နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုး မျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
တပ်မတော်အနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ် ထားသည့် တောင်ခမ်းဒေသတစ်ဝိုက်နှင့် နောင်ချိုမြို့တို့ကို အပြီးတိုင်ပြန်လည် ထိန်းချုပ်နိုင်ခဲ့မှုအပေါ် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ဝမ်းသာအားရ ကြိုဆိုထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ၊ ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လာခဲ့ခြင်း များကြောင့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ဝင်များ အနေဖြင့်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ်နားလည်သဘောပေါက်လာကြကာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိရာ ဇူလိုင်လ ၁၇ ရက်နေ့မှ ဇူလိုင်လ ၂၂ ရက်အထိ TNLA အဖွဲ့ဝင် ၄ ဦး ၊ DPLA အဖွဲ့ဝင် ၄၁ ဦး နှင့် MDY-PDF အဖွဲ့ဝင် ၁၅ ဦး၊ စုစုပေါင်း ၆၀ ဦးတို့သည် လက်နက်မျိုးစုံ ၁၃ လက်၊ ကျည်မျိုးစုံ ၁၅၁၅ တောင့်၊ ကျည်အိမ် ၁၂ ခုနှင့်အတူ ပြန်လည် ဝင်ရောက်လာခဲ့ကြသည်။
ယနေ့တွင်လည်း MDY-PDF အဖွဲ့မှ အမျိုးသား ၇ ဦး နှင့် အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၉ ဦးတို့သည် ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်လိုခြင်း၊ တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ယုံကြည်လက်ခံခြင်းများကြောင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နီးစပ်ရာတပ်မတော်စခန်းများမှတဆင့် ဥပဒေဘောင်အတွင်းကို ပြန်လည်ဝင်ရောက်လာခဲ့ရာ ၎င်းတို့ကို တာဝန်ရှိသူများက ပြန်လည်လက်ခံပြီး လိုအပ်သည့်ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးခဲ့ပြီး မိဘ အုပ်ထိန်းသူများထံကို ပြန်လည်လွှဲပြောင်း အပ်နှံခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများ၏ ကနဦးပြောကြားချက် များအရ ၎င်းတို့သည် အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်သူများဖြစ်ပြီး အကြမ်း ဖက်သမားများ ရောက်ရှိလာကာ ၎င်းတို့အဖွဲ့ထဲ မဝင်ရောက်ပါက