော်ကျေးရွာ၊ စက်တင်ဘာ ၂၁ ရက်တွင် တောင်ဆေးလိပ်ကျေးရွာ(တောင်ပိုင်း)၊ တောင်ဆေးလိပ် ကျေးရွာ (မြောက်ပိုင်း)၊ စက်တင်ဘာ ၂၂ ရက်တွင် နားအိုက်ခမ်းကျေးရွာ၊ စက်တင်ဘာ ၂၅ ရက်တွင် မြင်းကွင်းကျေးရွာနှင့် နားချောင်းကျေးရွာ၊ စက်တင်ဘာ ၂၇ ရက်တွင် ခမ်းဆာကျေးရွာနှင့် မန်လွယ်ကျေးရွာ စက်တင်ဘာ ၂၉ ရက်တွင် ပင်တီးကျေးရွာ၊ စခန်းသာကျေးရွာ၊ လုံဝယ်ကျေးရွာ၊ နမ့်ဟူးကျေးရွာ၊ ပေါက်အံလေးကျေးရွာနှင့် ပေါက်အံကြီးကျေးရွာ၊ စက်တင်ဘာ ၃၀ ရက်တွင် နမ့်ဆောကျေးရွာ၊ ခိုမောင်း ကျေးရွာနှင့် ကောင်းအိုက်ကျေးရွာတို့နှင့် ၎င်းကျေးရွာများအနီး တစ်ဝိုက်ရှိ ရန်သူ့စခန်း ကုန်းများကို အဆင့်ဆင့်ပြန်လည် သိမ်းပိုက်ရရှိခဲ့ပြီး ယနေ့ အောက်တိုဘာ ၁ ရက် ညနေ ၄ နာရီခန့်တွင် အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တထိန်းချုပ်၍ နယ်မြေခံ တိုင်းရင်းသားများအပေါ် မတရားဖိနှိပ်ချုပ်ချယ်ထားသည့် ကျောက်မဲမြို့အား ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ၎င်းတို့၏ ပလောင်ပြည်နယ် ရရှိရေး စိတ်ကူးယဉ် အိမ်မက် များတွင်ပါဝင်သည့် မြို့/ရွာများအား တပ်မတော်စစ်ကြောင်းများက တစ်မြို့ပြီးတစ်မြို့ ပြန်လည်ထိန်းချုပ်ပြီး ၎င်းတို့၏ စိတ်ကူးယဉ်အိမ်မက်များကို တစ်ခုပြီးတစ်ခု ရိုက်ချိုး နိုင်ခဲ့ကာ ကျောက်မဲ-နောင်ချို-ပြင်ဦးလွင် ပြည်ထောင်စု ကားလမ်းပိုင်းအား ပြန်လည် စိုးမိုးထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်သည်။
ထိုသို့ အဆင့်ဆင့် ပြန်လည်တိုက်ခိုက်ထိန်းချုပ်ခဲ့ရာ စစ်ဆင်ရေးကာလ ၂၁ ရက်တာကာလအတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး ၃၆ ကြိမ်၊ ထိတွေ့မှု ပေါင်း ၇၆ ကြိမ်၊ စုစုပေါင်း ၁၁၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၆၁ လောင်း၊ လက်နက် ၄၁ လက်၊ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
TNLA ၊ DPLA နှင့် PDF အမည်ခံအကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူ များအနေဖြင့် ကျောက်မဲမြို့မှ ဆုတ်ခွာထွက်ပြေးစဉ် ကျောက်မဲမြို့မရဲစခန်း၊ EPC Station၊ ခရိုင်သစ်တောရုံး၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ မီးသတ်ဦးစီးဌာန အဆောက်အအုံ၊ စာသင်ကျောင်းများ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများအား ယုတ်မာရိုင်းစိုင်းစွာဖြင့် အသိတရားကင်းမဲ့စွာဖြင့် မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ခေတ္တ ထိန်းချုပ်စဉ်ကာလအတွင်း မြို့/ရွာများအတွင်းရှိ ဌာနဆိုင်ရာအဆောက်အအုံများ၊ ဆေးရုံများနှင့်လူနေအိမ်များတွင် ဘန်ကာများဆောက်လုပ်ပြီး တပ်မတော် စစ်ကြောင်း များအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒေသခံပြည်သူများ၏ အိုးအိမ်များကို ခံစစ်တံတိုင်း အဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့သည့်အပြင် ဒေသခံပြည်သူများ နေအိမ်များနှင့် ဈေးဆိုင်ခန်းများ အားဖောက်ထွင်း၍ တန်ဖိုးကြီး ပစ္စည်းများ၊ စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများကို အဓမ္မယူဆောင်ခြင်းများ လုပ်ဆောင်ခဲ့သဖြင့် ဒေသခံတိုင်းရင်းသားလူမျိုးပေါင်းစုံတို့ကလည်း အဆိုပါ အကြမ်းဖက် သောင်းကျန်းသူများအပေါ် လွန်စွာစက်ဆုတ်ရွံရှာ မုန်းတီးခြင်းနှင့်အတူ ကလေးသူငယ် များ၊ သက်ကြီးရွယ်အိုများအပါအဝင် ဒေသခံ ပြည်သူများသည် ဆင်းရဲမှု ဘေးဒုက္ခကြီး စွာဖြင့် နီးစပ်ရာ မြို့/ရွာများရှိ ဆွေမျိုးများ၏ နေအိမ်များ၊ ယာယီနေရပ်စွန့်ခွာ စခန်းများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
