နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်    ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်(ရန်ကုန်)၊ ဝန်ကြီးများရုံး(အတွင်းဝန်ရုံး) နှင့် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တို့သို့ သွားရောက်၍  ပြုပြင်ထိန်းသိမ်းဆောင်ရွက်ထာ

Monday, August 4, 2025 - 16:45

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်    ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်(ရန်ကုန်)၊ ဝန်ကြီးများရုံး(အတွင်းဝန်ရုံး) နှင့် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တို့သို့ သွားရောက်၍  ပြုပြင်ထိန်းသိမ်းဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး

 နေပြည်တော်၊ ဩဂုတ် - ၄

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ တွဲဖက်အမှု ဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)၊ ဗိုလ်တစ်ထောင်မြို့နယ်ရှိ ဝန်ကြီးများရုံး(အတွင်းဝန်ရုံး)နှင့် ကျောက်တံတားမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တို့သို့ သွားရောက်၍ ခင်းကျင်းပြသထားရှိမှု များနှင့် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ထားရှိမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဗိုလ်ချုပ် အောင်ဆန်းပြတိုက်(ရန်ကုန်)

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များသည် ဗဟန်းမြို့နယ်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဗိုလ်ချုပ် အောင်ဆန်းပြတိုက်(ရန်ကုန်)သို့ ရောက်ရှိပြီး ဗိုလ်ချုပ်အောင်ဆန်း စီးနင်းခဲ့သည့် မော် တော်ယာဉ်ပြသထားရှိမှုနှင့် မော်တော်ယာဉ်အား ပြင်ဆင်နေမှု ၊ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်၏နောက်ခံသမိုင်းအကျဉ်း၊ မှတ်တမ်းဓာတ်ပုံများနှင့် ပုံတူပန်းချီကားများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ပုံတူရုပ်တု၊ ဗိုလ်ချုပ်၏ ငယ်ဘဝ၊ တက္ကသိုလ်ကျောင်းသား ဘဝ၊ နိုင်ငံရေးလောကဘဝ၊ တပ်မတော်ခေါင်းဆောင်ဘဝ၊ နိုင်ငံခေါင်းဆောင်ဘဝ၊ မိသားစုဘဝမှတ်တမ်းများနှင့် မှတ်တမ်းဓာတ်ပုံများ၊ အသုံးပြုခဲ့သည့် အသုံးအဆောင် ပစ္စည်းများ၊ ဧည့်ခန်း၊ အထူးအစည်းအဝေးခန်း၊ အိပ်ခန်း၊ စာကြည့်တိုက်တို့အတွင်း ခင်းကျင်းပြသထားသည့် ဗိုလ်ချုပ် အောင်ဆန်း အသုံးပြုခဲ့သော အဝတ်အထည်များ နှင့် အသုံးအဆောင် ပစ္စည်းများ၊ ပန်းချီကားများ၊ ဓာတ်ပုံများနှင့် ပရိဘောဂပစ္စည်းများ၊ ဗိုလ်ချုပ် အောင်ဆန်း ဖတ်ရှုလေ့လာခဲ့သည့် စာအုပ်များနှင့် ဗိုလ်ချုပ်၏ သမိုင်းမှတ် တမ်းများအား ရေးသားထားသော ခေတ်အဆက်ဆက်တွင်ထုတ်ဝေခဲ့သည့် စာအုပ်များ အား စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှုရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက ဗိုလ်ချုပ်အောင်ဆန်း စီးနင်းခဲ့သည့်မော်တော်ယဉ်အား ရေရှည် တည်တံ့ကောင်းမွန်နေစေရေးအတွက် ကျွမ်းကျင်ပညာရှင်များဖြင့် ပြုပြင်ထိန်းသိမ်း ခြင်းများ ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ သမိုင်းမှတ်တမ်းဓာတ်ပုံများအား ခေတ်မီနည်းပညာများအသုံးပြု၍ ယခုထက်ပိုမိုကောင်းမွန် ကြည်လင်ပြတ်သားသည့် ပုံများဖြစ်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ မီးလိုင်းများသွယ်တန်းထားရှိမှုများ ကိုလည်း စနစ်တကျဖြစ်စေရေးဆောင်ရွက်သွားရန်လိုကြောင်း၊ ဗိုလ်ချုပ်၏မိန့်ခွန်း များမှ မိန့်ခွန်းကောက်နုတ်ဖော်ပြထားမှုအား လွယ်ကူရှင်းလင်းစွာဖတ်ရှုလေ့လာနိုင် ရေး ကြည်လင်ပြတ်သားမှုရှိအောင် ပြန်လည်ဆောင်ရွက်ပြသထားရှိရန်လိုကြောင်း၊ ပြတိုက်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် လမ်းဘေးဝဲယာရှိ သစ်ပင် များအား အောက်ခြေရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရန်၊ အမှိုက်သရိုက် များ မရှိစေရေး စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ဝန်းအတွင်းရှိ ရေကန်၊ ဗိုလ်ချုပ် ကိုယ်တိုင် စိုက်ပျိုးခဲ့သည့် သီးပင်စားပင်စိုက်ခင်းနေရာပြကွက်နှင့် ပြတိုက်ပတ်လမ်း အတိုင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ရေကန်၏ပုံသဏ္ဍန်အမှန်ကို ပြန်လည်ဖော်ထုတ် လေ့လာ၍ နဂိုမူလပုံစံမပြတ် ပြသထားရှိရန်လိုကြောင်း၊ ပြတိုက်သို့ လာရောက် လေ့လာသူများကိုလည်း စနစ်တကျစာရင်းသွင်းထားရှိရန်လိုပြီး ထူးခြားသည့်ကိန်း ဂဏန်းများဖြစ်သည့် ရာပြည့်၊ ထောင်ပြည့် လာရောက်သူများအတွက် သင့်လျော်သည့် လက်ဆောင် ပစ္စည်းများကို ပေးအပ်သွားရန်လိုကြောင်းဖြင့် မှာကြားသည်။

