PDF အမည်ခံအစွန်းရောက်အကြမ်းဖက်သမားများအနေဖြင့် ပညာရေးဆိုင်ရာရုံးဌာန များနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် လူငယ်၊ လူရွယ်များအား စာပေသင်ကြားပြသပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက် ခြိမ်းခြောက်၊ သတ်ဖြတ် ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဩဂုတ်လ ၁ ရက်နေ့ နံနက် ၈ နာရီတွင် မန္တလေးတိုင်း ဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ဆည်ရွာကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဇူလိုင်လ ၃၁ ရက်နေ့ ည ၁၂ နာရီခွဲတွင် အဆိုပါကျေးရွာနေ ဆည်ရွာကျေးရွာအခြေခံပညာ အထက်တန်း ကျောင်းခွဲမှ မူလတန်းပြကျောင်းဆရာမဖြစ်သူ ဒေါ်ဝါဝါမိုး(၄၀)နှစ်သည် နေအိမ်၌ ရှိနေစဉ် PDF အမည်ခံအကြမ်းဖက်သမားများက ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားခဲ့သဖြင့် ဒေါ်ဝါဝါမိုးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ဥဒေမဲ့အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့သည့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ လုပ်ရပ်အား ဒေသခံပြည်သူများက ကန့်ကွက်ရှုံ့ချလျက်ရှိကြောင်း နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး လိုအပ်သော လုံခြုံရေး လုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။