နောင်ချိုမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း စတင်ဖွင့်လှစ်သင်ကြား၊ ယာယီဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် နေပြည်တော်၊ ၂၀၂၅ ဇူလိုင်-၂၈

Monday, July 28, 2025 - 15:30

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့ရှိ အခြေခံပညာကျောင်းများ အမြန် ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာ သင်ကြားနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ အကြမ်းဖက်သောင်းကျန်းသူများဖျက်ဆီးခဲ့သည့် ကျောင်းအဆောက် အအုံနှင့် ပရိဘောဂပစ္စည်းများ ပြုပြင်ခြင်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးနှင့် မိုင်းအန္တရာယ်ကင်းရှင်းရေးတို့အတွက် လိုအပ်သည်များ ဆောင်ရွက် ပေးပြီး ဒေသခံတိုင်းရင်းသားမိဘပြည်သူများကလည်း ပူးပေါင်းပါဝင်ပေးလျက်ရှိ သည်။

ထိုသို့ ကျောင်းနေအရွယ်ကလေးများအား တန်းစဉ်အလိုက် ပညာသင်ကြား နိုင်ရေးအတွက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းကိုလည်း ယနေ့တွင် စတင်ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိရာ ကျောင်းသား/ကျောင်းသူ ၂၅၁ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိသည့်အပြင် ထပ်မံလာရောက်ကျောင်းအပ်နှံသူ ကျောင်းသား/ကျောင်းသူများကိုလည်း ကျောင်းအပ်လက်ခံခြင်းများကို ဆက်လက် ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းလာရောက်အပ်နှံသည့်ကျောင်းသား/ကျောင်းသူ များအား ပညာရေးဝန်ကြီးဌာနက  အခမဲ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေး ကိရိယာများနှင့် ကျောင်းဝတ်စုံများကို တစ်ပါတည်း ပေးအပ်ကြသည်။

၎င်းအပြင် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် မြနန်းတော်ဝင် မင်္ဂလာခန်းမ၌ ယာယီဆေးရုံဖွင့်လှစ်ပြီး ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် ဒေသခံတိုင်းရင်းသားပြည်သူ ၁၃၇ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။