တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပလျက်ရှိသည့်  (၁၂)ကြိမ်မြောက် ပေကျင်း ရှန်းစန်း ဖိုရမ် (12th Beijing Xiangshan Forum ) သို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်

Thursday, September 18, 2025 - 16:30

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပလျက်ရှိသည့်  (၁၂)ကြိမ်မြောက် ပေကျင်း ရှန်းစန်း ဖိုရမ် (12th Beijing Xiangshan Forum ) သို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သည့်  ကိုယ်စားလှယ်အဖွဲ့တက်ရောက်

နေပြည်တော် စက်တင်ဘာ ၁၈

တရုတ်ပြည်သူ့သမ္မတနိုင်ငံ President of China Association for Military Science နှင့် President of China Institute for International Strategic Studies တို့၏ ဖိတ်ကြားချက်အရ ပေကျင်းမြို့၌ ကျင်းပမည့် (၁၂)ကြိမ်မြောက် ပေကျင်း ရှန်းစန်း ဖိုရမ် (12th Beijing Xiangshan Forum )သို့ တက်ရောက်ရန် ပေကျင်းမြို့ သို့ ရောက်ရှိနေသည့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ပေကျင်းမြို့ ပါယိခန်းမ (Bayi Hall)၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်ကြီး တုန်ကျွင်း (Admiral Dong Jun) နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ စစ်ဘက်နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် တိုးမြှင့်ဆောင်ရွက်ရေး ၊ လေ့ကျင့်ရေးနှင့် သင်တန်းသားများစေလွှတ်ရေး ၊ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေးတို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် (12th Beijing Xiangshan Forum) ဖွင့်ပွဲအခမ်းအနားနှင့် စုံညီအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ကြသည်။ ဖွင့်ပွဲ အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး ဗိုလ်ချုပ်ကြီး တုန်ကျွင်းက အဖွင့်မိန့်ခွန်း ပြောကြားသည်။ ယင်းနောက် အစီအစဉ်များကို ဆက်လက် ကျင်းပရာ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက Forum ၏ စုံညီအစည်းအဝေး ဒုတိယအပိုင်း (2nd Plenary Session ) သို့ ဆက်လက် တက်ရောက်၍ Strategic Mutual Trust and Security Cooperation in the Asia-Pacific Region ခေါင်းစဉ်ဖြင့် Plenary  Speech ကို ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ကျင်းပသည့် (၁၂)ကြိမ်မြောက် ပေကျင်း ရှန်းစန်း ဖိုရမ် (12th Beijing Xiangshan Forum )သို့ နိုင်ငံပေါင်း (၁၀၀)ကျော်မှ ကာကွယ်ရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဦးစီးချုပ်များနှင့် ကျွမ်းကျင်သူများ ကိုယ်စားလှယ် စုစုပေါင်း ၅၀၀ ကျော် တက်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။