တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ) နှင့် အမှတ်(၃) ဘိလပ်မြေစက်ရုံ (တန် ၁၂၀၀)တို့၏ ကုန်ထုတ်စွမ်းအားမြှင့်တင်ဆောင်ရွက်နေမှုအခြေအနေများအားသွားရောက်ကြည့်ရှုစစ်ဆေး နေပြည်တော်၊ဇူလိုင်- ၁၁

Friday, July 11, 2025 - 17:30

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ) နှင့် အမှတ်(၃) ဘိလပ်မြေစက်ရုံ (တန် ၁၂၀၀)တို့၏ ကုန်ထုတ်စွမ်းအားမြှင့်တင်ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇူလိုင် - ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန် ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ)နှင့် အမှတ်(၃) ဘိလပ်မြေစက်ရုံ (တန် ၁၂၀၀)တို့၏ ကုန်ထုတ်စွမ်းအား မြှင့်တင်ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ)

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှအဖွဲ့ဝင်များသည် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(မိတ္ထီလာ)သို့ ရောက်ရှိ ကြရာ စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် စက်ရုံသို့ လာရောက်စစ်ဆေးစဉ် လမ်းညွှန် ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ စက်ရုံတွင် ဌာနအလိုက် တပ်ဆင်ထားသောစက်များ၏ စွမ်းပကားများ၊  စက်ရုံမှ ချည်အမျိုးမျိုး၊ အထည်နှင့် ချုပ်ထည်အမျိုးမျိုးကို ထုတ်လုပ်နိုင်မှုအခြေအနေများ၊ ဝန်ထမ်းများ သက်သာချောင်ချိ ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့် ဆောင်ရွက်ပေးနေမှုတို့ကို ရှင်းလင်း တင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ချည်ထည်များထုတ်လုပ်ရာတွင် အရေအတွက်ထက် အရည် အသွေးကို ပိုမိုဦးစားပေး၍ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်တွင်းရှိ အထည်အလိပ် နှင့် ပတ်သက်သည့် အငယ်စား၊ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ၌ လို အပ်လျက်ရှိသော ချည်မျှင်နှင့် အထည်အလိပ်များကို လိုအပ်ချက်ပြည့်မီအောင် ထုတ် လုပ်၍ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ သက်သာချောင်ချိရေးဆောင်ရွက်ရာတွင်လည်း အမှန်တကယ် သက်သာ ချောင်ချိမှုရရှိအောင် ဆောင်ရွက်ပေးသွားရန်လိုကြောင်းနှင့် အခြားလိုအပ် သည်များကို မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ခင်းကျင်းပြထားသော စက်ရုံမှထုတ်လုပ်ထားသည့် ယူနီဖောင်းပိတ်စ များနှင့် ချည်ထည်များ၏ အရည်အသွေးများအား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူ များ၏ တင်ပြချက်များအပေါ် ချည်ထည်များ၏ အရည်အသွေးအား ဆက်လက်ထိန်း သိမ်းသွားရန်၊ ဈေးကွက်လိုအပ်ချက်အပေါ်မူတည်၍ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင် ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စက်ရုံအတွင်းရှိ ချည်ငင်အလုပ်ရုံ၊ ချည်ကျစ်အလုပ်ရုံ များအတွင်းချည်များအဆင့်ဆင့် ထုတ်လုပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကစက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ စက်ရုံမှတာဝန်ရှိ သူတစ်ဦးက လက်ခံရယူသည်။

အဆိုပါ တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ) အနေဖြင့် တပ်မတော် နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက်လိုအပ်သည့် ဝတ်စုံများကိုချုပ်လုပ်ပေးလျက်ရှိ သကဲ့သို့ ကျောင်းဝတ်စုံများ၊ အခြားနေ့စဉ်သုံးချည်ထည်ပစ္စည်းများကိုလည်းထုတ်လုပ် ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်သူများ၏ဝတ်ရေးကို ပိုမိုအထောက် အကူပြုစေရန်နှင့် ပြည်တွင်းချည်ချောထုတ်လုပ်မှုများ တိုးတက်စေရေး ဆောင်ရွက် လျက်ရှိချိန်တွင် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ)အနေဖြင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ၂/၈၀ ချည်ချောစက်ရုံခွဲကို ထပ်မံတိုးချဲ့တည်ဆောက်နိုင်ခဲ့ပြီး ပြည် တွင်းရှိအထည်အလိပ်နှင့်ပတ်သက်သည့် စက်မှုလုပ်ငန်းများအတွက် လိုအပ်ချက်ရှိနေ သည့် ချည်မျှင်နှင့်အထည်အလိပ်များကို အတိုင်းအတာတစ်ခုအထိထုတ်လုပ် ဖြည့် ဆည်းပေးလျက်ရှိကြောင်းနှင့် သတ်မှတ်ထားသည့် အရည်အသွေးစံနှုန်းများအတိုင်း ပြည့်မီစွာထုတ်လုပ်ပေးလျက်ရှိကြောင်းသိရှိရသည်။

အမှတ်(၃) ဘိလပ်မြေစက်ရုံ (တန် ၁၂၀၀)

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မွန်းလွဲပိုင်း မြန်မာစီးပွားရေးကော်ပိုရေးရှင်း အမှတ်(၃) ဘိလပ်မြေစက်ရုံ(တန် ၁၂၀၀)သို့ရောက်ရှိကြရာ စက်ရုံအစည်းအဝေးခန်းမတွင် မြန်မာ စီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ညိုစော က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အမှတ်(၃) ဘိလပ်မြေစက်ရုံ(တန် ၁၂၀၀)သို့ ရောက်ရှိစစ်ဆေးခဲ့စဉ်လမ်းညွှန်မှာကြားချက်များအား အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးမှု၊ ပြည်တွင်းရှိဘိလပ်မြေစက်ရုံများ၏ ကုန်ထုတ်လုပ်နိုင်မှုစွမ်း အားများကိုလည်းကောင်း၊ စက်ရုံမှူးက စက်ရုံဆိုင်ရာအချက်အလက်များ၊  ဘဏ္ဍာရေး နှစ်အလိုက်ဘိလပ်မြေများထုတ်လုပ်ရောင်းချပေးနိုင်မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြည်တွင်း ဘိလပ်မြေလိုအပ်ချက်များအားဖြည့်ဆည်းပေး နိုင်ရေးဆောင်ရွက်ရန်၊ သင့်တင်မျှတသည့်ဈေးနှုန်းဖြင့် ရောင်းချနိုင်ရေးဆောင်ရွက်ပေး သွားရန်၊ ကုန်ထုတ်စွမ်းအားများ စက်စွမ်းအားအလိုက် စွမ်းအားပြည့်လည်ပတ် ထုတ်လုပ်နိုင်ရေးဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကိုလမ်းညွှန် မှာကြား သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ဘိလပ်မြေစက်ရုံအတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကစက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ စက်ရုံမှတာဝန်ရှိ သူတစ်ဦးက လက်ခံရယူခဲ့ကြောင်းသတင်းရရှိသည်။