မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက် နေပြည်တော်၊ ၂၀၂၅ စက်တင်ဘာ ၅ ရက်

Friday, September 5, 2025 - 15:45

             မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင် လက်တွေ့စမ်းသပ်မဲပေးခြင်းကို စက်တင်ဘာ ၄ ရက် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ မြို့တော်ခန်းမ၌   ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက် ကြသည်။

             ဦးစွာ တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြု၍ မဲပေးခြင်းရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)တွင် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း၊ တာဝန်ရှိသူများက မဲရလဒ်များ အား ထုတ်ယူကြည့်ရှုစစ်ဆေးခြင်းများကို သရုပ်ပြသကြရာ တိုင်းမှူးနှင့် တာဝန်ရှိသူ များက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။