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)သည် မြန်မာ့လွတ်လပ်ရေး ဗိသု ကာ ဗိုလ်ချုပ် အောင်ဆန်း နေထိုင်ခဲ့သောအိမ်ကို ပြတိုက်အဖြစ်ခင်းကျင်းပြသထားခြင်း ဖြစ်ကြောင်း၊ ၁၉၂၁  ခုနှစ်တွင် တည်ဆောက်ခဲ့သောအဆောက်အဦဖြစ်ပြီး အနောက် တိုင်းဗိသုကာဟန်များ ရောနှောတည်ဆောက်ထားသော ဥရောပပုံစံအဆောက်အဦ တစ်ခုဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းသည် မိသားစုနှင့်အတူ ယခုအိမ်၌ ၁၉၄၅ ခုနှစ်၊ မေလမှ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ လုပ်ကြံခံရသည့်နေ့အထိ နေထိုင်ခဲ့ကြောင်း၊ ပြ တိုက်အတွင်း ဧည့်ခန်း၊ ထမင်းစားခန်း၊ အိပ်ခန်း၊ စာဖတ်ခန်း၊ ကလေးများအိပ်ခန်း၊ အထူး အစည်းအဝေးခန်း၊ ဘုရားခန်း၊ ဗိုလ်ချုပ် အောင်ဆန်း အားလပ်ချိန်တွင် စိုက်ပျိုး သော စိုက်ခင်း ၊ ဗိုလ်ချုပ် အောင်ဆန်း စီးနင်းအသုံးပြုခဲ့သည့် အင်္ဂလန်နိုင်ငံထုတ် WOLSELEY အမျိုးအစား မော်တော်ယာဉ်နှင့် ဓာတ်ပုံမှတ်တမ်းပြခန်းတို့အား ခင်းကျင်း ပြသထားရှိပြီး အများပြည်သူများအနေဖြင့် သတ်မှတ်ချိန်များအတွင်း အခမဲ့ လာရောက်လေ့လာကြည့်ရှုနိုင်ကြောင်း သိရှိရသည်။

ဝန်ကြီးများရုံး (အတွင်းဝန်ရုံး)