မိဘဆွေများများနှင့် အကြပ်ကိုင်၍ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းကိုခံခဲ့ရ ကြောင်း၊ ထို့ပြင် အကြမ်းဖက်သမားများသည် ငွေရေးကြေးရေးအခက်အခဲများ ကြောင့် စားသောက်နေ ထိုင်ရာတွင် အနေဆင်းရဲ၊ အစားဆင်းရဲဖြင့် ပင်ပင်ပန်းပန်း နေထိုင်ခဲ့ရကြောင်း၊ ယင်းအပြင် ၎င်းတို့အဖွဲ့အတွင်း၌ လက်နက်အားကိုးဖြင့် အထက် အောက် အနိုင်ကျင့်ဗိုလ်ကျ လူမျိုးရေးခွဲခြားဆက်ဆံခံရခြင်း၊ အဆင့်အတန်းခွဲခြား ဆက်ဆံခံရခြင်း များရှိကြောင်း၊ တပ်မတော်၏ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter– Terrorism Operation)များ ဆင်နွှဲမှုတွင် အကျအဆုံးများ များပြားလာ ခြင်းများကြောင့် စိတ်ဓာတ်များ ကျဆင်းလာခြင်း၊ မိသားစုများနှင့် နွေးနွေးထွေးထွေး ပြန်လည်နေထိုင်လိုပြီး တောထဲ၌ နေထိုင်လိုမှုမရှိခြင်း၊ ၎င်းတို့၏ လုပ်ရပ်များသည် ပြည်သူလူထုအတွက် များစွာထိခိုက်နစ်သည်ကို သိရှိနားလည်သဘောပေါက်လာခြင်း ကြောင့် ၎င်းတို့လုပ်ရပ်များကို စိတ်ပါဝင်စားမှုမရှိတော့ခြင်း၊ တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက်လာခြင်းတို့ကြောင့် ယခုကဲ့သို့ ၎င်းတို့အဖွဲ့အတွင်းမှ ပြန်လည်ထွက်ခွာလာကာ နီးစပ်ရာတပ်မတော် စခန်းများမှတဆင့် ဥပဒေဘောင်အတွင်းကို ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ နိုင်ငံတော်အစိုးရအနေဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ များအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲအပ်ပေးလျက်ရှိခြင်းများကြောင့် ဥပဒေဘောင် အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်း ပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများ အတွက် ဆုကြေးငွေများအား ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။
အဆိုပါ အလင်းဝင်ရောက်လာသူများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်---
အမျိုးသား