အလားတူ အကြမ်းဖက်သောင်းကျန်းသူများသည် တပ်မတော်စစ်ကြောင်း များနှင့် တိုက်ပွဲများဖြစ်ပွားစဉ်ကာလအတွင်း ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အပိုင်း မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၇၈/၂-၇၈/၃) အတွင်း တည်ရှိသည့် တံတားအမှတ်(၉/၈၄)၊ သံကူကွန်ကရစ်တံတား အားလည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၅ ရက်တွင် ဂုတ်တွင်းတံတား(အသစ်)နှင့် (အဟောင်း) နေရာနှစ်ခုကို ဒုတိယအကြိမ် မြောက်အဖြစ်လည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၄ ရက်တွင် မြန်မာနိုင်ငံ၏ အထင်ကရအမှတ်အသားနှင့် ကမ္ဘာကျော်ရှေးဟောင်း မီးရထားလမ်းတံတား တစ်စင်းဖြစ်သည့် ဂုတ်ထိပ်တံတား (ကျောက်မဲမြို့ဘက်အခြမ်း) အား လည်းကောင်း ယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းနှင့် နောင်ချို-ကျောက်မဲ လမ်းကြောင်းတစ်လျှောက်၌ လမ်းပန်းဆက်သွယ်ရေးများ အခက်အခဲဖြစ်စေရန်အတွက် အတားအဆီးများ ပြုလုပ်၍ လမ်းများပိတ်ဆို့ထားခြင်း တို့ကို လုပ်ဆောင်ခဲ့ကြသည်။
ထို့ကြောင့် တပ်မတော်စစ်ကြောင်းများက လမ်းကြောင်းတစ်လျှောက်ရှိ အတားအဆီးနေရာများအား လူအင်အား၊ စက်ယန္တရားများအသုံးပြု၍ ဖယ်ရှားရှင်းလင်း ခြင်းလုပ်ငန်းများနှင့် ဂုတ်တွင်းတံတားအား အများပြည်သူ ပြန်လည်အသုံးပြုနိုင်ရေး ပို့ဆောင်ဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးတို့အတွက် တပ်မတော်မှ စစ်မြေပြင် အင်ဂျင်နီယာတပ်ဖွဲ့ဝင်များက ယာယီသံဘောင်ဘေလီတံတားထိုးခြင်းလုပ်ငန်းများ ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၉ ရက်မှစ၍ နေ့/ညမပြတ် ကြိုးပမ်းဆောင်ရွက်ခဲ့ မှုကြောင့် အကြမ်းဖက် သောင်းကျန်းသူများ ဆင်ခြင်တုံတရားမဲ့စွာ မိုင်းထောင် ဖောက်ခွဲဖျက်ဆီး ခဲ့သည့် ဂုတ်တွင်းတံတား နေရာ၌ ယခုအခါ အလျား ၁၅၀ ပေ၊ တံတားအကျယ် ၁၈ ပေရှိ သံဘောင်ဘေလီအမျိုးအစား တံတားသစ်ကြီးကို စက်တင်ဘာ ၁၂ ရက်တွင် တည်ဆောက် ပြီးစီးခဲ့ပြီဖြစ်သည့်အတွက် တပ်မတော်စစ်ကြောင်းများက အဆိုပါ ကျောက်မဲ-နောင်ချို-ပြင်ဦးလွင် ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် ဒေသခံ ခရီးသွားပြည်သူများနှင့် မော်တော်ယာဉ်များ စိတ်အေးချမ်းသာစွာ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ရေး လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ကမ္ဘာ့သမိုင်းဝင် ဂုတ်ထိပ်မီးရထားလမ်းတံတား ပျက်စီးမှုအပိုင်းကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ အကူအညီဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှဝန်ထမ်းများကလည်း နေ့မအား၊ညမနား ပြုပြင်လျက် ရှိရာ ယခုအခါ ၅၉ ဒသမ ၁ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။
