နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping ၏ ဖိတ်ကြားချက်အရ မကြာမီရက်ပိုင်းအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ် သဘော ခရီးစဉ်သွားရောက်မည်ဖြစ်သည်။
အဆိုပါအလုပ်သဘောခရီးစဉ်အတွင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထျန်းကျင်းမြို့၌ကျင်းပမည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation – SCO SUMMIT 2025) သို့တက်ရောက် ခြင်း၊ ပေကျင်းမြို့၌ ကျင်းပပြုလုပ်မည့် တရုတ်ပြည်သူ များ၏ ဂျပန်ခုခံတော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား သို့တက်ရောက်ခြင်း၊ တရုတ် ပြည်သူ့ သမ္မတနိုင်ငံသမ္မတ H.E. Mr. Xi Jinping နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ အခမ်း အနားသို့တက် ရောက်လာကြသည့် အခြားနိုင်ငံ့ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေး ခြင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်တွေ့ဆုံ ဆွေးနွေးခြင်း၊ တရုတ်နိုင်ငံရှိအထင်ကရ နေရာများအားကြည့်ရှုလေ့လာခြင်း၊ ပညာရေးကဏ္ဍ၊ စက်မှု ကုန်ထုတ်လုပ်ငန်းကဏ္ဍ၊ စီးပွားရေးကဏ္ဍ စသည်တို့အား ကြည့်ရှုလေ့လာခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဖွံ့ဖြိုးတိုးတက် ခိုင်မာအောင် ဆွေးနွေးဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရှိရသည်။