အကြမ်းဖက် PDF အဖွဲ့အစည်းထဲကို ရောက်ရှိရတဲ့ အကြောင်းအရင်း ကတော့ ကျွန်တော့်သူငယ်ချင်းက လုပ်ငန်းလုပ်ဖို့ဆိုပြီးတော့ မိုင်းတုံကို လိမ်ခေါ်တယ်။ ကျွန်တော်တို့ ရောက်ရှိသွားတဲ့ အချိန်မှာ ဒီအကြမ်းဖက် PDF သင်တန်းကို တက်ရမယ်လို့ ပြောပါတယ်။ ကျွန်တော်က မတက်ချင်တဲ့အတွက် သူတို့ကိုသွားပြောတယ်။ သူတို့အထက်အရာရှိက မင်းမတက်ရင် မင်းတို့ကို သတ်ပစ်မယ်ဆိုပြီးတော့ ပြောတယ်။ ကျွန်တော့်သူငယ်ချင်းကလည်း မင်း ဒီ သင်တန်းကို မတက်ရင် သတ်ပစ်မယ်လို့ ပြောပါတယ်။ အမှန်တကယ်လည်း ဒီသင်တန်းကို မတက်ဘဲ ပြန်သွားတဲ့ အဖွဲ့တွေကိုလည်း သူတို့ သတ်ပစ်တာ တွေကိုမြင်ခဲ့ရပါတယ်။ အဲ့တာကြောင့်ကျွန်တော် ဒီသင်တန်းကို ဆက်ပြီး တက်ခဲ့ ရပါတယ်။ သင်တန်းကာလ အတွင်းမှာလည်း အစားအသောက်ပိုင်းဆိုင်ရာမှာ ကျွန်တော်တို့ကို ကျွေးတဲ့ရက်ရှိသလို၊ မကျွေးတဲ့ရက်လည်းရှိပါတယ်။ တစ်ခါ တစ်လေဆိုရင် ရှူးရှဲလက်ဖက်ထုပ်နဲ့ပဲ စားရတဲ့အခါ ရှိသလို ရေနဲ့ပဲစားရတဲ့ အခါလည်း ရှိပါတယ်။ ခက်ခက်ခဲခဲ သင်တန်းတက်ရတယ်။ ကျွန်တော်တို့နဲ့ ပါလာတဲ့ ညီမငယ်တွေ၊ အစ်မတွေကိုလည်း သူတို့ရဲ့ အထက်အရာရှိ ပိုင်းတွေ အနားမှာ ခေါ်ထားပြီး မတော်မတရားတွေလုပ်တယ်။ အဓမ္မပြုကျင့်တယ်။ အဲ့တာတွေကိုလည်း မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတယ်။ မြင်ခဲ့ရပေမဲ့လည်း ကျွန်တော်တို့မှာ ပြန်ပြောပိုင်ခွင့် မရှိဘူး။ သူတို့မှာက သေနတ်တွေနဲ့ဆိုတော့ အမြင်မကြည်ရင် သူတို့စိတ်ဆန္ဒအဆင်မပြေရင် ခေါ်ပြီးတော့ သတ်တယ်။ ဒါတွေကို မြင်တွေ့ရတဲ့အခါမှာ စိတ်နာတယ်။ ကျွန်တော်တို့ကို သင်တန်းပြီး တော့ မတ္တရာဂွင်ဘက်ကို ပို့တော့ သင်တန်းဆင်းတာမှ တစ်ပတ်လောက်ပဲ ရှိသေးတယ်။ ရှေ့တန်းကို တန်းလွှတ်တယ်။ ရှေ့တန်းကို လွှတ်တော့လည်း လူအင်အားနည်းနည်းလေးနဲ့ ပစ္စည်းတွေလည်း စုံစုံလင်လင် မပေးဘူး။ သူတို့ တွေကဆိုရင် အနောက်ကနေပဲ အမိန့်ပေးတယ်။ ရှေ့ကိုတစ်ယောက်မှ မလာ ဘူး။ ဒီအတွက်လည်း ကျွန်တော့်မှာ စိတ်ခံစားချက်ရှိတယ်။ ရှေ့ရောက်တော့ လည်း တပ်မတော်ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတယ်။ လူအင်အား လက်နက်အင်အား မမျှတဲ့အတွက် အနောက်ကို ပြန်ဆုတ်ဖို့ သူတို့ကို ပြောတယ်။ ပြောတဲ့အချိန်မှာလည်း သူတို့က မင်းတို့နောက်မဆုတ် ရဘူး။ နောက်ဆုတ်ရင် မင်းတို့ကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ ကျွန်တော်ထဲကမှ ခိုးပြန်သွားတဲ့ ကောင်တွေကို ကျွန်တော်တို့ ရှေ့မှာတင် သတ်ပစ်တယ်။ ကျွန်တော်တို့လည်း