ဒေးဒရဲမြို့နယ်အတွင်း လေြပင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် နေပြည်တော်၊ ဇွန် - ၁၈

Friday, June 18, 2021 - 17:15

ဒေးဒရဲမြို့နယ်အတွင်း လေြပင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဇွန် - ၁၈

         ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်အတွင်း ဇွန် ၁၆ ရက်ညနေပိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် ဉတိုကျေးရွာအုပ်စုရှိ ချောင်းဝကျေးရွာနှင့် ကျိုက်လတ် ကလေးကျေးရွာတို့ရှိ လူနေအိမ် ၅၀ လုံး အမိုးလန်ပျက်စီးခြင်းနှင့် ပြိုလဲပျက်စီးခြင်း များဖြစ်ပေါ်ခဲ့သည်။

အဆိုပါလေလေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ကျေးရွာ များသို့ ဇွန် ၁၇ ရက်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ နယ်မြေခံတပ်မတာ် သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက သွားရောက်၍ အမိုးများပြန်လည် ပြုပြင်ပေးခြင်း၊ အပျက်အစီးများဖယ်ရှားရှင်းလင်းခြင်း၊ နေအိမ်ပြန်လည်ပြုပြင် ပေးခြင်းနှင့် လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။