မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက် နေပြည်တော်၊ ၂၀၂၅ ဩဂုတ် ၁၆ ရက်

Saturday, August 16, 2025 - 16:15

မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်

နေပြည်တော်၊ ၂၀၂၅ ဩဂုတ် ၁၆ ရက်

             မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များများ တက်ရောက်ကြသည်။

             ဦးစွာ တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် အသုံးပြု၍ မဲပေးခြင်းရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)တွင် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း၊ တာဝန်ရှိသူများက မဲရလဒ်များ အား ထုတ်ယူကြည့်ရှုစစ်ဆေးခြင်းများကို သရုပ်ပြသကြရာ တိုင်းမှူးနှင့် တာဝန်ရှိသူ များက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။