ကြောက်ပြီးတော့ တပ်မတော်ကို ခုခံရ တယ်။ ကိုယ့်ကိုကိုယ် အသတ်မသေအောင် ကာကွယ်ပြီးတော့ တပ်မတော်ထံ အလင်းဝင်ဖို့ သူငယ်ချင်းတွေ စုပြီးတော့ တိုင်ပင်ကြတယ်။ သူတို့အွန်လိုင်းပေါ် မှာတင်ထားက တပ်မတော်ထံကအလင်းဝင်ရောက်လာတဲ့သူဆိုရင် ဆုငွေပေး တယ်။ ကောင်းကောင်းမွန်မွန်ထားတယ်ဆိုပြီး အွန်လိုင်းပေါ်မှာတင်ထားတယ်။ ဒါတွေက တကယ်မဟုတ်ပါဘူး။ သူတို့လုပ်တာက တပ်မတော်ထံမှ အလင်းဝင် လာတဲ့သူတွေကို သက်ပစ်တယ်။ သေနက်တွေယူထားတယ်။ အဲလိုမျိုးလုပ် တယ်။ ကျွန်တော်တို့ကိုလည်းပြန်ပြောတယ် တပ်မတော်ထံအလင်းဝင်ရောက် တယ်ဆိုရင် ဒီလိုပဲသက်ပစ်မယ်ဆိုပြီး ကျွန်တော်တို့ကိုပြောထားတယ်။ အဲတော့ ကျွန်တော်တို့တွေဝေသွားတယ်။ အရင်အလင်းဝင်သွားတဲ့ ကျွန်တော်တို့ သူငယ် ချင်းတွေနဲ့ ချိတ်ဆက်မိတဲ့အခါမှာ ဒီလိုဒီအကြောင်းပဲ မေးကြည့်တယ်။ သားကြီး အဲတာမဟုတ်ဘူး ဒီမှာအေးအေးဆေးဆေးပဲ နွေးနွေးထွေထွေပဲ ကြိုဆိုတယ်ဆို ပြီးတော့ပြောတဲ့အချိန်မှာ ကျွန်တော်တို့အလင်းဝင်ရောက်တယ်။ တကယ်လည်း ဟုတ်ပါတယ်။ အလင်းဝင်ရောက်တဲ့အချိန်မှာ နွေးနွေးထွေထွေကြိုဆိုတယ်။ ကိုယ့်မိဘထံကို အေးအေးဆေးဆေးပဲ ပြန်လိုက်အပ်ပေးတယ်။ အဲါအတွက် လည်း တပ်မတော်ကို ကျေးဇူးတင်တယ်။ ကျွန်တော် မတ္တရာဂွင်ဘက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အယ်ဖာပတ်ပတ်လည်ကကျေးရွာတွေမှာလည်း ပစ္စည်း တွေ ၊ စားသောက်စရာတွေ၊ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ကျွန်တော်တို့ အဓမ္မယူ ဆောင်၊ သုံးဆောင်ရတယ်။ အဲ့ပစ္စည်းတွေသုံးဆောင်ရတာလည်း တချို့ပစ္စည်း တွေဆိုရင် အထက်အရာရှိပိုင်းတွေကိုပြန်အပ်ရတယ်။ သူတို့ကဒီလိုဒီအကြောင်း ပဲ ဒီအိမ်ကို ပိတ်လိုက်ပြီးရင်ချိတ်ပိတ်ဒလန်အိမ်ဆိုပြီး ကျွန်တော်တို့ကိုပြော တယ်။ ချိတ်ပိတ်ပြီးတော့ ပစ္စည်းတွေကို သူတို့ကို အပ်ရတယ်။ အဲံတာတွေကို ရွံ့ရှာမုန်းတီးလာတယ်။ ရွံ့ရှာမုန်းတီးလာတဲ့အချိန်မှာ ကျွန်တော်တပ်မတော်ထံ ကိုအလင်းဝင်ရောက်တယ်။ မိဘပြည်သူတွေကို ကျွန်တော်အနူးညွတ်တောင်း ပန်ပါတယ်။ အကြမ်းဖက် PDF အဖွဲ့အစည်းထဲက ထွက်ရှိလိုက်တဲ့အတွက် နှောက်နောင်ဒီလိုမဖြစ်စေရပါဘူးလို့လည်း ကတိပေးပါတယ်။ တောထဲမှာ ညီကို မောင်နှမတွေကိုလည်း တပ်မတော်ထံအလင်းဝင်ဖို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ဘက်က အကူအညီလိုအပ်ရင် ကူညီဖို့အသင့်ပါပဲ။
