နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတ မစ္စတာဟန်ကျင့် နှင့် တွေ့ဆုံဆွေးနွေး နေပြည်တော်   စက်တင်ဘာ   ၁၆

Tuesday, September 16, 2025 - 16:30

          တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့တွင် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယ သမ္မတ မစ္စတာဟန်ကျင့်အား ယနေ့ညနေပိုင်းတွင် နန်နင်းမြို့ရှိ လိယွမ်နိုင်ငံတော်ဧည့်ဂေ ဟာ၌  တွေ့ဆုံဆွေးနွေးသည်။

          တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက် ရေးဆိုင်ရာ လုပ်ငန်းများ  ဆက်လက်တိုးမြှင့်ဖော်ဆောင်ရေး၊   နှစ်နိုင်ငံအပြန်အလှန် အထောက်အကူပြုလျက်ရှိသည့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြား မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနှင့် အွန်လိုင်းလိမ်လည်မှု အပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင် ရွက်ရေး၊ တရုတ်နိုင်ငံအနေဖြင့် မန္တလေးငလျင်ကြီးအပါအဝင် လူသားချင်းစာနာ ထောက်ထား မှုဆိုင်ရာ ကိစ္စရပ်များတွင် ဆက်လက်ပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အပြန်အလှန်ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီ သန်း၊ ဦးချစ်ဆွေ၊ ဒေါက်တာသက်ခိုင်ဝင်း ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေနှင့်   တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတနှင့်အတူ ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ CPC ပါတီအတွင်းရေးမှူး မစ္စတာချန်ကန်း၊ အုပ်ချုပ်ရေးမှူး မစ္စတာဝေတောင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ကြီး မစ္စမာကျား နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

          ညပိုင်းတွင် နိုင်ငံတော်ဝန်ကြီးချုပ်သည် (၂၂) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးဖိုရမ် ဂုဏ်ပြု ညစာစားပွဲသို့ အာဆီယံနိုင်ငံများ၊ ဖိတ်ကြားထားသည့် နိုင်ငံများမှ အကြီးအကဲများနှင့်အတူ တက်ရောက်ခဲ့ ကြောင်း သတင်းရရှိသည်။