ယခုကဲ့သို့ နောင်ချိုမြို့မှ ၃၃ ကီလိုမီတာအကွာရှိ ကျောက်မဲမြို့အား ၂၁ ရက်တာကာလအတွင်း တပ်မတော်စစ်ကြောင်းများက ပြန်လည်သိမ်းပိုက်နိုင် ခြင်းမှာ အကြမ်းဖက်သောင်းကျန်းသူများ၏ လူမဆန်သောလုပ်ရပ်များ၊ အဓမ္မနိုင်ထက် စီးနင်းပြုမူမှုများနှင့် လူမျိုးရေးခွဲခြားမှု ပုံစံများအပေါ် ရွံရှာအော့နှလုံးနာနေကြသည့် ဒေသခံလူငယ်၊ လူလတ်နှင့် လူကြီးပိုင်း အပါအဝင် ပြည်သူလူထုတစ်ရပ်လုံးက အကြမ်းဖက်သောင်းကျန်းသူများ၏ လှုပ်ရှားမှုနှင့် တည်နေရာများအား နောင်ချိုမြို့ သိမ်းပိုက်ပြီးနောက်ပိုင်းမှစ၍ တပ်မတော်စစ်ကြောင်းများအပေါ် အားကိုးကြီးစွာဖြင့် အချိန်နှင့်တပြေးညီ သတင်းပေးပို့မှုအပေါ်တပ်မတော် စစ်ကြောင်းများကလည်း ပြည်သူသာအမိ၊ ပြည်သူသာအဖ ခံယူချက်အတိုင်း ဒေသခံပြည်သူများအပေါ် မိမိတို့၏ အမိအဖ၊ ဆွေမျိုးများကဲ့သို့ တစ်သားတည်း ထင်ဟပ်လျက် အကြမ်းဖက် သောင်းကျန်း သူများ၏ ဒုက္ခဘေးအန္တရာယ်မှ အမြန်ဆုံး လွတ်မြောက်စေရေး ရဲ ၃ ရဲ၊ မြဲ ၃ မြဲဖြင့် ရင်ကိုမြေကတုတ်လုပ်၍ တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်နှင့် လှေခွက်ချည်းကျန်အလံမလှဲသည့် စိတ်ဓာတ်တို့ဖြင့် တိုက်လိုခိုက်လိုစိတ် ပြင်းပြစွာ တိုက်ပွဲဝင်ခဲ့၍လည်း ရှမ်းပြည်နယ် (မြောက်ပိုင်း) ခရိုင်မြို့တော်ကြီးတစ်ခုဖြစ်သည့် ကျောက်မဲမြို့အား အမြန်ဆုံး ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ ကျောက်မဲမြို့အား ယနေ့တွင် တပ်မတော်က ပြန်လည်ထိန်းချုပ် နိုင်ခဲ့သည့်အတွက် ဒေသခံတိုင်းရင်းသားပြည်သူများကလည်း တပ်မတော်စစ်ကြောင်း များကို အောင်သပြေများ၊ ပန်းကုံးများဖြင့် ဝမ်းသာအားရ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြ သည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် နောင်ချိုမြို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးသကဲ့သို့ပင် ယာယီနေရပ်စွန့်ခွာနေကြရသည့် ဒေသခံ တိုင်းရင်းသားမိဘပြည်သူများနှင့် ဆွေမျိုးများ ပြန်လည်ဝင်ရောက်၍ အေးချမ်းစွာ လုပ်ကိုင်စားသောက်နေထိုင်နိုင်ရေး၊ အစိုးရ အုပ်ချုပ်မှုယန္တရားများ အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရေး၊ အဆိုပါဒေသတည်ငြိမ် အေးချမ်းရေးတို့အတွက် အကြမ်းဖက် ချေမှုန်းမှုစစ်ဆင်ရေး (Counter– Terrorism Operation)များကို ဒေသခံပြည်သူ များနှင့် ပူးပေါင်းကာ ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက် သွားမည်ဟု သိရှိရသည့် အပြင် အနာဂတ်၏ ခေါင်းဆောင်များ ဖြစ်လာမည့်ရင်သွေးငယ် သား/သမီးများကလည်း ပညာရည်နို့ သောက်ယူနိုင်မည့် အခွင့်အရေးများ ရရှိလာတော့မည်ဖြစ်သလို ဒေသခံ ပြည်သူများအနက် အသက် ၁၈ နှစ်ပြည့်ပြီးသူများသည်လည်း မကြာမီကျင်းပပြု လုပ်တော့မည့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲကြီးတွင် အချိန်မီ မဲပေးနိုင်တော့မည့် နိုင်ငံသားအခွင့်အရေးများကိုလည်း အပြည့်အဝ ခံစားကြရတော့မည်ဖြစ်၍ အထူးပင် ဝမ်းမြောက်ဂုဏ်ယူနေကြကြောင်း မြေပြင် သတင်းရရှိ ပါကြောင်းဖြင့် ကျောက်မဲမြို့အား ပြန်လည် သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သည့် သတင်းအား တိုက်ပွဲဝင်ရှေ့တန်းရောက် တပ်မတော်သားများနှင့်အတူ ဂုဏ်ယူ ဝံ့ကြွားစွာဖြင့် မြဝတီရုပ်မြင်သံကြားမှ သတင်းကောင်းတစ်ခု တင်ဆက်လိုက်ရပါ သည်။