မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရ သည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိ သည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီး ခဲ့သည့် နေရာများဖြစ်သည့် စစ်ကိုင်းမြို့ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီ၊ ဆွမ်းဦး ပုညရှင်စေတီနှင့် ရတနာစေတီဆင်များရှင်ဘုရားတို့၌ သာသနိကအဆောက်အအုံ အပျက်အစီးများအား ဘက်စုံပြန်လည်ပြုပြင်နေမှု၊ ရတနာဒီပံချောင်ကျောင်းတိုက်နှင့် ပထမဂန္တာရုံကျောင်းတိုက်တို့ရှိ သာသနိကအဆောက်အုံအပျက်အစီးများကို အပြီးသတ် ဖယ်ရှားရှင်းလင်းနေမှုနှင့် ဘက်စုံပြန်လည်ပြုပြင်နေမှုတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး လုပ်ငန်းဆောင်ရွက်နေကြသူများအား အားဖြည့် အချိုရည်များ ပေးအပ်သည်။
၎င်းနောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် နှစ်(၇၀၀)ပြည့် အားကစားကွင်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် ဖယ်ရှားရှင်းလင်းနေမှု၊ စစ်ကိုင်းမြို့ရှိ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ပေးအပ်သည့် ထောက်ပံ့ ငွေများပေးအပ်မှု၊ နန်းဦးမြို့သစ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအတွက် အသင့်နေထိုင်ရန် တည်ဆောက်ထားသည့် Modular House များ၌ အဆင်ပြေစွာ နေထိုင်နိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ဘော်ဂါရပ်နှင့်မင်းလမ်းရပ်ကွက်၊ ပိုးတန်းရပ်ကွက်၊ ပါရမီရပ်ကွက် နှင့် ထုံဘိုရပ်ကွက်များရှိ နေအိမ်များ၊ ရွှေမင်းဝံရိပ်သာနှင့် မြို့တော်ခန်းမတို့၌ အပျက် အစီးများအား ဖယ်ရှားရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာအုပ်စု၊ သပြေတန်းကျေးရွာရှိ စစ်ကိုင်းတံတား(အင်းဝ)၌ တံတားအပျက်အစီးများကို ဖယ်ရှား ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ မြန်မာ့စီးပွား ရေးကော်ပို ရေးရှင်း (MEC) မှ တာဝန်ယူဆောင်ရွက်နေသော ခုံးအမှတ် (၄) နှင့် (၅)တို့၌ ကျွမ်းကျင်လုပ်သားများ၊ စက်ယန္တရားများနှင့်နည်းပညာအထောက်အကူပြု၍ စနစ်တကျစီမံခန့်ခွဲကာ ရေအောက် နစ်မြုပ်နေသောအပိုင်းများအား ရေပေါ်သို့ ဆွဲတင်နိုင်ရန် အမြုပ်ဖော်တိုင်ကီများ ဆောင်ရွက်ပြီးစီးမှု၊ အမြုပ်ဖော်တိုင်ကီများ အသုံးပြု၍ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပြီးစီးမှုတို့ကို သွားရောက်ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးစိုးတင့်နိုင်နှင့်အဖွဲ့သည် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်ရှိ ပြည်ကြီးမျက်ရှင် အဝေးပြေးယာဉ်ရပ်နားစခန်းနှင့် ယာဉ်ရောင်း ဝယ်ရေးစခန်း၌ Countainer House များတပ်ဆင် ဆောင်ရွက်နေမှု၊ အောင်မြေသာစံ မြို့နယ်၊ ဒေါနဘွားရပ်ကွက်ရှိ မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီး၌ ငလျင်ဒဏ်ကြောင့်ထိခိုက် ပျက်စီးခဲ့သော သာသနိကအဆောက် အအုံများအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့် လုပ်ငန်းပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။