ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၆)သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ကျင်းပပြုလုပ် နေပြည်တော်၊  ၂၀၂၅ ဩဂုတ် ၁၈

Monday, August 18, 2025 - 17:45

                နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက်  ပြည်သူ့ စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၆)တွင်ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက် ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိ၍ လိုအပ်သည့်ကြိုတင် ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁၆) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်း ဖွင့်အမှာစကားများ ပြောကြားကြသည်။

                အဆိုပါ သင်တန်းဖွင့်ပွဲများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၆)မှ သင်တန်းသားများအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင် ပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြ သည်။

                ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်း စောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင်တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင် ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်း ဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး  ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ် သင်ကြားပေးခဲ့သည်။ အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်းများမှ သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီး တွင် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ဦးလည်မသုန်ကျေပွန်စွာ ထမ်းဆောင်နေကြပြီ ဖြစ်သည်။

                ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၆)မှ  နိုင်ငံ့သားကောင်းလူငယ်များအဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များ ကို ဂုဏ်ယူစွာထမ်းဆောင်ရန် သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများ၏ စကားသံများကိုလည်း ယခုလိုပဲ ကြားသိရပါတယ် ----

ကျွန်တော်က တပ်မတော်ကို ချစ်ပါတယ်။ ကျွန်တော်က တပ်မတော်မှာပဲ နေချင်တာပါ။ ကျွန်တော်အပြင်မှာနေလို့ရှိရင် အိမ်တောင်မကပ်ဘူး။ အပြင်မှာ ဟိုသွား လိုက်ဒီသွားလိုက်နဲ့ စည်းကမ်းတော်တော်မဲ့ပါတယ်။ တပ်မတော်ထဲကို ဝင်လာတဲ့ အတွက် ကျွန်တော့်ကို ဒီကဆရာတွေက စည်းကမ်းတကျထားတယ်။ အချိန်နဲ့ ထမင်း စားတယ်။ အိမ်မှာဆို အချိန်နဲ့ ထမင်းမစားဘူး။  ဒီရောက်တော့ အချိန်နဲ့ ထမင်းစား တယ်။ အချိန်နဲ့ သွားလာရတယ်။ အဲဒီအတွက် ကျွန်တော့်ကို ကျွန်တော် ပြောင်းလဲ သွားမယ်လို့ ယုံကြည်ပါတယ်။  နှစ် နှစ်ကာလက ပြီးဆုံး သွားမယ့်လည်း အထက်က ပေးအပ်တဲ့ အမိန့်အတိုင်း ဆက်လက်တာဝန်ထမ်း ဆောင်သွားမှာပါ။ ကျွန်တော့်ကို ကျွန်တော်လည်း ဂုဏ်ယူတယ်။ ကျွန်တော့် အမေလည်း ဂုဏ်ယူနေမှာပါ။

          သင်တန်းလာတက်ရတဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံတော်ကာကွယ်ဖို့ လာရောက်တက်ရောက်တာဖြစ်ပါတယ်။ အရပ်သားဘာဝနဲ့ နည်းနည်းတော့ ပြောင်းလည်း ကွာဟမှုတော့ရှိတယ်။ အရပ်သားဘဝမှာက အင်္ကျီဝတ်တာကအစ ၊ စားတာသောက်တာကအစ နည်းနည်းလေးစည်းမရှိတာလည်း ပါခဲ့တာပေါ့။ လက်ရှိ စစ်မှုထမ်းဆောင်စဉ်ကာလ စစ်တပ်ထဲရောက်တော့ ကျွန်တော်တို့ရဲ့ပုံစံ တွေက အားလုံး စည်းကမ်းတကျဖြစ်သွားတယ်ပေါ့။ သင်တန်းဆင်းပြီးအခါကြ တော့လည်း မိခင်တပ်ရင်းကို ရောက်လို့ရှိရင် အထက်ကပေးအပ်တဲ့ တာဝန်တွေကို ဆက်လက်ပြီး လုပ်ဆောင်သွားပါမယ်လို့ ဆုံးဖြတ်ချက် ချထားပါတယ်။