ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ထိပ်သီးအစည်းအဝေး(SCO SUMMIT 2025)အစည်းအဝေးအထိမ်းအမှတ်ကြိုဆိုဂုဏ်ပြုညစာစားပွဲသို့

Monday, September 1, 2025 - 07:30

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ထိပ်သီးအစည်းအဝေး(SCO SUMMIT 2025)အစည်းအဝေးအထိမ်းအမှတ်ကြိုဆိုဂုဏ်ပြုညစာစားပွဲသို့တက်ရောက် နေပြည်တော်၊ ဩဂုတ် - ၃၁ 

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး(Shanghai Cooperation Organisation – SCO SUMMIT 2025) တက်ရောက်ရန်အတွက်တရုတ် ပြည်သူ့သမ္မတ နိုင်ငံ၊ တီယန်ကျင်းမြို့တွင်‌ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ သည် Tianjin Meijian Convention Center ၌ ကျင်းပပြုလုပ်သော တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသမ္မတ H.E. Mr. Xi Jinping က တည်ခင်းဧည့်ခံသည့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ထိပ်သီးအစည်းအဝေး ကြိုဆိုဂုဏ်ပြုညစာစားပွဲ သို့တက်ရောက်သည်။

အဆိုပါကြိုဆိုဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Mr. Vladimir Putin ၊ အိန္ဒိယ နိုင်ငံဝန်ကြီးချုပ် H.E. Mr. Shri Narendra Modi တို့အပါအဝင် SCO ထိပ်သီး အစည်းအဝေးသို့တက်ရောက်ကြမည့် နိုင်ငံပေါင်း ၂၀‌ ကျော်မှ နိုင်ငံ့ခေါင်းဆောင်များ၊  နိုင်ငံတကာအဖွဲ့အစည်း ၁၀ ခုမှ အကြီးအကဲများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ  နှင့် SCO ထိပ်သီး အစည်းအဝေးသို့ပါဝင် တက်ရောက်ကြမည့် နိုင်ငံပေါင်း ၂၀‌ ကျော်မှ နိုင်ငံ့ခေါင်းဆောင်များ၊  နိုင်ငံတကာ အဖွဲ့အစည်း ၁၀ ခုမှ အကြီးအကဲများအား တစ်ဦးချင်းရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက် သည်။

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ သည် ညစာစားပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် SCO ထိပ်သီး အစည်းအဝေးသို့ပါဝင် တက်ရောက်ကြမည့် နိုင်ငံပေါင်း ၂၀‌ ကျော်မှ နိုင်ငံ့ခေါင်းဆောင်များ၊  နိုင်ငံတကာအဖွဲ့အစည်း ၁၀ ခုမှ အကြီးအကဲများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ထို့နောက် ကြိုဆိုဂုဏ်ပြုညစာစားပွဲအခမ်းအနားကိုကျင်းပပြုလုပ်ရာ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping ကကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် အခမ်းအနားသို့တက်ရောက်လာကြသည့် SCO ထိပ်သီး အစည်းအဝေးသို့ပါဝင်တက်ရောက်ကြမည့် နိုင်ငံပေါင်း ၂၀‌ ကျော်မှ နိုင်ငံ့ခေါင်းဆောင်များ၊  နိုင်ငံတကာအဖွဲ့အစည်း ၁၀ ခုမှ အကြီးအကဲများနှင့်အတူ ညစာကို အတူတကွ သုံးဆောင်ကြသည်။

ညစာသုံးဆောင်နေစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရိုးရာယဉ်ကျေးမှု အကအဖွဲ့က တေးသီချင်းများ၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။