KIA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် AA နှင့် PDF အမည်ခံ အကြမ်း ဖက်သမားများနှင့်ပူးပေါင်း၍ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းရှိ နယ်စပ်ဒေသကုန်သွယ် ရေးအတွက် အရေးပါသော ဗန်းမော်-တာဆိုင်း-မြို့သစ်-လိုင်ဇာ လမ်းကြောင်း၊ ဗန်းမော်-မိုးမောက်-တာဆိုင်း-လိုင်ဇာလမ်းကြောင်း၊ ဗန်းမော်-မိုးမောက်-လွယ်ဂျယ် လမ်းကြောင်း များအား ထိန်းချုပ်နိုင်ရေးအတွက် ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်မှစ၍ တရုတ်-မြန်မာနှစ်နိုင်ငံကြားနယ်မြေထိစပ်လျက်ရှိသော ကချင်ပြည်နယ်၊ အရှေ့ဘက်ရှိ နယ်မြေလုံခြုံရေးစခန်းများနှင့် ဒေါ့ဖုန်းယန်မြို့၊ မြို့သစ်မြို့၊ တာဆိုင်းရွာများအား အင်အားအလုံး အရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ယာယီထိန်းချုပ်ထားခဲ့သည်။
ယင်းနောက် မိုးမောက်မြို့ရှိ တစ်ခုတည်းသော နယ်မြေခံလုံခြုံရေးတပ်ရင်းအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၄ ရက်မှစ၍ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နယ်မြေခံတပ်ရင်းမှ အရာရှိ၊ စစ်သည်၊ ရဲမေများ အနေဖြင့် ကြံ့ကြံ့ခိုင်ခိုင် ပြန်လည်ခုခံ တိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်သောင်းကျန်းသူများအထိနာ၍ ဇွန်လ ၂၅ ရက်နေ့တွင် မိုးမောက်မြို့နှင့် အနီးဝန်းကျင်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
ထို့နောက်အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည် လူအင်အားထပ်မံ ဖြည့်တင်းခြင်း၊ မိုးမောက်မြို့တွင်းရှိ ပြည်သူလူထုနေအိမ်များအား ဖောက်ထွင်း၍ လိုအပ်သည့်ရိက္ခာ၊ ဆေးပစ္စည်းများအား အဓမ္မယူဆောင်ခြင်း၊ လူသစ်စုဆောင်းခြင်း များ ဆောင်ရွက်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် လက်နက်ကြီးများ၊ Drone များဖြင့် Drop Bomb များကြဲချတိုက်ခိုက်ခြင်းနှင့် လူအင်အားအမြောက်အများ အသုံးပြု၍ မိုးမောက်မြို့ရှိ နယ်မြေခံတပ်ရင်းအား ထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မဆုတ်မနစ်သော စိတ်ဓာတ်များဖြင့် ကြံ့ကြံ့ခံခုခံ တိုက်ခိုက်ခဲ့သော်လည်း အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ၏ သာလွန် အင်အား အသုံးပြု၍ တိုက်ခိုက်လာမှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက် ကျဆုံးမှုအနည်းဆုံးဖြစ်စေရေးအတွက် သြဂုတ်လ ၁၈ ရက်တွင် ကြားခံစစ် အဆင့်ဆင့်ဖြင့် ဗန်းမော်မြို့သို့ စနစ်တကျဆုတ်ခွာ၍ ဗန်းမော်မြို့မှ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် ပူးပေါင်းခဲ့ရသည်။
ယင်းနောက် တပ်မတော်စစ်ကြောင်းများအနေဖြင့် ဗန်းမော်မြို့၌ စနစ်တကျ ပြင်ဆင်စုဖွဲ့မှုများဆောင်ရွက်ခဲ့ပြီးနောက် သြဂုတ်လ ၂၀ ရက်တွင် မိုးမောက်မြို့အား အင်အားအလုံးအရင်းဖြင့် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သောင်း ကျန်းသူပူးပေါင်းအဖွဲ့များ အထိနာခဲ့သည်။
