နောင်ချိုမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်လက်ခံခြင်းနှင့် ယာယီဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် နေပြည်တော်၊ ၂၀၂၅ ဇူလိုင် ၂၄

Thursday, July 24, 2025 - 15:45

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများ ကြောင့် တစ်နှစ်နီးပါး ပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ပြီး ပညာသင်ကြားနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ နောင်ချိုမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဇူလိုင် ၂၂ ရက်မှ စတင်၍ ကျောင်းအပ်လက်ခံပေးလျက်ရှိသည်။  

ထို့သို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း ကျောင်းသား၊ ကျောင်းသူ
၃၀ ဦး လာရောက်ကျောင်းအပ်နှံကြပြီး ကျောင်းအပ်နှံမှု အဆင်ပြေချောမွေ့စေရန် အတွက် တပ်မတော်သားများ၊ ဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းများနှင့် ဒေသခံ မိဘပြည်သူများအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြသည်။ အဆိုပါ ကျောင်းအပ်နှံရေးနေ့ကို ဇူလိုင် ၂၂ ရက်မှ ယနေ့အထိ သတ်မှတ်ထားပြီး ယနေ့အထိ ကျောင်းသား၊ ကျောင်းသူ ၄၅၆ ဦး လာရောက်အပ်နှံထားကြောင်း သိရှိရသည်။ ထိုသို့ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ၊ သန့်ရှင်း သပ်ရပ်စွာနှင့်  လုံခြုံစွာ ပညာသင်ကြားနိုင်ရေးအတွက် တပ်မတော်သားများက လိုအပ်သည့် မိုင်းရှင်းလင်းရေး၊ လုံခြုံရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးထားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် နောင်ချိုမြို့သို့ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိသည့် ဒေသခံ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချော မွေ့စေရေးအတွက် မြနန်းတော်ဝင်မင်္ဂလာခန်းမ၌ တပ်မတော်နှင့် ကျန်းမာရေးဝန် ကြီးဌာနမှ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ ယာယီဆေးရုံ ဖွင့် လှစ်ပြီး ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ဒေသခံတိုင်း ရင်းသားပြည်သူ ၁၂၁ ဦးတို့ကို ကျန်မာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက် ပေးကြသည်။

၎င်းအပြင် နောင်ချိုမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီး အချိန်မီပြန်လည် ဖွင့်လှစ် နိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများက ဆေးရုံပတ်ဝန်းကျင်ရှိ ချုံနွယ်ပေါင်းမြက် များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်း များတူးဖော်ဆယ်တင်ပေးခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက်ပေး ခဲ့ကြကြောင်း သတင်းရရှိသည်။