မြန်မာနိုင်ငံသို့ နှစ်နိုင်ငံလေတပ်များအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်အတွက်          Bilateral Engagement Activities ဆိုင်ရာ လှုပ်ရှားမှုများဆောင်ရွက်ရန်ရောက်ရှိနေသည့် ထိုင်းဘုရင့်လေတပ်မှ Air Chief Marshal Punpakdee Pattanakul ဦးဆောင်သော ကိုယ်စား

Thursday, September 18, 2025 - 16:30

မြန်မာနိုင်ငံသို့ နှစ်နိုင်ငံလေတပ်များအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်အတွက်          Bilateral Engagement Activities ဆိုင်ရာ လှုပ်ရှားမှုများဆောင်ရွက်ရန်ရောက်ရှိနေသည့် ထိုင်းဘုရင့်လေတပ်မှ Air Chief Marshal Punpakdee Pattanakul ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့သွားရောက်လေ့လာ

နေပြည်တော်၊ ၂၀၂၅ စက်တင်ဘာ-၁၈

                   ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၏ ဖိတ်ကြားချက်အရ မြန်မာ-ထိုင်း နှစ်နိုင်ငံလေတပ်များအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်အတွက် Bilateral Engagement Activities ဆိုင်ရာလှုပ်ရှားမှုများဆောင်ရွက်ရန် မြန်မာနိုင်ငံသို့ရောက်ရှိနေသော ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul နှင့် ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကမ္ဘာအေးဘုရားနှင့် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော် ကြည်ညို ခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ သွားရောက်လည်ပတ်ကြည့်ရှုခဲ့ကြသည်။       

                   အဆိုပါကိုယ်စားလှယ်အဖွဲ့သည် ယနေ့နေ့လယ်ပိုင်းတွင် မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်မှ  ထိုင်းနိုင်ငံသို့ ထိုင်းဘုရင့်လေတပ်မှ ATR-72 လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့ကြရာ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာထိုင်းဘုရင့်လေတပ်စစ်သံမှူးနှင့် တာဝန် ရှိသူတို့က ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။