ဆက်လက်၍ တပ်မတော်စစ်ကြောင်းများအနေဖြင့် မိုးမောက်မြို့ရှိနယ်မြေခံ တပ်ရင်းအား ပြန်လည်သိမ်းပိုက်ရရှိနိုင်ရေး အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်လျက် ရှိချိန်တွင် အထိနာလျက်ရှိသော အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေ ဖြင့် စစ်မျက်နှာပြောင်းလဲ၍ မိုးမောက်မြို့သို့ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော တပ်မတော်စစ်ကြောင်းများအားလက်နက်၊ခဲယမ်း၊ ရိက္ခာများ အဓိကထောက်ပံ့ပေး လျက်ရှိသည့် ဗန်းမော်မြို့ရှိ လေယာဉ်ကွင်း၊ တပ်ရင်းဌာနချုပ်များအား ပိတ်ဆို့ ဖြတ် တောက်နိုင်ရေးအတွက် ဗန်းမော်မြို့ဒေသခံပြည်သူလူထုအတွင်း ဒေသခံများအသွင် စိမ့်ဝင်နေထိုင်လျက်ရှိသည့် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကူအညီများ ရယူ ကာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့မှစ၍ ၂ လအတွင်း ဗန်းမော်မြို့အားအပြီး သိမ်း ပိုက်ရန်ကြွေးကြော်လျက် ဗန်းမော်မြို့တွင်းသို့ တောင်ဖက်နှင့် မြောက်ဖက် ၂ ဖက်ညှပ် ၍တပ်မဟာအလိုက် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗန်းမော်မြို့ရှိ ပြည်သူလူထုအချို့အနေဖြင့် စိုးရိမ်ထိတ်လန့်ခဲ့ကြရပြီး နေရပ်စွန့်ခွာထွက်ပြေး၍ ဘေးလွတ်ရာသို့ တိမ်းရှောင်နေခဲ့ရသည်။
အလားတူ မံစီမြို့အား အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်၍ ခေတ္တ စိုးမိုးထားသည့် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည်လည်း မံစီ-ဗန်းမော်လမ်းကြောင်းအတိုင်းထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ရာဗန်းမော်မြို့ တောင်ဘက်ရှိ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့မှုများဖြစ်ပွားခဲ့သည်။
ထို့အပြင်အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေဖြင့် ဗန်းမော်မြို့၏ ဆက်သွယ်ရေးလမ်းကြောင်းများအားဖြတ်တောက်ပိတ်ဆို့ခြင်းများကြောင့် ဒေသတွင်း ကုန်စည်စီးဆင်းမှုခေတ္တရပ်တန့်သွားခဲ့ရသဖြင့် ဒေသအတွင်းကျန်ရှိသည့်ဒေသခံများ၏ စားရေး၌ အခက်အခဲ၊ အကြပ်အတည်းများဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ သို့ဖြစ်၍ အစိုးရနှင့် တပ်မတော်မှ ဒေသခံပြည်သူများ၏ စားသောက်နေထိုင်ရေးအတွက် ဧရာဝတီမြစ်ကြောင်းအတိုင်း သင်္ဘောကြီးများဖြင့် လိုအပ်သည့် ထောက်ပံ့ပို့ဆောင်ရေး များ ဆောင်ရွက်ပေးခဲ့ရာတွင်လည်း အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ဧရာဝတီမြစ်ကြောင်းဝဲ/ယာတစ်လျှောက်ရှိ ကျေးရွာအချို့တွင် အတင်းအဓမ္မ ခြိမ်း ခြောက်ဝင်ရောက်နေရာယူလျက် သင်္ဘောများအား အဝေးမှနှောင့်ယှက်ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb ချတိုက်ခိုက်ခြင်း စသည့်အဖျက်အမှောင့်လုပ်ရပ်ကို လုပ် ဆောင်ခဲ့သည်။
ဗန်းမော်မြို့အနီးဝန်းကျင်ရှိ တပ်ဌာနချုပ်များ၊ တပ်စခန်းများမှ လုံခြုံရေး တပ်ဖွဲ့ ဝင်များအနေဖြင့်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်လာသည့် အကြမ်းဖက် သောင်းကျန်းသူပူးပေါင်းအဖွဲ့များအား တန်ပြန်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ရာတွင် လည်း အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည် ပြည်သူလူထုအား လူသား တံတိုင်းသဖွယ် အသုံးပြုတိုက်ခိုက်ခြင်း၊ ပြည်သူလူထုနေအိမ်များအတွင်း ဝင်ရောက်၍ အကာအကွယ်ယူ တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့သဖြင့် ပြည်သူလူထုနှင့် ၎င်းတို့၏ နေအိမ်အဆောက်အဦများထိခိုက်မှုမရှိစေရေးအတွက် ပစ်ခတ်မှုများကို ကန့်သတ်ချက် များကြားမှ အထူးဂရုပြုဆောင်ရွက်ခဲ့ရသည်။ သို့ရာတွင် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များအနေဖြင့်သာသနိကအဆောက်အအုံများ၊ ပြည်သူလူထု၏ ကွန်ကရစ် အမိုးပါအထပ်မြင့်အဆောက်အဦများနှင့် ဆေးရုံ၊ဆေးခန်းနေရာများ၌ အခြေပြု၍ တိုက်ခိုက်ခြင်းများအဆက်မပြတ်လုပ်ဆောင်လာခဲ့သဖြင့် ဗန်းမော်မြို့ အရှေ့မြောက် ဘက်ရှိ တပ်ဌာနချုပ်များ၊ လုံခြုံရေးတပ်စခန်းများနှင့် ဗန်းမော်လေဆိပ်တို့ရှိ လုံခြုံရေးတပ်ဖွဲ့ ဝင်များအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်မှ ဖေဖော်ဝါရီလ ၂၀ ရက်အတွင်း အဆင့်ဆင့်ကြားခံစစ်များ ရယူကာ ဗန်းမော်မြို့တွင်းရှိ နယ်မြေခံ တပ်ဌာနချုပ်နေရာသို့ ဗျူဟာအရ ခေတ္တခွာစစ်ဆင်ပူးပေါင်းခဲ့ပြီး အင်အား အလုံးအရင်းဖြင့် ဆက်လက်ထိုးစစ် ဆင်တိုက်ခိုက်လာသည့် အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များအား ဆက်လက် ခုခံတိုက်ခိုက်ခဲ့သည်။
ထို့နောက် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေဖြင့် ဗန်းမော်မြို့ အားအလုံးစုံသိမ်းပိုက်ရရှိနိုင်ရေး အင်အားအလုံးအရင်းဖြင့် စဉ်ဆက်မပြတ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သော်လည်း တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ/စစ်သည်၊ မိသားစုဝင်များ၊ အစိုးရဝန်ထမ်းများအနေဖြင့် ဗန်းမော်မြို့အား အကြမ်းဖက်သောင်းကျန်းသူပူးပေါင်း အဖွဲ့များ လက်ဝယ်သို့ အလုံးစုံကျရောက်မှုမရှိစေရေး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအထိ ၈ လတိုင်တိုင် လှေခွက်ချည်းကျန်အလံမလဲသည့်စိတ်ဓာတ်၊ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက်စိတ်ဓာတ်တို့ဖြင့် အပြင်းအထန်ဟန့်စစ်ဆင်ခုခံမှု များကြောင့် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ၏ ဗန်းမော်မြို့အား အလုံးစုံရရှိနိုင်ရေး စစ်ရေးအိပ်မက်မှာ ရပ်တန့်သွားခဲ့ရသည်။
ယင်းနောက် ၂၀၂၅ ခုနှစ်၊ သြဂုတ်လအတွင်း အင်အားဖြည့်စစ်ကြောင်းများ လိုက်ပါလာသည့်တပ်မတော်ရေယာဉ်များအနေဖြင့် ဗန်းမော်မြို့သို့ ချီတက်ခဲ့ရာတွင် လမ်းခရီးတစ်လျှောက်တွန်းသင်္ဘော ၂ စီး ပျက်စီးဆုံးရှုံးရသည်အထိ အခက်အခဲမျိုးစုံ နှင့် အကြမ်းဖက်သောင်းကျန်းသူတို့၏ ဖြတ်တောက်ပိတ်ဆို့မှုမျိုးစုံတို့ကြားမှ အောင်မြင်စွာ ရောက်ရှိ ဆိုက်ကပ်နိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့မှစ၍ စစ်ကြောင်း ၇ ကြောင်းဖြင့် စုဖွဲ့ချီတက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဗန်းမော်မြို့ အရှေ့မြောက် ဘက်ရှိ ဗန်းမော်တက္ကသိုလ်နေရာမှတဆင့် နမ့်ဖားကျေးရွာရှိစခန်းအား စစ်ကြောင်းတစ်ကြောင်းဖြင့် ချီတက်သိမ်းပိုက်ခဲ့ပြီး ၎င်းစစ်ကြောင်းသည် ဗန်းမော်မြို့သို့ ဆက်လက် ဦးတည်ချီတက်၍လည်းကောင်း၊ ဗန်းမော်မြို့မြောက်ဘက်ရှိ နောင်ခိုရပ်ကွက်၊ မင်းလှရပ်ကွက်တို့အား စစ်ကြောင်းတစ်ကြောင်းဖြင့်ချီတက်၍ လည်းကောင်း၊ ဗန်းမော်မြို့မြောက်ဘက်ရှိ အကြမ်းဖက်သမားများ ခေတ္တစိုးမိုးထား သည့် နယ်မြေခံတပ်ဌာနချုပ် ၄ ခု၊ တပ်စခန်းတစ်ခုနှင့် လေဆိပ်နေရာတို့အား အရှေ့ဘက်မှစစ်ကြောင်း ၃ ကြောင်းနှင့် နမ်းဖားစခန်းအား သိမ်းပိုက်ပြီး ဗန်းမော်မြို့ သို့ ဦးတည်လာသည့် စစ်ကြောင်း ၁ ကြောင်း တို့မှနှစ်ဖက်ညှပ်၍ လည်းကောင်း၊ ပင်စင်ကုန်းရပ်ကွက်၊ ညောင်ပင်ရပ်ကွက်၊ ခွန်သာရပ်ကွက်နှင့် သာစည်ရပ်ကွက် အတွင်းရှိ ဒေသအခေါ် ကချင်စုနေရာတို့အား စစ်ကြောင်း နှစ်ကြောင်းဖြင့် လည်းကောင်း တန်ပြန်တိုက်စစ်များ အရှိန်အဟုန်မြှင့်၍ အဆင့်ဆင့် ဆောင်ရွက်ခဲ့ သည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူများ၏ အပြည့်အဝအားပေးထောက်ခံမှု၊ တပ်အင်အားဖြည့်တင်းရရှိမှု၊ တိုက်ပွဲဝင်အရာရှိ၊ စစ်သည်များ၏ စိတ်ဓာတ်ခွန်အားတက်ကြွမှု၊ တိုက်လိုခိုက်လိုစိတ် ပြင်းပြမှု၊ စစ်နည်းဗျူဟာမြောက်ချီတက်တိုက်ခိုက်နိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယ တို့ဖြင့် အဆင့် ဆင့်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သဖြင့် ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၄ ရက်မှ စက်တင်ဘာ ၁၁ ရက်အတွင်း အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ခေတ္တစိုးမိုးထားသည့် ဗန်းမော်မြို့အနီးဝန်းကျင်ရှိ တပ်ဌာနချုပ်နေရာများ၊ ရပ်ကွက်၊ ကျေးရွာ နှင့် စခန်းကုန်း နေရာအသီးသီး တိုအား အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့ကာ အကြမ်းဖက်သမားများ ထိခိုက်ကျဆုံးမှုများစွာဖြင့် ဗန်းမော်မြို့၏ အရှေ့မြောက်ဘက် နှင့် ပင်မတပ်များရှိရာ မိုးမောက်မြို့ဘက်သို့ ကစဉ့်ကလျားဆုတ်ခွာ ထွက်ပြေးလျက်ရှိ သည်။
တပ်မတော်စစ်ကြောင်းများက ဗန်းမော်မြို့အား ရန်သူ့လက်ဝယ်သို့ ကျရောက်မှု မရှိစေရေးနှင့် တပ်ဌာနချုပ်များအား ပြန်လည်သိမ်းပိုက်ရရှိရေး မိမိတို့၏ အသက်ကို ပဓာနမထားဘဲ ရင်ကိုမြေကတုတ်လုပ်ကာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ချေမှုန်းခဲ့သောကြောင့် စစ်ဆင်ရေးကာလ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက် အတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး ၁၆ ကြိမ်၊ ထိတွေ့မှုပေါင်း ၄၉၀ ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၁၆၃ လောင်း၊ လက်နက်မျိုးစုံ ၁၇၈ လက် နှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့သည်။ အဆိုပါ တိုက်ပွဲများတွင် မိမိဘက်မှ ရွပ်ရွပ်ချွံချွံ ပြန်လည်တိုက်ခိုက်မှုများကြောင့် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့ များအနေဖြင့် သေဆုံးသူ ၄၆၁၆ ဦးခန့်နှင့် ဒဏ်ရာရရှိသူ ၄၉၈၃ ဦးခန့်ရှိခဲ့ကြောင်း သီးခြားသတင်း ရင်းမြစ်များအရသိရှိရပြီး မိမိဘက်မှ အရာရှိ/စစ်သည် အချို့ နိုင်ငံတော် နှင့်တပ်မတော်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရသည်။
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့်အထိအခိုက်အကျအဆုံး များပြားလာ သည့်အတွက် လက်နက်ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ တပ်မတော်စစ်ကြောင်း များထံသို့ အလင်းဝင်ရောက်မှုများလည်းရှိကြောင်းနှင့် တပ်မတော်စစ်ကြောင်းများ အနေဖြင့် ဗန်းမော်မြို့အတွင်းကျန်ရှိနေသည့် အကြမ်းဖက် သောင်းကျန်းသူပူးပေါင်း အဖွဲ့များအား ဆက်လက်နယ်မြေရှင်းလင်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။