တပ်မတော်အနေဖြင့် ပြည်သူလူထုအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် တိုင်းစစ်ဌာနချုပ် နယ်မြေများအလိုက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation)များကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၆ ရက်တွင် အကြမ်း ဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် တောင်ခမ်းဒေသတစ်ဝိုက်နှင့် နောင်ချိုမြို့တို့ကို တပ်မတော်က အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့မှုအပေါ် နောင်ချို မြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ဝမ်းသာစွာအားပေး ထောက်ခံကြိုဆို လျက်ရှိသည်။
ထို့ပြင် ဇူလိုင်လ ၁၈ ရက်တွင်လည်း နောင်ချိုမြို့၌ အစိုးရ၏ အုပ်ချုပ်မှု ယန္တရားများဖြစ်သည့် ရုံး/ဌာနများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးဆိုင်ရာများ၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် စေရေးအတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများသည် လိုအပ်သည့်ကူညီထောက်ပံ့ရေးပစ္စည်းများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်အလှူရှင်များက ပေးပို့လှူဒါန်းသည့် စားသောက် ဖွယ်ရာများ၊ အသုံးအဆောင်ပစ္စည်းများ၊ ထောက်ပံ့ပစ္စည်းများနှင့်အတူ ပြန်လည် ရောကရှိလာကြပြီး အုပ်ချုပ်မှုယန္တရားပြန်လည် လည်ပတ်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ယာယီနေရပ်စွန့်ခွာ ပြည်သူများ မိမိ နေရပ်သို့ ပြန်လည်ဝင်ရောက်လာစဉ် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် နေထိုင်စားသောက်လုပ်ကိုင်နိုင်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ ယုတ်မာ ရက်စက်စွာ လုပ်ဆောင်ခဲ့သည့် မြေမြုပ်မိုင်းအန္တရာယ်မှ ကင်းဝေးစေရေးအတွက် မိုင်းရှင်းလင်းရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ နောင်ချိုမြို့နယ်အတွင်း မိုင်းရှင်းလင်းရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်း များ ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းသည် ယနေ့နံနက်ပိုင်းတွင် နောင်ချို မြို့၏ အနောက်မြောက်ဘက် ၇ မိုင်ခန့်အကွာရှိ လောင်ဖန်းကျေးရွာသို့ ရောက်ရှိ ကြရာ နောင်ချိုမြို့အား အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားစဉ် ၎င်းတို့ ပိုင်ဆိုင်သည့် နေအိမ်အဆောက်အဦများနှင့် အဖိုးတန်ပစ္စည်းများအား စွန့်ခွာ၍ ယာယီနေရပ်စွန့်ခွာနေရသည့် ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံခဲ့ရာ ဒေသခံတိုင်းရင်းသားပြည်သူများသည် တပ်မတော် စစ်ကြောင်းအား ဝမ်းပမ်းတသာ ကြိုဆိုနှုတ်ဆက်ကြပြီး ၎င်းတို့၏ နေရပ်သို့ ပြန်လည် အခြေချနေထိုင်နိုင်ရေးအတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန် တပ်မတော် စစ်ကြောင်းထံ အကူအညီ တောင်းခံခဲ့ကြသည်။
ထိုသို့ အကူအညီတောင်းခံခဲ့သဖြင့် တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက ၎င်းတို့၏ နေရပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ဝင်ရောက်နေထိုင် နိုင်ရေး အတွက် မော်တော်ယာဉ်များ စီစဉ်ပေးခြင်း၊ စားသောက်ရေး အဆင်ပြေစေရန် အတွက် စားသောက်ဖွယ်ရာများ စီစဉ်ထောက်ပံ့ပေးခြင်း၊ ၎င်းတို့၏ အသုံးအဆောင် ပစ္စည်းများအား ကူညီရွှေ့ပြောင်းသယ်ဆောင်ပေးခြင်းများနှင့် အခြားလိုအပ်သည့် ကူညီရေးလုပ်ငန်းများကို အားတတ်သရောဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြရာ ယာယီနေရပ်စွန့်ခွာပြည်သူများသည် ၎င်းတို့၏နေရပ်သို့ ပြန်လည်ဝင်ရောက်အခြေချ နေထိုင်ကြရသည့်အတွက် ဝမ်းသာပျော်ရွှင်လျက်ရှိပြီး ၎င်းတို့၏ စကားသံများကိုလည်း ယခုလို ကြားသိခဲ့ရပါတယ် -
၁။ ခုလိုပြည်သူပြည်သားတွေကို ပျော်ရွှင်အောင်လုပ်ပေးတယ်။ ပြီးတော့ ဘဝလုံခြုံမှုပေးတယ်။မြန်မာစစ်သည်တော်တွေအားလုံးကိုကျေးဇူးတင်ပါတယ်။
၂။ ကျေးဇူးတင်ပါတယ် ဆရာတို့အားလုံးကို ပြန်ပြီးကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
၃။ နှစ်ယောက်တွဲ ကယ်တင်ပေးတဲ့အတွက်မို့ကျေးဇူးတင်ပါတယ်။ ပြန်လာကယ်တာကို လည်း ကျေးဇူးအများကြီး တင်တယ်။
၄။ ၆ လပိုင်း ၂၅ ရက်နေ့က တိုက်ပွဲဖြစ်တယ်။ အဲ့နေကစပြီး မိသားစုတွေ တကွဲတပြားစီဖြစ်တယ်။ မန္တလေးရောက် ဟိုရောက်ဒီရောက်နဲ့ တကွဲတပြားစီ ဖြစ်ကြတယ်။ အခုချိန်ထိတကွဲတပြားစီပါပဲ ။ အခု စစ်တပ်ကလာပြီးအခုလိုရှင်း လင်းပြီးတော့ လုပ်ပေးကိုင်ပေးတဲ့အတွက် အကုန်လုံးကို အစစအရာရာ လာပြီး ကူညီပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ နောင်လည်းဒီလိုပဲ အမြဲ တမ်း အမြဲမပျက်ဒီလိုစောင့်ရှောက်ပေးဖို့ ပြောချင်ပါတယ်။
၅။ ခုလိုဖြစ်လာမယ်ဆိုတာတော့ ကျွန်မယုံကြည်တယ်။ ဒီလိုအမြန်ဆောင် ခဲ့မယ်လို့ မထင်ထားဘူးလေ။ ဒီလိုဖြစ်လာတော့ အတတိုင်းမသိဝမ်းသာတော့ ဘာပြောရမှန်းမသိဘူးလေ။ မိသားစုတွေ ခုလိုစုံစုံလင်လင်နေရမယ်။ လုပ်ငန်း ကိုင်ခန်းတွေ ပုံမှန်လည်ပတ်လို့ရမယ်ဆိုတော့ ပျော်လို့ စကားကို ဘာပြောရမှန်း ကိုမသိဘူး။ တပ်မတော်ကြီးလည်း အများကြီး ကျေးဇူးတင်မိတယ်။ အဲလိုပဲပြော ချင်တယ်။
၆။ ကျွန်မတို့ရွာဘက်မှာ ၁၅ ရက်ကျော်ပါတယ်ရှင့်။ မိသားစုတွေလည်း မတွေ့ရပါဘူးရှင့် ။ စစ်တပ်ရောက်လာတော့ ကျွန်မတို့အများကြီးပျော်ပြီး အများ ကြီး ဝမ်းသာပါတယ်ရှင့်။
၇။ ကိုယ့်မြို့ကိုယ့်ရွာကို ပြန်ခွင့်ရှိတာကို အများကြီးကျေးဇူးတင်ပါတယ် ခင်ဗျာ။