လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၃၀ ရက်နေ့ ည ၁၀ နာရီအချိန် သတင်းအရ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်ကျေးရွာအုပ်စု၊ နားယုန့် ကျေးရွာအနီးတွင် မက်မန်းမြို့ဘက်မှ မိုင်းပျဉ်းမြို့ဘက်သို့ စိုင်းဦးသီလ(ခ)စိုင်းရွက် မောင်းနှင် လာသည့် TOYOTA KLUGER မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ် (မက်သ်အဖက်တမင်း) ၄၂၀ ကီလို (၎င်းဒေသတန်ဖိုး ငွေကျပ် ၃ ဒသမ ၃၆ ဘီလီယံ)အား ဖမ်းဆီး ရမိခဲ့ကြောင်း၊ စစ်ဆေးပေါ်ပေါက်ချက်အရ ဖမ်းဆီးရမိသည့် အိုက်စ်(မက်သ်အဖက်တမင်း)များအား မက်မန်းမြို့နယ်၊ တာကော်လေးကျေးရွာအနီးမှ မိုင်းပျဉ်းမြို့နယ်၊ နားယုန့်ကျေးရွာအနီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။