နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ကမ္ဘာကျော် ဂုတ်ထိပ်မီးရထားလမ်းတံတားအား TNLA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုအပေါ် အဖွဲ့အစည်း အသီးသီးမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ ကြောင်း သဘောထားများ  ထုတ်ပြန် နေပြည်တော်၊ ၂၀၂၅ ဩဂုတ်-၂၅ ရက်

Monday, August 25, 2025 - 17:30

နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ကမ္ဘာကျော် ဂုတ်ထိပ်မီးရထားလမ်းတံတားအား TNLA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုအပေါ် အဖွဲ့အစည်း အသီးသီးမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ ကြောင်း သဘောထားများ  ထုတ်ပြန်

နေပြည်တော်၊ ၂၀၂၅ ဩဂုတ်-၂၅ ရက်

နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ကမ္ဘာကျော်ဂုတ်ထိပ်မီးရထားလမ်း တံတားသည် မြန်မာနိုင်ငံ၏ အမြင့်ဆုံးနှင့် ကမ္ဘာပေါ်တွင် ဒုတိယအမြင့်ဆုံးတံတား၊ ကမ္ဘာ့အကြီးဆုံး မီးရထားသံလမ်းတံတားဖြစ်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နှင့် ကျောက်မဲ မြို့ကို ဆက်သွယ်ထားသည့် မန္တလေး-လားရှိုး ရထားလမ်းပေါ်တွင် တည်ရှိသည်။ အဆိုပါ ဂုတ်ထိပ်တံတားအား TNLA အကြမ်းဖက်သောင်းကျန်းသူများက ဩဂုတ် ၂၄ ရက် နံနက်ပိုင်းတွင် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ကျောက်မဲမြို့ဘက်ခြမ်း၊ တံတားတိုင်အမှတ်(P-16)နှင့် ကမ်းကပ်ခုံ(AB-2)နေရာတို့အကြား ပေ ၆၀ အရှည်ရှိ တံတားသံဘောင်နေရာနှင့် တံတား၏ကမ်းကပ်ခုံ(AB-2)တို့ ပျက်စီးသွားခဲ့ရသည်။

မြန်မာနိုင်ငံ၏ အထင်ကရအမှတ်အသားတစ်ခုဖြစ်ပြီး ကမ္ဘာ့အံ့ဖွယ်စာရင်းတွင် လည်း ပါဝင်ခဲ့သည့် နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ  ကမ္ဘာကျော်ဂုတ်ထိပ် မီးရထား လမ်းတံတားအား ထိန်းသိမ်းစောင့်ရှောက်ရမည့်အစား TNLA အကြမ်းဖက် သောင်းကျန်းသူ များက စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိဘဲ ဆင်ခြင်တုံတရားကင်းမဲ့စွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီး ခဲ့မှုအပေါ် ပြည်သူလူထုတစ်ရပ်လုံးက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ကန့်ကွက်ရှုံ့ချလျက်ရှိသည်။

ထို့ပြင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ ပြည်ထောင်စု မြန်မာနိုင်ငံမက်သဒစ်အသင်းတော်(အောက်မြန်မာပြည်)၊ ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော်(ပဲခူး)၊ လွတ်မြောက်ခြင်းအသင်းတော်(ရန်ကုန်)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း (ဗဟို)၊ သနန္တဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေး အဖွဲ့ကြီး၊ ပိန္နဲကုန်း ရခိုင်ဂျာမေဗလီ၊ ဘူးသီးတောင်မောင်တောဒေသဖွံ့ဖြိုးရေးအသင်း၊ မြန်မာနိုင်ငံပန်းချီပန်းပု အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး၊ မြန်မာ-ရှိအာဟ် မွတ်စ်လင်စ်ဘာသာရေး အဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံအားကစားမီဒီယာများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံစာရေးဆရာအသင်းနှင့် မြန်မာ နိုင်ငံဂီတအစည်းအရုံး(ဗဟို)တို့မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘော ထားများအသီးသီး ထုတ်ပြန်ခဲ့ကြကြောင်း သတင်းရရှိသည်။