သတင်းထုတ်ပြန်ချက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတဦးမြင့်ဆွေ ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် ရန်ကုန်မြို့အခြေစိုက်သံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများက လက်မှတ်ရေးထိုးခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတဦးမြင့်ဆွေသည် ၇-၈-၂၀၂၅ ရက် နေ့တွင်ကွယ်လွန်ခဲ့သည့်အတွက် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်ကို ရန်ကုန်မြို့၊ စကားဝါ လမ်းရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၈-၈-၂၀၂၅ ရက်နေ့မှစတင်၍ ဖွင့်လှစ်ထားရာ မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများက ဝမ်းနည်းကြောင်း လာရောက် လက်မှတ်ရေးထိုးခဲ့ကြသည်။
၉-၈-၂၀၂၅ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ သံရုံးအကြီးအကဲများဖြစ်သည့် ကိုရီးယား ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Jong Ho Bom ၊ ရုရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov ၊ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E. Mrs. Ponnamperuma Arachchige Prabashini Ponnamperuma ၊ အင်ဒိုနီးရှားနိုင်ငံ သံရုံးယာယီတာဝန်ခံ Mr. Muhammad Arif Hidayatullah ၊ ပါကစ္စတန်နိုင်ငံသံရုံးယာယီ တာဝန်ခံ Mr. Anwar Zeb၊ ကာတာနိုင်ငံ သံရုံးယာယီတာဝန်ခံ Dr. Rashid Abdulla AL-Kuwari ၊ ဘရူနိုင်းနိုင်ငံ သံရုံးယာယီတာဝန်ခံ Mr. Aizul Aziz ၊ ဆောဒီအာရေဗျနိုင်ငံ သံရုံးယာယီတာဝန်ခံ Mr. Abdullah A. Al-Hoshan တို့က ဝမ်းနည်းကြောင်းမှတ်တမ်း စာအုပ်တွင် လာရောက်လက်မှတ်ရေးထိုးခဲ့ကြသည်။ ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လာရောက် လက်မှတ်ရေးထိုးသော သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
သံအမတ်ကြီးများနှင့်သံရုံးအကြီးအကဲများက ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်ခဲ့ ခြင်းအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူများ၊ ကျန်ရစ်သူမိသားစု သို့ ဝမ်းနည်းကြောင်းနှင့် စာနာထောက်ထားပါကြောင်း သတင်းစကားများ ပြောကြားခဲ့ပြီး ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးခဲ့ကြသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၉ ရက်