နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့တွင် ဇနီး ဒေါ်ကြူကြူလှ ၊ အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ခရီးစဉ် တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ လိုက်ပါ၍ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီး ဘုရားစေတီ များသို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။
ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီး
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးသို့ ရောက်ရှိဖူးမြော်ကြပြီး မြသပိတ်ဆွမ်းတော်၊ သစ်သီးဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူ ပူဇော်သည်။
၎င်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီး အထက်ပစ္စယံရှိ ဆုတောင်းပြည့်ဘီလူးရန်နိုင် ဘုရားအား ဖူးမြော်ကြည်ညိုပြီး ရွှေသင်္ကန်းကပ်လှူပူဇော်သည်။
ထို့နောက် စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ဖူးမြော်ကြည်ညို ကြပြီး တာဝန်ရှိသူများကို စေတီတော်မြတ်ကြီးနှင့် ပရိဝုဏ်တော်အတွင်းရှိ သာသနိက အဆောက်အဦများ ရေရှည်တည်တံ့ခိုင်မြဲရေး၊ သန့်ရှင်းသပ်ရပ်ပြီး ကြည်ညို သပ္ပါယ် ဖွယ်ဖြစ်စေရေး စဉ်ဆက်မပြတ်ထိန်းသိမ်းစောင့်ရှောက်သွားရန်လိုကြောင်း၊ ဘုရားဖူး လာမိဘပြည်သူများ နေပူဒဏ်သက်သာစွာဖြင့် ဘုရားဖူးမြော်ကြည်ညိုနိုင်ရေးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက စေတီတော်ရင်ပြင်တော်အပြည့် စကျင် ကျောက်ပြားခင်းကျင်းကပ်လှူ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင် ရွက် ရာတွင်လည်း ရေဝင်ရေထွက်နေရာများ စနစ်တကျပါရှိစေရေး ဆောင်ရွက်သွားရန် လိုကြောင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများအား အမြန်ဆုံးပြီးစီးအောင်ကြပ်မတ် ဆောင်ရွက်ပေးသွားရန်လိုကြောင်းဖြင့် မှာကြားခဲ့ပြီး ဘုရားဖူးလာမိဘပြည်သူများ အား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
ယင်းနောက် ရွှေမော်ဓောစေတီတော်သမိုင်းပြတိုက်အတွင်း ခင်းကျင်းပြသထား သည့် ရှေးဟောင်းလက်ရာ ဗုဒ္ဓရုပ်ပွားတော်များ၊ လက်ဝတ်ရတနာများ၊ အသုံး အဆောင်ပစ္စည်းများကိုကြည့်ရှုပြီး စနစ်တကျ ထိန်းသိမ်းကြရန်နှင့် အခြားလိုအပ်သည် များကို မှာကြားသည်။
ထို့နောက် စေတီတော်မြတ်ကြီးဂေါပကအဖွဲ့ရုံးအတွင်း၌ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက စေတီတော်မြတ်ကြီး ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပူဇော်သည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက စေတီတော်မြတ်ကြီးအတွက် ဘက်စုံအလှူငွေများကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူ များက လက်ခံရယူပြီး ဓမ္မလက်ဆောင်များပြန်လည်ပေးအပ်သည်။
ရွှေသာလျောင်းရုပ်ပွားတော်မြတ်ကြီး
ဆက်လက်ပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့် နှင့်ဇနီးနှင့် အဖွဲ့ဝင်များသည် “ရှင်ပင်သာလျောင်း” ခေါ် “ရွှေသာလျောင်း” ရုပ်ပွား တော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်သည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် ရုပ်ပွားတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ဖူးမြော် ကြည်ညိုပြီး ရုပ်ပွားတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် သန့်ရှင်းသာယာ လှပပြီး လာရောက်ဖူးမြော်သူများ ကြည်ညိုသပ္ပာယ်ဖွယ်ဖြစ်စေရေး လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများကို အမြဲမပြတ် ဆောင်ရွက်ရန်လိုအပ်သည်များကို တာဝန်ရှိ သူများအား မှာကြားကာ ဘုရားဖူးလာ ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။ ယင်းနောက် ဘက်စုံ အလှူငွေများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဓမ္မလက်ဆောင် ပြန်လည်ပေးအပ်သည်။
၎င်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် အာရုံခံတန်ဆောင်းအတွင်းရှိ သာသနာရေးဆိုင်ရာ ပစ္စည်းများနှင့် ရိုးရာလက်မှုပစ္စည်း အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှုအားပေးသည်။
ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီး
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် ပဲခူးမြို့မဇင်းရပ်ကွက်ရှိဒုတိယမြန်မာနိုင်ငံတော်ကြီးကို တည်ထောင် တော်မူခဲ့သော ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီး ကိုယ်တော်တိုင် တည်ထားကိုးကွယ်ခဲ့သည့် ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီးသို့ ရောက်ရှိကြပြီး စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ သစ်သီးဆွမ်းတော်၊ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်သည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ က စေတီတော်မြတ်ကြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး ပူဇော် သည်။ ထို့နောက် စေတီတော်မြတ်ကြီးအတွက် ဘက်စုံအလှူငွေများကို ပေးအပ်လှူ ဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဓမ္မလက်ဆောင်များပြန်လည် ပေးအပ် သည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ သည် စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သည့်ပြုပြင်မွမ်းမံ ထိန်းသိမ်းမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြား ခဲ့သည်။
ယနေ့သည် အများပြည်သူရုံးပိတ်ရက်ဖြစ်သည်နှင့်အညီ ပဲခူးမြို့ရှိ တန်ခိုးကြီး ဘုရားစေတီများ၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကား များပြားလျက်ရှိကြောင်းသတင်းရရှိသည်။