တပ်မတော်က ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက် ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation) ဆောင်ရွက်ကာ ပြန်လည် ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ ပညာရေးကဏ္ဍတွင် နစ်နာဆုံးရှုံးမှုများမဖြစ်စေရန်အတွက် အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်း ချုပ်ထားစဉ် တစ်နှစ်နီးပါး ပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ပြီး ပညာသင်ကြားပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းတက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့် ပညာသင်ကြားပေးကြမည့် ဆရာ၊ ဆရာမများအား နိုင်ငံတော် အစိုးရနှင့် တပ်မတော်က ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေးကိရိယာများ ပေးအပ် ချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် နောင်ချိုမြို့ရှိ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း၌ ပြုလုပ်ရာ တပ်မတော်မှ တာဝန်ရှိသူများ၊ ကျောက်မဲခရိုင်အုပ်ချုပ်ရေး မှူး၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ဗိုလ်မှူးကြီး မြင့်ဟိန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံတော်အစိုးရက ထောက် ပံ့ပေးအပ်သည့် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ် ၁၈၀၀၀၀ အုပ်၊ ခဲတံ ၃၈၆၀ ဒါဇင်၊ ဘောပင် ၃၀၀၀ ချောင်းနှင့် ကျောင်းဝတ်စုံ ၂၀၀ စုံတို့ကိုလည်းကောင်း၊ ဆရာ၊ ဆရာမများအတွက် တပ်မတော်က ချီးမြှင့်ပေးအပ်သည့် ကျောင်းဝတ်စုံ ၁၇၆ စုံတို့ကို လည်းကောင်း ပေးအပ်ချီးမြှင့်ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ က လက်ခံရယူကြသည်။
ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည့်အတွက် အတန်းပညာတတ်မြောက် မှသာ အတတ်ပညာကို သင်ယူတတ်မြောက်နိုင်မည် ဖြစ်သောကြောင့် ပညာရေး ကဏ္ဍ၏ အခြေခံအကျဆုံးဖြစ်သည့် အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာပညာသင်ကြားနိုင်ရန်နှင့် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ခဲ့သည့် နောင်ချိုမြို့ မှ ကျောင်းသား၊ ကျောင်းသူများသည်လည်း အခြားအေးချမ်းသည့် ဒေသများရှိ ကျောင်းသား၊ ကျောင်းသူများနည်းတူ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် တပ်မတော်၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုတို့ ပူးပေါင်း၍ အလေးပေး ဆောင်ရွက်ပေးလျက်ရှိသည်။