Wednesday, June 16, 2021 - 16:15
ကျိုင်းတုံမြို့နယ်၊ ပန်လီကျေးရွာရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံ
နေပြည်တော်၊ ဇွန် - ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ပန်လီ ကျေးရွာရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား ယနေ့နေ့လယ်ပိုင်းတွင် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များက အဆိုပါကျေး ရွာရှိ နယ်မြေခံတပ်ရင်းခန်းမ၌ သွားရောက်တွေ့ဆုံသည်။
တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်သူ့စစ်(ဌာနေ)အဖွဲ့ ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ သွပ်၊ ရေပိုက်များနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။