​​​​​​​ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာဇက်စတန်နိုင်ငံ၊အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးနန်းတော်နှင့်အမျိုးသားပြတိုက်တို့သွားရောက်လေ့လာ

Sunday, September 28, 2025 - 16:15

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာဇက်စတန်နိုင်ငံ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးနန်းတော်နှင့် အမျိုးသားပြတိုက် တို့သို့ သွားရောက်လေ့လာ

နေပြည်တော် စက်တင်ဘာ - ၂၈

ကာဇက်စတန်နိုင်ငံသမ္မတ  H.E.Mr. Kassym-Jomart Tokayev ၏ ဖိတ်ကြား ချက်အရ ကာဇက်စတန်နိုင်ငံ၊ အက်စတာနာမြို့သို့ ရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ခရီးစဉ်တွင်လိုက်ပါ လာသည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသား ပြန် လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးနန်းတော်နှင့် အမျိုးသားပြတိုက်တို့သို့ သွားရောက် ကြည့်ရှုလေ့လာသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးနန်းတော်

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးနန်းတော်သို့ ရောက်ရှိကြရာ နန်းတော်မှ General Director  Mr. Yakupov Daniyar Abaevich နှင့်တာ၀န်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များအား အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်း ချမ်းရေးနန်းတော်မှ General Director  Mr. Yakupov Daniyar Abaevich နှင့်တာ၀န်ရှိသူများက ဧည့်ခန်းမဆောင်တွင်တွေ့ဆုံ၍ ကာဇက်စတန်နိုင်ငံ၏ သမိုင်းကြောင်းဆိုင်ရာနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး နန်းတော်ဆိုင်ရာများ၊ ကာဇက်စတန်နိုင်ငံတွင်လူမျိုးပေါင်း ၃၀၀ ကျော်ရှိပြီး လူမျိုးစု များအကြားငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရန်လိုအပ်သည့်အတွက် အမျိုးသားပြန် လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး နန်းတော်ကို တည်ဆောက်ခဲ့မှုနှင့် အမျိုးသားရေး ညီလာခံကို နှစ်စဉ်လက်ခံကျင်းပဆောင်ရွက်လျက်ရှိမှု၊ လူမျိုးစုများအချင်းချင်း ချစ် ကြည်မှုနှင့်နားလည်မှုရှိအောင်ဆောင်ရွက်သွားရန်လိုအပ်မှု၊ ကာဇက်စတန်နိုင်ငံ ရှိ ဘာသာရေးဆိုင်ရာခေါင်းဆောင်များအစည်းအဝေးကိုလည်း လက်ခံကျင်းပခဲ့မှုနှင့် နန်းတော်အတွင်း ငြိမ်းချမ်းရေးနှင့် ဘာသာရေးဆိုင်ရာအခမ်းအနားများ ကျင်းပပြုလုပ် ခဲ့မှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မြန်မာနိုင်ငံသည်လည်း တိုင်းရင်းသား လူမျိုးများ အတူတကွစုပေါင်းနေထိုင်လျက်ရှိသည့် ပြည်ထောင်စုနိုင်ငံဖြစ်ပြီး ငြိမ်းချမ်း စွာအတူယှဉ်တွဲနေထိုင်ရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ကြိုးပမ်းဆောင် ရွက်လျက်ရှိသည့်အခြေအနေများအား ပြန်လည်ဆွေးနွေးပြောကြားပြီး ကာဇက်စတန် နိုင်ငံဆိုင်ရာများ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးနန်းတော်ဆိုင်ရာ များနှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းဆွေးနွေးသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးနန်းတော်အတွင်းရှိ ကဇာတ်ရုံခန်းမကြီးနှင့် နန်းတော်အတွင်း လှည့်လည် ကြည့်ရှုကြလေ့လာကြပြီး တာဝန်ရှိသူများ၏ ရှင်းလင်းပြောကြားမှုများအပေါ် သိရှိလို သည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။

အဆိုပါ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးနန်းတော်သည် ပိရမစ်ပုံစံ ဒီဇိုင်းရေးဆွဲတည်ဆောက်ထားသည့် ခေတ်မီအဆောက်အအုံတစ်ခုဖြစ် ကာ စုစုပေါင်း ဧရိယာစတုရန်းပေ ၃၀၀,၀၀၀ (စတုရန်းမီတာ ၂၈,၀၀၀)ကျယ်ဝန်းပြီး ၆၂ မီတာ(၂၀၃ ပေ)မြင့်သော ခမ်းနားထည်ဝါသည့်အဆောက်အအုံတစ်ခုဖြစ်ကြောင်း၊ ဘာသာရေးအခမ်းအနားများအပြင် ဖျော်ဖြေပွဲများ၊ ရုပ်ရှင်ပွဲတော်များနှင့် အမျိုး သားရေး ညီလာခံအခမ်းအနားများကျင်းပရာ အဆောက်အအုံတစ်ခုလည်းဖြစ်ပြီး ကာဇက်စတန်နိုင်ငံအတွက် အရေးပါသောနေရာတစ်ခုဖြစ်ကြောင်း သိရှိရသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးနန်းတော်အတွင်း လှည့်လည် ကြည့်ရှုအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌက အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

