နောင်ချိုမြို့၊ အမှတ်(၁)နှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဖွင့်လှစ်သင်ကြား၊  ယာယီဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် နေပြည်တော်၊ ၂၀၂၅ ဇူလိုင်-၂၉

Tuesday, July 29, 2025 - 17:00

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများကြောင့် အခြေခံပညာကျောင်းများအား တစ်နှစ်နီးပါး ပိတ်ထားခဲ့ရပြီး ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်း အပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ကျောင်းနေအရွယ်ကလေးများအား တန်းစဉ်အလိုက် ပညာသင်ကြား နိုင်ရေးအတွက် အခြေခံပညာကျောင်းများကို ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိ ရာ ယနေ့တွင်လည်း ကျောင်းသား/ကျောင်းသူ ၁၁၁၀ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည့်အပြင် ထပ်မံလာရောက် ကျောင်းအပ်နှံ သူ ကျောင်းသား/ကျောင်းသူများကိုလည်း ကျောင်းအပ်လက်ခံခြင်းများကို ဆက် လက် ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား/ ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနက  အခမဲ့ပေးအပ်သည့် ကျောင်းသုံး စာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို ဆက်လက်ပေးအပ်သွား မည်ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် တပ်မတော်မှ ဆရာဝန်များက ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန် များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် မြနန်းတော်ဝင် မင်္ဂလာခန်းမ၌ ယာယီဆေးရုံဖွင့်လှစ်ပြီး ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် ဒေသခံတိုင်းရင်းသားပြည်သူ ၂၀၁ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးကြသည်။

၎င်းအပြင် နောင်ချိုမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီး အချိန်မီပြန်လည် ဖွင့်လှစ် နိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများက ဆေးရုံပတ်ဝန်းကျင်ရှိ ချုံနွယ် ပေါင်းမြက်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ဆယ်တင်ပေးခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင် ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။