ထိုင်းနိုင်ငံမြောက်ပိုင်းဒေသများကို ဖြတ်ကျော်ဝင်ရောက်လျက်ရှိသည့် လေဖိအား နည်းဆဲလ်၏အရှိန်ကြောင့် ဩဂုတ်လ ၂၆ ရက်နေ့ညပိုင်းနှင့် ယနေ့ နေ့လယ် ပိုင်းအထိ မိုးအဆက်မပြတ်ရွာသွန်းကာ နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတို့ရှိ နေရာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည်။
ထိုသို့ဖြစ်ပေါ်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ဇေယျာ သီရိမြို့နယ်၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း၊ ပင်လောင်းလမ်းဆုံအနီး ကားလမ်းမပေါ်နှင့် ပျဉ်းမနားမြို့နယ်၊ ကြို့တန်းကျေးရွာ၊ အင်းသာကျေးရွာ၊ သာယာစုကျေးရွာတို့၌ ရေကြီးရေလျှံမှုများနှင့် ရေကျော်မှုများ ဖြစ်ပေါ်လျက်ရှိသည့် အတွက် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့ဝင်များမှ ပြည်သူများဘေးအန္တရာယ်မရှိစေရန်၊ သွားလာမှု အခက်အခဲမရှိစေရန် နှင့် အဆင်ပြေချောမွေ့စေရန် ဝိုင်းဝန်းကူညီဆောင်ရွက် ပေးသည်။
ထို့အပြင် ကျန်းမာရေးနှင့်ဆေးအကာအကွယ်ပေးရေးအဖွဲ့များ၊ ကူညီ ကယ်ဆယ်ရေးအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များသည် လူနာတင်ယာဉ်များ၊ ဆေးဝါးပစ္စည်းများ၊ စက်လှေများ၊ ကူညီကယ်ဆယ်ရေးပစ္စည်းများဖြင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရေးအတွက် အသင့်စုဖွဲ့ပြင်ဆင်ထားကြောင်း သတင်းရရှိသည်။