အမျိုးသမီး
ကျွန်တော် အကြမ်းဖက်အဖွဲ့အစည်းအတွင်းရောက်ရှိရတဲ့ အကြောင်း အရင်းကတော့ ကျွန်တော်သူငယ်ချင်းများရဲ့ လိမ်လည်ပြောဆိုမှုကြောင့် ရောက် သွားခဲ့ပါတယ်။ အကြမ်းဖက်အဖွဲ့အစည်း PDF ထံရောက်တော့ ကျွန်တော် သင်တန်းမတက်ချင်ဘူးလို့ပြောတဲ့အခါမှာ သင်တန်းမတက်လို့မရဘူး သင်တန်း တက်ရမယ်ပြောတဲ့အခါမှာ ကျွန်တော် အိမ်ပြန်ခွင့်တောင်းပါတယ်။ အိမ်ပြန်လို့ မရဘူး အိမ်ပြန်တဲ့အခါကြရင် ဖမ်းရင်မိရင်သက်ပစ်မယ် ။ ဖမ်းမယ်သက်ပစ်မယ် ပြောတဲံအခါမှာ မပြန်ဘဲနဲ့ PDF သင်တန်းကို တက်ခဲ့ရပါတယ်။ သင်တန်းရောက် တော့လည် အခက်အခဲတွေအများကြီး တွေ့ခဲ့ရပါတယ်။ မိန်းကလေးတွေဆိုရင် လည်း ညဆိုရင်ကင်းတွေစောင့်ခိုင်းပါတယ်။ ဆောင်းတွင်းပိုင်းမှာ ရေတွေစိမ် ခိုင်းပါတယ်။ စားသောက်ပိုင်းဆိုင်ရာမှာလည်းရှူးရှဲတစ်ထုပ်နဲ့ပဲ အများစားခဲ့ရပါ တယ်။ တစ်ခါတစ်လေကြရင် ဘာမှမပါဘဲ စားခဲ့ရပါတယ်။ ကျွန်တော်ကျန်းမာ ရေ သွေးတွေအမ်တဲ့အထိဖြစ်တဲ့အခါမှာလည်း ဆေးမကုပေးပဲနဲ့ သူတို့သင်တန်း ပေးထားတဲ့ သူနဲ့ပဲကုပေးပါတယ်။ ဆေးရုံတင်ဖို့ပြောတဲ့အခါမှာ ဆေးရုံတင် မပေးပါဘူး။ အစာအိမ်ဖြစ်တာသေသွားတာမှမဟုတ်တာပဲ ဆိုပြီး သင်တန်းတွေ ဆက်တက်ခိုင်းပါတယ်။ မြန်မာဆေးနဲ့ ပျောက်အောင်ကုခဲ့ရပါတယ်။ သင်တန်း မှာ မလုပ်ချင်ဘူးလို့ပြောတဲ့အခါမှာ အပြစ်ပေးပြီးတော့ ရိုက်ပါတယ်။ အကြောင်း မရှိအကြောင်းရှာပြီ အရိုက်ခံရပါတယ်။ မိန်းကလေးတွေဆိုလည်း အသာယူပါ တယ်။ ဘာဖြစ်တာလည်း နေမကောင်းဘူးလားဆိုပြီး လက်တွေကိုင်ကြည့် ဟို ဟာကိုင်ကြည့်ပြုလုပ်ပါတယ်။ အဲဒီမှာ အဲဒီဒဏ်တွေကို မခံနိုင်ပါဘူး။ သင်တန်း ဆင်းပြီးရုံးကိုရောက်တဲ့အခါမှာ အရင်ရောက်တဲ့သူတွေကြနေရာရပြီး ကျွန်တော် တိုကြတော့ နေရာမရပါဘူး။ ရောက်ရောက်ချင်းမှာပဲ ဖုန်းတွေသိမ်းသွားခဲ့ပါ တယ်။ အိမ်ကိုဖုန်းဆက်ချင်တယ်လို့ပြောတဲ့အခါမှာ ဖုန်းလုံးဝဆက်ခွင့်မပေးပါ ဘူး။ အရင်ရောက်တဲ့ အစ်မတွေကြတော့ သူတို့က ဖုန်းတွေလည်းပေးကိုင်ပါ တယ်။ အကုန်လုံးအေးအေးဆေးဆေးနေရပါတယ်။ နောက်ရောက်လာတဲ့ လူ တွေကပဲ မိန်းကလေးဆိုရင် သစ်တွေထမ်းရတယ်။ ဟိုအောက် လျှိုထဲထိသွားပြီး သစ်တွေထမ်းရတယ်။ ဝါးတွေဆိုရင်လည်း ကိုယ့်ဘာသာခုတ်ပြီး ထမ်းရပါ တယ်။ အဲတာတွေမလုပ်ဖူးဆိုရင် အပစ်ပေးပါတယ်။ ညဆိုလည်း ကင်းတ ွေစောင့်ရပါတယ်။ တစ်ရက်မှမနားဘဲ စောင့်ခဲ့ရပါတယ်။ ဂိတ်ကင်းဆိုလည်း ကင်းစောင့်ရပါတယ်။ ရုံမှာအစားအသောက်ကျွေးပြီဆိုလည်း ဘယ်တော့မှ အသားဟင်းမကျွေးခဲ့ပါဘူး။ သူတို့အရာရှိတွေ ညအရက်သောက်ပြီး ပျော်ပါးပြီး တဲ့အခါမှာ မိန်းကလေးတွေက မနက်ဆိုရင် သူတို့စားပြီးသားတွေကို ရှင်းပေးရ ပါတယ်။ အန်ထားတာကအစ ရှင်းပေးရပါတယ်။ အဲတာတွေမလုပ်ဘူးဆိုရင် သူတို့က ဘာလို့မလုပ်တာလည်းဆိုပြီး အပြစ်ပေးပါတယ်။ ဆရာဝန်အရာရှိတစ် ယောက်ကဆိုရင် ကျွန်တော်နေမကောင်းလို့ ဆေးခန်းသွားပြတဲ့အခါမှာ နေမကောင်းတာဘာဖြစ်လို့လည်းဆိုပြီး လက်တွေကိုင်ပါတယ်။ ခွင့်မပြုတဲ့အခါ မှာ သူကျွန်တော့်ကို ဆေးမကုပေးပါဘူး။ ဘာမှမဖြစ်ဘူးဆိုပြီး ဒီအတိုင်းပဲ ပြန်လွှတ်ပါတယ်။ အရင်ရောက်တဲ့ မိန်းကလေးတွေဆိုရင် ကျွန်တော်တို့နောက် ရောက်တဲ့ ကောင်မလေးတွေဆို အနိုင်ကျင့်ပါတယ်။ ပြောဆိုပါတယ်။ ပြောလို့ရ တဲ့သူဆို သူတို့ဖိပြောပါတယ်။ အဲဒီဒဏ်တွေကို မခံနိုင်တဲ့အခါမှာ တပ်မတော် ဘက်ကို အလင်းဝင်ရောက်ဖို့ ကြိုးစားခဲ့ပါတယ်။ သူတို့ကပြောပါတယ် နင် အဲဘက်ကိုရောက်ရင်သူတို့က သက်ပစ်မှာလို့ပြောတဲ့အခါမှာ ကျွန်တော်တွေဝေ ခဲ့ပါတယ်။ အလင်းဝင်ရောက်တဲ့ အစ်မတစ်ယောက်ကနေပြီး ဘာမှမဖြစ်ဘူး အဆင်ပြေတယ်။ မိဘတွေလက်ထဲကို ချောချောမွေ့မွေ့ပြန်အပ်တယ်ဆိုတာနဲ့ ကျွန်တော် တပ်မတော်ဘက်သို့ အလင်းဝင်ရောက်ခဲ့ပါတယ်။ တပ်မတော်အ တွင်းအလင်းဝင်ရောက်တဲ့အခါမှာလည်း သူတို့ပြောသလိုဖြစ်မနေဘဲနဲ့ နွေးနွေး ထွေထွေကြိုဆိုပါတယ်။ မိဘတွေလက်ထဲကိုလည်း သေသေချာချာပြန်အပ်ပေး ပါတယ်။အဲ့အတွက်လည်းတပ်မတော်ကိုကျေးဇူးတင်ပါတယ်။ ပြီးရင် ကျွန်တော် တို့ကြောင့်ပဲဖြစ်ဖြစ် အဓမ္မစေခိုင်းလို့ပဲဖြစ်ဖြစ် ဒုက္ခရောက်ခဲ့တဲ့ ပြည်သူတွေကို လည်း ကျွန်တော်ဒီကနေ တောင်းပန်ပါတယ်။ တောထဲမှာကျန်ခဲ့တဲ့ ညီကိုမောင် နှမတွေကိုလည်း ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ဖို့ ကျွန်တော်အမြန်ဆုံး ဖိတ်ခေါ်ပါတယ်။ လိုအပ်တာရှိရင်လည်း ကျွန်တော်ကူညီဖို့အသင့်ပါပဲ။