အိန္ဒိယတပ်မတော်(ကြည်း၊ ရေ ၊ လေ)မှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ရောက်ရှိ နေပြည်တော် စက်တင်ဘာ ၁၆

Tuesday, September 16, 2025 - 17:00

          မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်နှစ်ရပ်အကြား အပြန်အလှန် ခင်မင်ယုံကြည်မှု ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်လာစေရန်နှင့် ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ လေ့လာရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရန်အတွက် COL SHRIKANT JETHI ဦးဆောင်ပြီး အိန္ဒိယတပ်မတော်(ကြည်း၊ရေ၊လေ)မှ အရာရှိ၊စစ်သည်များပါဝင်သော အိန္ဒိယတပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်သို့ရောက်ရှိရာ နေပြည်တော်တိုင်းစစ်ဌာချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး နေအောင်စိုး၊ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး JASWINDER S GILL တို့က လေဆိပ်၌ကြိုဆိုနှုတ်ဆက်ကြသည်။

          ညနေပိုင်းတွင် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဆင်ဖြူတော်များ အား လေ့လာကြည့်ရှုကြသည်။  

          အဆိုပါ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တွင် COL SHRIKANT JETHI ဦးဆောင်သည့် အိန္ဒိယတပ်မတော်(ကြည်း၊ ရေ ၊ လေ )မှ အရာရှိ ၊ စစ်သည် စုစုပေါင်း  ၁၂၀ ဦး လိုက်ပါလာပြီး နေပြည်တော်ရှိ တန်ခိုးကြီးဘုရားများနှင့် အထင်ကရနေရာများသို့ စက်တင်ဘာ ၁၉ ရက်အထိ လေ့လာလည်ပတ်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။