 

 

အမျိုးသားပြတိုက်

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အမျိုးသားပြတိုက်သို့ ရောက်ရှိကြရာ ပြတိုက်မှ အထွေထွေရေးရာ ဒုတိယညွှန်ကြားရေးမှူး Mr. Sairan Temirgalievich နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အမျိုးသားပြတိုက်အတွင်း လှည့်လည်၍ ကာဇက်စတန်လူမျိုးနှင့်နိုင်ငံတို့၏  သမိုင်းကြောင်း နောက်ခံအကြောင်းအရာများ၊ အဆင့်ဆင့်ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုများ၊ ရိုးရာဓလေ့ထုံးတမ်းစဉ်လာဆိုင်ရာများ၊ ဖွံ့ဖြိုးတိုးတက်မှုများကို လှည့်လည်ကြည့်ရှုလေ့လာကြပြီး တာဝန်ရှိသူများ၏ ရှင်း လင်းပြောကြားမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။

အဆိုပါ ကာဇက်စတန်နိုင်ငံအမျိုးသားပြတိုက်သည် အာရှအလယ်ပိုင်းတွင် အကြီးမားဆုံးနှင့် အဆန်းသစ်ဆုံးပြတိုက်တစ်ခုဖြစ်ကာ ၂၀၁၄ ခုနှစ်တွင် စတင်ဖွင့် လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြတိုက်တွင် ခန်းမ ၁၁ ခုပါဝင်ပြီး အဆိုပါခန်းမများတွင် ယခင် ခေတ်မှ ယခုအချိန်ထိ ဖြစ်ပေါ်ခဲ့သော ကာဇက်စတန်နိုင်ငံ၏သမိုင်းကြောင်းနှင့် ယဉ် ကျေးမှုများစွာကို ပုံဖော်ပြသထားကြောင်း၊ အမျိုးသားပြတိုက်အား အပတ်စဉ် တနင်္လာနေ့တိုင်းပိတ်၍ အင်္ဂါနေ့မှ တနင်္ဂနွေနေ့အထိ ၁၀၀၀ နာရီမှ ၁၈၀၀ နာရီအထိ ဖွင့်လှစ်ထားရှိကြောင်း၊ လာရောက်လေ့လာကြသူများအနေဖြင့် ကာဇက်စတန်နိုင်ငံ ၏ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းများကိုသိရှိနိုင်ရန်အတွက် ကာဇက်စတန်ဘာသာ စကား၊ ရုရှားဘာသာစကားနှင့် အင်္ဂလိပ်ဘာသာစကားများဖြင့် ရေးသားဖော်ပြထား သည်ကို တွေ့ရှိရသည်။

ပြတိုက်အတွင်း ပြကွက်တစ်ခုချင်းစီအလိုက် လေ့လာကြည့်ရှုမှုအပြီးတွင် အက်စတာနာမြို့ဆိုင်ရာပြခန်း၌ မြို့ပြစီမံ အုပ်ချုပ်ရေးအဖွဲ့မှ Mr. Smogulov Nurasyl  က ယခင်ကမြို့တော်ဖြစ်သည့် အာမာတီမြို့မှ ယခုအက်စတာနာမြို့နေရာသို့ မြို့ပြ အခြေခံအကွက်ချပုံစနစ်တကျရေးဆွဲ၍ ၂၀၀၀ ခုနှစ် ဇွန်လ ၆ ရက်နေ့ကစပြီး တည် ဆောက်ခဲ့မှု၊ စတင်ဆောင်ရွက်ခဲ့စဉ်က လူဦးရေ ၈ သိန်းခန့်အထိနေထိုင်နိုင်ရေး အခြေ ခံ အဆောက်အဦများ၊ လမ်းပန်းဆက်သွယ်မှုများနှင့် အခြားလိုအပ်ချက်များကို ထည့် သွင်းတွက်ချက်ဆောင်ရွက်ခဲ့သော်လည်း နောက်ပိုင်းတွင် တိုးတက်လာသော လူဦးရေ နှင့်အညီ ထပ်မံတိုးချဲ့ဆောင်ရွက်လျက်ရှိမှု၊ ခေတ်မီနည်းစနစ်များဖြင့် မြို့ပြအား ဆက် လက်ထိန်းသိမ်းဆောင်ရွက်လျက်ရှိမှု တို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ က သိရှိ လိုသည်များပြန်လည်မေးမြန်းဆွေးနွေးသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့် ပြတိုက်မှ အထွေထွေရေးရာ ဒုတိယညွှန်ကြားရေးမှူး Mr. Sairan Temirgalievich ၊ မြို့ပြစီမံအုပ်ချုပ်ရေးအဖွဲ့မှ Mr. Smogulov Nurasyl တို့ သည် အမှတ်တရလက်ဆောင်ပစ္စည်းအပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိ သည်။