ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုကားလမ်းမကြီးပေါ်၌ KNLA၊ PDF အမည်ခံအကြမ်းဖက်ပူးပေါင်းအဖွဲ့က လက်လုပ်မိုင်းများထောင်ထားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အများပြည်သူ အန္တရာယ်မဖြစ်စေရေး ဖယ်ရှားရှင်းလင်း နေပြည်တော်၊ ၂၀၂၅ ဇူလိုင် - ၁၈

Friday, July 18, 2025 - 18:00

KNLA PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် အများပြည်သူများ အထိတ်တလန့်ဖြစ်စေရန်၊ လမ်းပန်းဆက်သွယ်မှု ပြတ်တောက်စေရန်နှင့် ကုန်စည် စီးဆင်းမှုများ အခက်အခဲဖြစ်ပေါ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် အများ ပြည်သူသွားလာအသုံးပြုလျက်ရှိသော လမ်း၊ တံတားများအား မိုင်းထောင် ဖောက်ခွဲခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခြင်းစသည်များကို ဆင်ခြင်တုံတရားကင်းမဲ့ စွာ လုပ်ဆောင်လျက်ရှိသည်။

ထို့သို့ လုပ်ဆောင်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဘီးလင်းမြို့၏ အနောက် မြောက်ဘက်  မီတာ ၇၃၀၀ ခန့် အကွာ အလူးလေးကျေးရွာအနီး ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုကားလမ်းမကြီး မိုင်တိုင်အမှတ်၊ (၁၂၀/၆) နှင့် (၁၂၀/၇) ကြား လမ်း၏ညာဘက်ခြမ်း ချုံပုတ်အတွင်း၌  KNLA၊ PDF အမည်ခံအကြမ်းဖက် ပူးပေါင်းအဖွဲ့က ဆင်ခြင်တုံတရားကင်းမဲ့စွာထောင်ထား သည့် ဒေသန္တရလက်လုပ်မိုင်း ၇ လုံးနှင့် ရှေ့ထွက်မိုင်း ၂ လုံး တို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့သဖြင့် အများပြည်သူများ ဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် စနစ်တကျဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သည်။

PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ယခုကဲ့သို့ ပြည်သူများ ထိခိုက်ပျက်စီးဒဏ်ရာရရှိစေရန် မိုင်းထောင်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများကို မကြာခဏ လုပ်ဆောင်လျက်ရှိရာ ထိုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင် နေမှုအပေါ် ပြည်သူများအနေဖြင့် လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ကန့်ကွက်ရှုတ်ချ လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းစဉ် များကို ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။