နောင်ချိုမြို့နယ်အတွင်းရှိ ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် နေပြည်တော်၊ ၂၀၂၅ ဩဂုတ် - ၁၀

Sunday, August 10, 2025 - 16:15

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် အကြမ်း ဖက်သမားများ ဖျက်ဆီးခဲ့သည့် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကြီးအား ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဩဂုတ် ၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ် ပေးခဲ့ပြီး ဒေသခံတိုင်းရင်းသား ပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့သို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပြည်သူ့ဆေးရုံကြီး၌ ပြင်ပလူနာ ၆၈ ဦးတို့ကို ငှက်ဖျားရောဂါ၊ တုပ်ကွေးရောဂါ ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး၊ ဒေသခံ ပြည်သူ ၄၂ဦးအား  သွေးအမျိုးအစား စစ်ဆေးပေးခြင်းနှင့် ငှက်ဖျားပိုးစစ်ဆေးပေးခြင်း များဆောင်ရွက်ပေးသည်။ ထို့အပြင် ပြည်သူ့ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် တက် ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် လူနာ ၃၀ ဦးတို့အား ဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များဆောင်ရွက်ပေးလျက်ရှိသည်။

၎င်းအပြင် မီးသတ်တပ်ဖွဲ့များက နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်၊ ဓမ္မာရုံလမ်းဘေး ဝဲ/ယာမှ ခြုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရန် ရေ နုတ်မြောင်းများတူဖော်ခြင်းလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။