ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ  နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ Beidahaung Smart Agriculture Exhibition Center နှင့်

Friday, September 5, 2025 - 15:45

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ  နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ Beidahaung Smart Agriculture Exhibition Center နှင့် Heilongjing Huida Technology Co., Ltd. တို့သို့သွားရောက်ကြည့်ရှုလေ့လာ

နေပြည်တော်၊ စက်တင်ဘာ - ၅

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟေလုံကျန်းပြည်နယ်၊ ဟာဘင်းမြို့တွင်  အလုပ် သဘော ခရီးရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲတွင်  Beidahaung Smart Agriculture Exhibition Center သို့သွားရောက် ကြည့်ရှု လေ့လာသည်။

ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် Beidahaung Smart Agriculture Exhibition Center သို့ ရောက်ရှိကြရာတာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။

ယင်းနောက် Beidahaung Smart Agriculture Exhibition Center အတွင်း ကုမ္မဏီ၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုအားကြည့်ရှုကြသည်။ ထို့နောက် ခင်းကျင်းပြသထားသည့် လယ်ယာစိုက်ပျိုးမှု သရုပ်ပြပုံစံငယ်၊ စိုက်ပျိုးရေးလုပ်ငန်း များကို ခေတ်မီဒစ်ဂျစ်တယ်နည်းပညာဖြင့် လူမဲ့နည်းပညာဖြင့် AI စနစ်သုံး စက်ယန္တရားများနှင့် ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းများဆောင်ရွက်မှု၊ Ai စနစ်သုံး  Drone များဖြင့်စိုက်ပျိုးမြေများအတွက် လိုအပ်သော မြေဩဇာများ၊ ပိုးသတ် ဆေး များကြဲပက်ခြင်းနှင့် မျိုးစေ့များကြဲပတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ကုန်ကြမ်းပစ္စည်းများကို အသုံးပြု၍ တန်ဖိုးမြင့်ကုန်ချောပစ္စည်းများအဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိမှုနှင့် Beidahaung Smart Agriculture မှ ထုတ်လုပ်ထားရှိသည့် အဆင့်မြင့်လယ်ယာသုံး စက်ပစ္စည်းကိရိယာများအား လှည့်လည် ကြည့်ရှုလေ့လာကြသည်။

ထို့နောက် Data Center အတွင်း လူမဲ့နည်းပညာဖြင့် AI စနစ်သုံး ကောက်စိုက် စက်များ၊ Drone များဖြင့် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ရေသွင်းရေထုတ် လုပ်ငန်းများအား ဆောင်ရွက်နေမှု အခြေအနေများကို တိုက်ရိုက်ကြည့်ရှုလေ့လာကြ ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ က သိရှိ လိုသည်များမေးမြန်းဆွေးနွေးပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ထံ Beidahaung Smart Agriculture Exhibition Center မှ တာဝန်ရှိသူတစ်ဦးကအမှတ်တရ လက်ဆောင် ပစ္စည်းပေးအပ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်သည်။

ဆက်လက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် Heilongjing Huida Technology Co., Ltd. သို့ရောက်ရှိ ကြ ရာတာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ပြီး ကုမ္ပဏီမှနိုင်ငံတကာ၌ အဆင့်မြင့်စိုက်ပျိုး ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ မောင်းသူမဲ့စနစ်နှင့် ယဉ်ယန္တရားများ၏ ဒီဇိုင်း များထုတ်လုပ်လျက်ရှိမှု၊ စိုက်ပျိုးရေးအထောက်အကူပြု Drone များထုတ်လုပ် အသုံးပြုလျက်ရှိမှု၊  Ai စနစ်သုံးမြေအခြေအနေ တိုင်းတာရေး ပစ္စည်းများ ထုတ်လုပ် လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌက သိရှိလိုသည်များပြန်လည်မေးမြန်းဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ကုမ္ပဏီမှ တာဝန်ရှိသူတစ် ဦးတို့သည် အမှတ်ရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သောမြန်မာ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် နေ့လည်ပိုင်းတွင် ဟာပင်းမြို့၊ Taiping International Airport မှတစ်ဆင့် စီချွမ်ပြည်နယ် ချန်ဒူးမြို့သို့ထွက်ခွာကြရာ ဟေလုံးကျန်းပြည်နယ် အစိုးရအဖွဲ့မှ ဒုတိယဝန်ကြီးအဆင့်ရှိသူတစ်ဦးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ် ဆက်ကြသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံ ရေး နှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် ချန်ဒူးမြို့၊ Chengdu Shuangliu International Airport သို့ ရောက်ရှိကြရာ စီချွမ်ပြည်နယ်အစိုးရအဖွဲ့မှ ဒုတိယဝန်ကြီး အဆင့်ရှိသူတစ်ဦးနှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်းသတင်းရရှိသည်။