ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အမိန့်အမှတ်၊   ၇  /၂၀၂၅ ၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော်  ၅   ရက် (၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ  ၁၁  ရက်) လွတ်ငြိမ်းချမ်းသာခွင့်အမိန့်

Thursday, September 11, 2025 - 20:00

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ

အမိန့်အမှတ်၊   ၇  /၂၀၂၅

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော်  ၅   ရက်

(၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ  ၁၁  ရက်)

လွတ်ငြိမ်းချမ်းသာခွင့်အမိန့်

              ယာယီသမ္မတ သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ(ခ)တွင် ပြဋ္ဌာန်းထားသည့် အခွင့်အာဏာကို ကျင့်သုံးလျက် စစ်တွေခရိုင်တရားရုံးက ရာဇဝတ်ကြီးအမှုအမှတ်၊ ၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅၊ ပုဒ်မခွဲ(ခ)နှင့် ရာဇဝတ်ကြီး အမှုအမှတ်၊ ၃/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ  ၁၂၂ ၊ ပုဒ်မခွဲ(၁)တို့အရ ပြစ်မှုထင်ရှားစီရင်ခဲ့သဖြင့် ပြစ်ဒဏ်ကျခံခဲ့ရပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ ပြန်လည်လွတ်မြောက်လာခဲ့သည့် ဒေါက်တာအေးမောင် သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသော နိုင်ငံတော်၏ ဦးတည်ချက်များကို အစဉ်တစိုက် မမှိတ်မသုန် စွဲမြဲစွာ ခံယူစောင့်ထိန်းသွားမည်ဟု သန္နိဋ္ဌာန်ပြုကာ စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ရန် ကတိကဝတ်ပြုမှုအရ ၎င်းအပေါ် ပြစ်မှုထင်ရှားစီရင်ထားသည့်  ပြစ်မှုနှင့် ပြစ်ဒဏ်များအား အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။

 

                                                                                                                          ပုံ

 

မင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး

ယာယီသမ္မတ