ဆက်လက်ပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ သည်အဖွဲ့ဝင်များလိုက်ပါ၍ဗိုလ်တစ်ထောင်မြို့နယ်ရှိ ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) အဆောက်အဦသို့ရောက်ရှိကြပြီး အဆောက်အဦအတွင်း ခင်းကျင်းပြသထားသည့် သမိုင်းမှတ်တမ်း အထောက်အထား စာရွက်စာတမ်းများနှင့် ဓာတ်ပုံများ ထိန်းသိမ်း ထားရှိမှုနှင့် လွှတ်တော်ခန်းမ ထိန်းသိမ်းထားရှိမှုတို့ကို စိတ်ပါဝင်စားစွာဖြင့် လှည့်လည်  ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက သမိုင်းကြောင်းကိုဖော်ပြလျက်ရှိသည့်ဓာတ်ပုံများနှင့် စာရွက် စာတမ်းများအား ခေတ်မီနည်းပညာများအသုံးပြု၍ ယခုထက်ကြည်လင်ပြတ်သားမှုရှိ အောင်ဆောင်ရွက်ခင်းကျင်းပြသသွားရန်လိုကြောင်း၊ ဓာတ်ပုံများ၊ အသုံးအဆောင် ပစ္စည်းများအား အညွှန်းဖော်ပြရာတွင်လည်း ရေးထုံးသတ်ပုံများ စနစ်ကျမှန်ကန်မှု ရှိရန်နှင့် လွယ်ကူရှင်းလင်းစွာ ဖတ်ရှုနားလည်နိုင်ရေးဆောင်ရွက်သွားရန်လိုကြောင်း၊ ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်ရာတွင် ယခင်ခေတ်ကအသုံးပြုခဲ့သည့် ပုံစံများ အတိုင်းဖြစ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် ဝန်ကြီးများရုံးအဆောက်အဦအတွင်း လှည့်လည်၍ ဗိုလ်ချုပ်ရုံးခန်း နှင့် အစည်းအဝေးခန်းမအတွင်း ဗိုလ်ချုပ်နှင့် အာဇာနည်ပုဂ္ဂိုလ်များ လုပ်ကြံခံရမှုအား ပြသထားရှိမှု၊ ဓာတ်ပုံပြခန်းအတွင်း သမိုင်းဝင်ဓာတ်ပုံများ ပြသထားရှိမှု၊ သမိုင်းဝင် အထောက်အထားများ ပြခန်းအတွင်း ခင်းကျင်းပြသထားရှိမှုနှင့် အဆောက်အဦ ထိန်း သိမ်းထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက အစည်းအဝေးခန်းမအတွင်း၌ ဗိုလ်ချုပ်နှင့် အာဇာနည်ပုဂ္ဂိုလ် များလုပ်ကြံခံရမှုနှင့် ဗိုလ်ချုပ်အောင်ဆန်း ရုံးထိုင်သည့်နေရာအား မူလခင်းကျင်းထား ရှိမှုအတိုင်း ခင်းကျင်းပြသသွားရန်လိုကြောင်း၊ သမိုင်းအထောက်အထား ဓာတ်ပုံများ အား ပုံစာအညွှန်းတပ်၍ ဖော်ပြသွားရန်လိုကြောင်း၊ သမိုင်းအထောက်အထား ဓာတ်ပုံ များအား ထပ်မံပြုစု၍ခင်းကျင်းပြသသွားရန်နှင့် ရှေးဟောင်းသမိုင်းဝင် အဆောက်အဦ ဖြစ်သဖြင့် ရေရှည်တည်တံ့ခိုင်မြဲနေစေရေး ပြုပြင်ထိန်းသိမ်းမှုများကို မူလလက်ရာ အတိုင်း စဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်သွားရန်နှင့် ထိုခေတ်တွင် မီခဲ့သည့် သတင်းစာဆရာကြီးများ၊ စာရေးဆရာများအား လိုက်လံမြေးမြန်း၍ တစ်ပုံစံတည်း ဖြစ်အောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ အဆောက်အဦ၏ အချို့နေရာများ၌  နိမ့်ကျ နေမှုအား ပြန်လည်မြှင့်တင်ထိန်းသိမ်းနိုင်ရေး ပညာရှင်များဖြင့် စနစ်တကျ သုတေ သနပြု ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် အဆောက်အဦသို့ ရောက် ရှိကြပြီး အဆောက်အဦအတွင်းရှိ ရုံးခန်းများ၊ စာကြည့်တိုက်၊ တရားခွင်များနှင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် ပြတိုက်အတွင်းသို့ လိုက်လံကြည့်ရှုစစ်ဆေး ရာ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ချုပ်နှင့် တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ က ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်အဆောက်အဦသည် ရှေးဟောင်းအဆောက်အဦးတစ်ခုဖြစ်သဖြင့် မူလလက်ရာမပျက်ယွင်းစေပဲ ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုအဆောက်အဦသည် ပြည်ပခရီးသွားများကို စွဲ ဆောင်နိုင်သည့် ရှေးဟောင်းအဆောက်အဦ တစ်ခုဖြစ်သဖြင့် အဆောက်အဦ ရေရှည် ကောင်းမွန်ကြံ့ခိုင်စေရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက် သွားရန်နှင့် သန့်ရှင်းသာယာလှပစေရေး လုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွား ရန်လိုကြောင်းဖြင့် လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိသည်။